Fake Boy

Fake Boy

Share

14/03/2020

ကျွန်တော်တို့လူငယ်တွေဟာမျက်နှာများကြတာမဟုတ်ခဲ့ပါဘူး......
ရှေးရိုးအစဉ်အလာကိုထိန်းသိမ်းခဲ့ချင်းသာဖြစ်ပါတယ်....
ရှေးယခင်ဘုရင်များသည်မိန်းမပေါင်းများစွာကိုလက်ထပ်ခွင့်ရှိခဲ့ပါတယ်.......
ယခုကျွန်တော်တို့သည်....အစဉ်အလာကိုဆက်လက်၍
မိန်းခလေးများကိုတွဲနေခဲ့ချင်းပင်ဖြစ်ပါသည်
👑ဘုရင်နှင့်မိဖုရားမတင်စားခံရသော်လည်း...
လူရှုပ်လူပွေနာမည်တွင်၏......
✖ ✔

17/08/2019

" လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး

လူတော်တော်များများက ပြောတတ်ကြတယ်..
လူတစ်ယောက်အောင်မြင်ပြီဆိုရင်
"သြော် သူကတော့ ကံကောင်းလိုက်တာနော်"တဲ့
သွားပြီ အဲ့စကားထဲမှာ အကုန်ပါသွားပြီ..

'ကံကောင်းလိုက်တာနော်'လို့ ပြောတဲ့သူမှန်သမျှဟာ
သူဘာလို့အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး..
သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို စိတ်မဝင်စားတော့ဘူး..
အဲဒီတော့ ဘာတွေအတုခိုးမလဲ
ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး ။

တို့ဂေါတမဘုရား ကံကောင်းလို့ဘုရားဖြစ်တာမဟုတ်ဘူး..
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ ။

အောင်မြင်သူတွေကို အားကျရင်
နောက်ကြောင်းကို ကြည့်ပါ..
သူဘာတွေလုပ်ခဲ့သလဲ
သူဘယ်လောက်ကြိုးစားခဲ့လဲ ကြည့်ပါ..
ဒါမှ ကိုယ့်အတွက် ပညာဗဟုသုတရမှာပေါ့..
'ကံကောင်းလိုက်တာနော်'ဆိုတော့ လမ်းကဆုံးပြီ ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ကြည့်..
ကံကောင်းလို့ချမ်းသာလာတာ ငါမတွေ့ဖူးဘူး..
ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း ငါမတွေ့ဖူးဘူး..
ဘယ်တန်ခိုးရှင်ကမှ မစတာ မဟုတ်ဘူး..
ကြိုးစားပါ ကိုယ့်ကိုကိုယ်ယုံကြည်ပါ
အဲ့ဒါ တန်ခိုးပဲ ။

' ငါတော့ကံဆိုးလိုက်တာ'ဆိုရင်
အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့
'ငါမဖြစ်နိုင်ပါဘူး'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး..
လုပ်ကြည့်ချင်စိတ်မှ မရှိတာ ။

' ငါ ဖြစ်လောက်ပါတယ်'ဆိုရင်
အဲ့ဒီကောင် တစ်ခါတော့ကြိုးစားကြည့်လိမ့်မယ်
ဖြစ်ဖို့အလားအလာရှိတယ်..

' ငါမဖြစ်သေးတာပါ'ဆိုရင်
အဲ့ဒီကောင် ၂ကြိမ်၃ကြိမ်ကြိုးစားကြည့်လိမ့်မယ်..
ဖြစ်ဖို့နီးစပ်တယ်..

' ငါဖြစ်ကိုဖြစ်ရမယ်'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ..
သူ့မှာ ထပ်တလဲလဲကြိုးစားလိုစိတ် ရှိတယ်
သူ့မှာ အောင်မြင်လိုစိတ်ပြင်းထန်တယ်..

အောင်မြင်ချင်ရင် ဇွဲရှိရမယ်..
ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့သတ္တိ
လဲကျတိုင်းသာကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး..
စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့အခါတိုင်း
"ငါ ငယ်ငယ်က လဲဖူးပါလား ငါပြန်ထလို့
အခုလိုလမ်းလျှောက်တတ်လာတာပါလား" ဆိုပြီး
ကိုယ့်ခွန်အား ကိုယ်ပြန်မွေးပါ

ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့..
ဘာမှမလုပ်ရင် ဘာမှမရဘူး..
လှိုင်းကြောက်ရင် လှေမစီးနဲ့ ကမ်းစပ်မှာပဲထိုင်နေ..

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်..
အလုပ်မရှိရင် စာဖတ်..
ဘဝအတွက် အထောက်အကူအများကြီးရတယ်..

အခွင့်အလမ်းမရှိခင်မှာ
အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေကို
ကိုယ့်ဘက်က အသင့်ပြင်ထား readyလုပ်ထား
မောင်းတင်ထား ဒါအလုပ်ပဲ..

(ဆရာကြီးဦးအောင်သင်း)

ပြန်​လည်​မျှ​ဝေ​ပေးပါသည်

Want your business to be the top-listed Shop in Sagaing?
Click here to claim your Sponsored Listing.

Category

Website

Address


Sagaing