Lily Mart

Lily Mart

Share

Photos from Dr. Kyaw Zaw Hein's post 09/03/2023

-- "ကင်ဆာ ဖြစ်စေနိုင်သော အရာများ ပေါင်းချုပ် (အပိုင်း- ၁)" --
◾️ အစားအသောက်၊ အနေအထိုင်၊
အလုပ်အကိုင်၊ မျိုုးရိုးဗီဇ
စသည့် အကြောင်းအရာအမျိုးမျိုးကြောင့်
ကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။
◾️ သိပ္ပံနည်းကျ တွေ့ရှိထားသော
ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာများကို
သတိပြုမိစေရန် အလို့ငှာ
တစ်စုတစ်စည်းတည်း
စုဆောင်း ရေးသားလိုက်ပါတယ် ခင်ဗျာ…
◾️ အသည်းကင်ဆာ
နံပါတ် (၁)။ အသည်းရောင် ဘီပိုး
နံပါတ် (၂)။ အသည်းရောင် စီပိုး
နံပါတ် (၃)။ အသည်းခြောက် ရောဂါ
နံပါတ် (၄)။ အသည်း အဆီဖုံး
◾️ ပန်ကရိယကင်ဆာ
နံပါတ် (၁)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၂)။ အဝလွန်ခြင်း
နံပါတ် (၃)။ ဆီးချို၊ သွေးချိုရှိခြင်း
◾️ သားအိမ်ခေါင်းကင်ဆာ
နံပါတ် (၁)။ အိပ်ချ်ပီဗီ (HPV) ပိုးရှိခြင်း
နံပါတ် (၂)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၃)။ အသက်ငယ်ရွယ်စဥ် -င်ဆက်ဆံခြင်း (အသက် ၁၈ နှစ်အောက်)
.
◾️ ဆီးကျိတ်ကင်ဆာ (အမျိုးသား)
နံပါတ် (၁)။ မျိုးရိုး ရှိခြင်း
နံပါတ် (၂)။ ဘီအာစီအေ (BRCA1 or BRCA2) ဗီဇ ပြောင်းလဲမှု ရှိခြင်း
နံပါတ် (၃)။ လင့်ချ် (Lynch syndrome) ခေါ် ရောဂါရှိခြင်း
◾️ အစာအိမ်ကင်ဆာ
နံပါတ် (၁)။ အိပ်ချ် ပိုင်လိုရီပိုး (H. pylori) ရှိခြင်း
နံပါတ် (၂)။ အဝလွန်ခြင်း
နံပါတ် (၃)။ ကြာရှည်ခံအောင် ဆားနယ်ထားသော အသားများ
နံပါတ် (၄)။ အရက်သောက်များခြင်း (ဥပမာ - တစ်ရက်ကို ဘီယာ ၃ ဗူး ထက်ပိုသောက်ခြင်း)
◾️ အဆုတ်ကင်ဆာ
နံပါတ် (၁)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၂)။ ဆေးလိပ် ငွေ့ရှူမိခြင်း (ကိုယ်တိုင်ဆေးလိပ်မသောက်သူများ)
နံပါတ် (၃)။ ကျောက်ဂွမ်းမှုန့်များ
နံပါတ် (၄)။ အာစင်နစ်များသော ရေသောက်ခြင်း
မှတ်ချက်၊
အထက်ပါ အကြောင်းအရာထဲမှ
တစုံတခု မိမိမှာရှိခဲ့လျှင်
ကင်ဆာ သေချာပေါက်ဖြစ်မည်ဟု မဆိုလိုပါ။
ကင်ဆာဖြစ်နိုင်ခြေ ပိုများသော
အမူအကျင့်များအဖြစ်သာ
ဆေးသိပ္ပံတွေ့ရှိချက်များမှာ ဖော်ပြထားပါတယ် ခင်ဗျာ …
လေးစားစွာဖြင့်...
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)

ကျွန်တော့် YouTube အကောင့်မှာလဲ ကျန်းမာရေးဗီဒီယိုများ စတင်ပါမယ် ခင်ဗျာ . ✅
လင့်ခ် : https://www.youtube.com/.KyawZawHein

REF: American Cancer Society. International Agency for Research on Cancer

Photos from Ensure Myanmar's post 07/03/2023

Ensure Gold vanilla ဘူးသေးလေးတွေ ဆိုင်မှာရောက်ပါတယ်ရှင် 🥛🥛🥛

Want your business to be the top-listed Grocery Store in Sagaing?
Click here to claim your Sponsored Listing.

Website

Address


Nearby MoneYwar-Mandalay Main Road,Ywar Htaung Quarter, Sagaing.
Sagaing