Genius Stars Preschool & Language Center
12/06/2026
မူကြိုထားသည့် မိဘများသိရှိစေရန်။
-ကျွန်မတို့ မူကြိုဆရာမများဟာ ဖေဖေမေမေ သားသမီးများရဲ့ Early years development အတွက်train ပေးသူများသာဖြစ်ပါတယ်။ (ကလေးထိန်းများမဟုတ်ပါရှင့်။) ဒီအချက်ကို သေချာနားလည်ထားပြီး ကိုယ်ပို့မယ့်ကျောင်းရဲ့ ဆရာ၊ဆရာမတွေကို ယုံကြည်မှုရှိဖို့၊ လေးစားမှုရှိပေးဖို့ အရင်လိုပါတယ်ရှင့်။
-မိဘရင်ခွင်ကနေ စတင်ခွဲခွါပြီး
မူကြိုဆိုတဲ့ နေရာသစ်တစ်ခုကို ရောက်လာကြတဲ့ ကလေးတွေဟာ ကျောင်းနဲ့အသားကျမှု ပုံစံတွေဟာ မတူကြပါဘူး။ အချို့က စလာကတည်းက ငိုတယ်၊ အချို့က စလာတဲ့နေ့အကောင်း နောက်ရက်မှ ထငိုတတ်တယ်၊ အချို့က စလာတဲ့ရက်ကတည်းက အဆင်ပြေချောမွေ့နေတတ်ပါတယ်။ ကျွန်မ မူကြိုလာအပ်တဲ့မိဘတိုင်းကို အမြဲပြောတဲ့စကားရှိပါတယ်။ ကလေးက လာအပ်တဲ့နေ့ မပြန်ချင်တော့ဘူးပြောလည်း တကယ်လာတဲ့နေ့ ငိုမှာပါနော် သေချာပေါက်ငိုကိုငိုမှာရယ်ဆိုပြီး အမြဲပြောပါတယ်။ ငိုလို့ မပို့ရင် ကျောင်းနဲ့ အသားကျဖို့ ပိုခက်ပါတယ်။ ကျောင်းမှန်မှန်သာပို့ပေးပါ ကလေးပျော်ဖို့ ကျွန်မတို့က တာဝန်ယူပေးနိုင်ပါတယ်။
-ကျောင်းလာချိန် ငိုနေတာဟာလည်း ဆရာမကိုကြောက်လို့၊ အခြားကလေးတွေက အနိုင်ကျင့်နေလို့ ကလေးမပျော်ခြင်း ဖြစ်မယ်လို့ တသမတ်တည်းတွက်မထားပါနဲ့ရှင့်။ ကလေးတွေဟာ ကျောင်းမလိုက်ချင်လို့ စိတ်ကူးဖန်တီးပြောဆိုမှုတွေ လုပ်တတ်ကြတာ သဘာဝပါ။ ဒါတွေကို ကျော်လွှားပြီး ကျောင်းကိုဘဲ မှန်မှန်ပို့ပေးခဲ့တဲ့ ရှေ့စီနီယာကလေးမေမေတွေ အခု အဆင်ပြေ မပြေဘဲ မေးကြည့်ပါ။ ကျွန်မက ရှင်းပြနေရတာထက် လက်တွေ့ပြရတာ ပိုကြိုက်တဲ့သူမို့ပါ။
-အချို့ကျ မူကြိုကလေးကို စာမသင်လို့တဲ့ စာမရလို့တဲ့ ပြောကြပြန်ပါတယ်။ ကျွန်မကျောင်းက မူကြို ဘာတွေသင်လဲမေးရင် စာသင်တဲ့ကျောင်းမဟုတ်ဘူးဘဲ အမြဲဖြေပါတယ်။ စာမသင်လို့ ကလေးထိန်းကျောင်းတော့ လုံးဝမဟုတ်ပါဘူးနော်။ ကျွန်မကလေးတွေ အပြုအမူ၊ အတွေးအခေါ်၊ စည်းကမ်းပိုင်း၊ သူ့အသက်အရွယ်အလျောက်သိသင့်တဲ့ စာပေ၊ ဖွံဖြိုးမှု၊ အထွေထွေဗဟုသုတ၊ ကိုယ်ကျင့်တရား၊ ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ဒါတွေကို ကျွန်မတို့အနေနဲ့ အဓိကထား train ပေးပါတယ်။ ကျွန်မတို့ နေ့စဉ်လုပ်နေတဲ့ activities တွေဟာ အလကားသပ်သပ် ဆော့နေတာတွေ မဟုတ်ပါဘူး။ ဒီ activity တစ်ခု၊ ဒီ game တစ်ခုရဲ့ နောက်ကွယ်မှာ ကလေးတွေ ဘာတွေ developed ဖြစ်နိုင်လဲ၊ ဘာတွေ အကျိုးရနိုင်လဲကိုအရင် စဉ်းစားပြီးမှ ကျွန်မတို့ ဒီ game တွေကို ဆော့ခိုင်းတာဖြစ်ပါတယ်။ ကလေးတစ်ဦးနဲ့တစ်ဦး အသက်အရွယ်တူပေမယ့် ဖွံ့ ဖြိုးမှုခြင်း မတူညီနိုင်သည်ကို သတိပြုထားရပါမယ်။ အခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ကျွန်မအမြဲပြောလေ့ရှိသလို Every Child is Special ပါ။ ပန်းတိုင်း သူ့အဆင်းနဲ့သူ လှကြပါတယ်နော်။
-နောက်တစ်ချက်က ကလေးကို စည်းကမ်းရှိသူဖြစ်စေချင်လျှင် မိဘကိုယ်တိုင် စည်းကမ်းရှိပေးပါရှင်။ ကျောင်းကို အချိန်မှန်ပို့ပေးဖို့ (ဒီနေရာမှာ ကျောင်းစောပို့တာ နောက်ကျမှလာကြိုတာတွေလည်း တစ်ခါထဲ ပြောပါ့မယ်ရှင့်) အချို့ရက်တွေမှာ မအားလို့ အခြေအနေအရ စောပို့တာ နောက်ကျမှ လာကြိုတာတွေဟာ ကျွန်မတို့အနေနဲ့ လူမှုရေးအရ လက်ခံတာဝန်ယူပေးလို့ရပါတယ်။ ကျွန်မတို့အနေနဲ့လည်း လူသားတွေဘဲမို့ တာဝန်ချိန်၊ နားချိန်တွေ ရှိပါတယ်ရှင့်။ ကျွန်မတို့ဟာ သက်ရှိလူသားကိုမှ မသိတတ်သေးတဲ့ အရွယ်လေးကို train ပေးနေရတာမို့ စိတ်ရော ကိုယ်ရော မျက်စိရော တစ်ကိုယ်လုံး စိတ်နှစ်လုပ်ရပါတယ်။ ကျွန်မတို့ သတိတစ်ချက်လွတ်လိုက်တာနဲ့ တစ်ခုခုဖြစ်သွားခဲ့ရင် ပြန်လျော်လို့ရတဲ့ သက်မဲ့ပစ္စည်းတွေမဟုတ်တာကြောင့် ကလေးတစ်ယောက်စရောက်ပါပြီဆိုကတည်းက ဒီကလေးကို မျက်ခြေမပျက်စောင့်ကြည့်ပေးရပါတယ်။ ကျွန်မတို့ဆရာမတွေအနေနဲ့ ကလေးတွေမရောက်ခင်ကတည်းက သူတို့တာဝန်တွေ လုပ်ရတာမျိုးရှိတဲ့အတွက် ကလေးစောပို့ရင် အာရုံသိပ်များရပါတယ်။ တစ်ရက်တလေကို ကျွန်မနားလည်နိုင်ပေမယ့် နေ့စဉ်နဲ့အမျှဆိုရင်တော့ ကျွန်မတို့ဘက်ကိုလည်း စာနာမှုရှိစေချင်ပါတယ်)၊
-ပြီးတော့ စည်းကမ်းအရ ကျောင်း uniform ဝတ်ဖို့ သတ်မှတ်ထားတယ်၊ အဆင်ပြေရာဝတ်ပေးကြတယ်၊ တစ်ရက်တလေ နားလည်ပေးနိုင်ပေမယ့် နေ့စဉ်ရက်ဆက်လုပ်တာကတော့ ကိုယ့်ကလေးထားတဲ့ကျောင်းကို မလေးစားရာရောက်ပါတယ်။ အချို့ကလေးတွေက ယူနီဖောင်းမဝတ်ချင်လို့ တစ်ခါတရံ ငိုတတ်ပါတယ်။ ယူနီဖောင်းမြင်ရင်လွှင့်ပစ်တတ်တဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျောင်းလွယ်အိတ်ထဲမှာ ထည့်ပေးပါ။ ဆရာမတွေလဲပေးဖို့ မှာပါ။ သို့မှသာ ကျောင်းဝတ်စုံသည် ကျောင်းသို့လာရာတွင် မဖြစ်မနေ ဝတ်ဆင်ရသည်ကို သိရှိပြီး ကျောင်းစည်းကမ်းဆိုသည့်အရာကို ကလေးငယ်လေးတွေ စတင်သဘောပေါက်လာမှာဖြစ်ပါတယ်။ စည်းကမ်းအစ စာသင်ကျောင်းကဆိုသလို စည်းကမ်းတွေသတ်မှတ်ထားတာ အမေတွေကိုယ်တိုင်မလိုက်နာနိုင်လျှင်တော့ ကလေးတွေ စည်းကမ်းရှိဖို့ ကျွန်မတို့ သင်ရအတော်ခက်ပါတယ်ရှင့်။
-ပြီးတော့ နံနက်စာကို အိမ်မှာသာ ကျွေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ အနေနဲ့ တစ်ခါတရံ ကျွေးပေးရတာ အဆင်ပြေပါတယ်။ ကျွန်မတို့က ကလေးအများကို train ပေး ကြည့်ပေးရတဲ့ ကျောင်းဖြစ်ပါတယ်။ ကလေးကကျောင်းလာလို့ မနက်စာကျွေးရရင် ကျွန်မတို့ ကျောင်းစည်းကမ်းအရ စာသင်ခန်းထဲ မုန့်၊ ထမင်း မကျွေးတာမို့ အပြင်မှာ ဆရာမတစ်ယောက်အမြဲစောင့်နေပေးရပါတယ်။ မနက်ခင်းမှာ ကလေးကြို၊ အတန်းကြည့် စတဲ့ တာဝန်တွေ သူ့တာဝန်အလိုက်ခွဲဝေပေးထားတာမို့ ဒီကလေးတစ်ယောက်ကို ကြည့်ပေးရချိန်မှာ တစ်ခါတရံ ဂျူတီတွေက ကမောက်ကမဖြစ်ရပါတယ်။ ပြီးတော့ morning routine မှာ child led play time ရှိတာမို့ ကလေးတွေဟာ သူတို့စိတ်ကြိုက်ကစားချိန်ဟာ ဒီမုန့်ကျွေးရင်း ကုန်ဆုံးလိုက်ရရင် ကလေးအတွက် နစ်နာပါတယ်ရှင်။
-ထမင်းချိုင့်တွေမှာ ထမင်းမကုန်လို့၊ ထမင်းကို ကလေးစားနိုင်သလောက်သာကျွေးပေးပါ ဒါတွေဟာ ကျွန်မတို့ မူကြိုဆရာမတွေ အမြဲ ပြန်ကြားရတဲ့ စကားတွေပါ။ ကျွန်မဆရာမလေးတွေကို ကလေးတွေကို အသီးအရွက်တွေ သေချာကျွေးပေးဖို့၊ ထမင်းနည်းနည်းပါတဲ့ကလေးဆို ကုန်အောင်သေချာကျွေးပေးဖို့ များပါတဲ့ကလေးဆို ကလေးစားနိုင်ရုံ ပမာဏသာ ကျွေးပေးဖို့ မှာထားသလို ထမင်းစားချိန်မှာ ကျွန်မကိုယ်တိုင်လည်း လိုက်ကြည့်ပါတယ်။ မိဘတွေဟာ ကိုယ့်ကလေးစားနိုင်တဲ့ ပမာဏကို အသိဆုံးမို့ ထမင်းကို စားနိုင်သလောက်ပမာဏသာ ထည့်ပေးကြပါရှင်။ အချို့မိဘတွေက အများကြီးထည့်ပေးပြီး မစားချင်တော့ရင် ချန်ခဲ့ဖို့ ပြောကြပါတယ်။ ဒီအခါ ကလေးက ၂ လုပ် လောက်စားပြီး မစားနိုင်တော့ဘူး ပြောပြီး ငိုကြတဲ့ကလေးမျိုးတွေလည်း ကြုံရပါတယ်။ ဒီလိုဆို မိဘတွေ မှာသလို ၂ လုပ်စားပြီး မစားနိုင်ရင် မစားနဲ့တော့ဆို ကျွန်မတို့ ဆရာမတွေအနေနဲ့ ချိုင့်သိမ်းပေးလိုက်လို့ အဆင်မပြေနိုင်ပါဘူးရှင်။ (နေမကောင်းလို့မစားနိုင်တာမျိုးဆို ဇွတ်မကျွေးဖို့လည်း မှာထားပါတယ်)
-နောက်တစ်ချက်အနေနဲ့ နေ့စဉ်ထည့်ပေးနေကျ ခြင်း၊ရေဘူး၊ထမင်းချိုင့် စတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည်း သေချာလေးဆေးကြောပေးဖို့ လိုအပ်ပါတယ်ရှင့်။ ကျွန်မတို့စီမှာထားတဲ့ သွားတိုက်ဆေး၊သွားတိုက်တံတွေကို အပတ်စဉ် ရေနွေးနဲ့ သေချာပြန်ဆေးကြောပေးပါတယ်။ ခေါင်းအုံးအဖုံးတွေ နှစ်ပတ်တစ်ကြိမ် လျှော်ပေးပါတယ်။ ဒီနေရာမှာ ခေါင်းအုံးတွေဟာလည်း random အဆင်ပြေသလိုထားတာ မဟုတ်ပါဘူး သူ့ခေါင်းအုံးနဲ့သူ နာမည်တွေ ကပ်ထားပြီးမှ သူ့အိပ်ရာနဲ့သူ အိပ်စေတာ ဖြစ်ပါတယ်ရှင့်။ နေ့လယ်ကလေးတွေအိပ်သွားရင် ရေဘူးတွေ ရေဘူးဆေးတံနဲ့ သေချာဆေးပေးပြီး ရေပြန်ဖြည့်ပေးရပါတယ်။ ဒါတွေဟာ ကျွန်မတို့က ကလေးရဲ့ Early Development ကို ဘယ်အကြောင်းကြောင့်မှ နှောင့်နှေးတာ မဖြစ်စေချင်တဲ့အတွက် ကိုယ့်စေတနာနဲ့ အစစ်အမှန်နဲ့ အမြဲလုပ်ပေးတဲ့အရာတွေပါ။
-နောက်ပြီး ကလေးတစ်ယောက်ထဲသာထိန်းရတဲ့ မေမေတို့ရဲ့ အိမ်မှာတောင် ကလေးက မတော်တဆ ထိခိုက်တာ ရှိတာဘဲမို့ ကလေးအများကို ပြုစုပျိုးထောင်ပေးရတဲ့ ကျွန်မတို့ကျောင်းမှာလည်း ရံဖန်ရံခါ ထိခိုက်မှုလေးတွေရှိတတ်တာတော့ နားလည်ပေးစေချင်ပါတယ်ရှင့်။ ဒီလိုမတော်တဆမှုတွေ၊ ခနခနဖြစ်တယ်ဆို ကျွန်မကျောင်းမှာ တာဝန်ရှိပါတယ်။ ရံဖန်ရံခါကိုတော့ မိဘများအနေနဲ့ နားလည်ပေးဖို့လိုပါတယ်။ ဒါတောင် ကျွန်မတို့ကျောင်းမှာ ဆရာမလေးတွေကို သေချာစောင့်ကြည့်ဖို့အတွက် ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး စည်းကမ်းတင်းကျပ်ထားပါတယ်။ ကလေးတွေမှာ ဒီလို စည်းကမ်းမရှိ သူများအနိုင်ကျင့်တဲ့ အပြုအမူမျိုးတွေ မြင်ရရင်လည်း ကျွန်မက strict ဖြစ်ပါတယ်ရှင့်။ ကျောင်းစဖွင့်တဲ့ အပတ်တွေမှာ School Rules တွေကို သေချာပြောပြသင်ပေးထားတာမို့ Rule ဖောက်ရင်တော့ ကျွန်မက စည်းကမ်းကြီးသလို အဲ့အပြုအမူတွေ လက်မခံပါဘူးရှင့်။
-Game တွေ Activities တွေမှာ ကလေးတိုင်းပါဝင်ခွင့်ရှိမှုကို ကျွန်မတို့ အရမ်းအလေးထားပါတယ်။ တစ်ခါတရံ ကလေးက မလုပ်ချင်လို့ ဇွတ်အတင်း မလုပ်ခိုင်းတာဖြစ်စေ၊ အချိန်အကန့်အသတ် ဥပမာ ကျောင်းဆင်းချိန် ထမင်းစားရတော့မယ့်အချိန်မျိုးဖြစ်စေ (ဒါကလည်း အတော်ရှားပါတယ်) အဲလိုအခြေအနေမှသာ ကလေးမပါဝင်လိုက်ရတာမျိုးရှိတာပါ။ social media မှာvideo တွေတင်တဲ့အခါ အရမ်းရှည်တဲ့ video တွေဆို post မတက်တဲ့အတွက် တစ်ခါတလေ autocut သုံးပြီးတင်ရတာကြောင့် တစ်ခါတလေ ကလေးကုန်မပါဘဲ အပိုင်းတိုလေးတွေ ဖြစ်သွားရတာဖြစ်ပါတယ်ရှင့်။
-အစကောင်းမှ အနှောင်းသေချာဆိုသလို ဒီအခြေခံအုတ်မြစ်ကတည်းက သေချာလေး ပြုစုပျိုးထောင်ပေးမှသာ ဖေဖေမေမေဘိုးဘိုးဘွားဘွားတွေ ဖြစ်စေချင်တဲ့ လူတော်လူကောင်းလေးတွေဖြစ်လာမှာမို့ ဒီကလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ဆရာမတွေ အပေါ်မှာ ယုံကြည်မှုရှိပါ။ လေးစားမှုရှိပါ၊ ပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်ရှင့်။
ချစ်တဲ့
တီချယ်စန္ဒာ
BA(Hons), MA (Eng)
Dip in Eng (MUFL)
TKT, TKT(CLIL) (Cambridge Assessment)
ECCD (Social Welfare)
Dip in Child Psychology (UK)
Dip in Montessori Education (Lincoln University) (on going)
15/03/2026
ယနေ့ခေတ် ကလေးများနှင့် ပညာရေး
ယနေ့ခေတ်ဟာဆိုရင်ဖြင့် ပညာရယူနိုင်တဲ့ platform တွေ အများကြီးရှိလာပါတယ်။ ပညာကိုငွေနဲ့ ဝယ်ယူနေရသေးတယ် ဆိုပေ
မယ့် လိုချင်စိတ်၊ သင်ယူချင်စိတ်ရှိတဲ့ကလေးတွေအတွက်တော့ သင်ယူစရာနေရာတွေအများကြီးရှိလာပါတယ်။ ကျွန်မတို့
ငယ်ငယ်က နွေပိတ်ရက်ဟာ လွတ်လပ်ရေးအပြည့်အဝရခဲ့ကြပါတယ်။ တက်စရာ ထားစရာ သင်တန်းရယ်လို့လည်း များများစားစားမရှိသလို ခေတ်လည်းမစားပါဘူး။ ဒီနေ့ ခေတ်ကလေးတွေမှာတော့ နွေမှာ တက်စရာသင်တန်းတွေများလွန်းလို့ အချိန်တောင် မနည်း လုနေကြရတဲ့ အနေအထားပါ။ အဲဒါကြောင့်လည်း ဒီနေ့ခေတ်ကလေးတွေဟာ အရမ်းတော်ကြပါတယ်။ စာသင်နေတဲ့ ကျွန်မအနေနဲ့ အရမ်းလိုချင် သိချင် တတ်ချင်ပြီး
လိုက်မှတ်တဲ့ ကလေးတွေကို သင်ကြားပြသပေးရတဲ့အခါ အားရဝမ်းသာ ပီတိဖြစ်ရသလို မိဘထားလို့သာ သင်တန်းစုံ လိုက်တက်နေရပေမယ့် သင်ယူချင်စိတ် မှတ်လိုစိတ် လိုချင်
စိတ် စိုးစဉ်းမှမရှိတဲ့ ကလေးတွေလည်း ဒုနဲ့ဒေး စိတ်မကောင်းဖွယ် ရင်လေးဖွယ် တွေ့ရ ပြန်ပါတယ်။ မိဘတွေအနေနဲ့ မိမိရဲ့ သားသမီးအခြေအနေအစစ်အမှန်ကို သိအောင်သေချာလုပ်ပြီး ကြပ်မတ်သင့်က ကြပ်ကြပ်မတ်မတ်လုပ်ဖို့ရာ အချိန်မနှောင်းဖို့တော့ လိုနေပါတယ်။ ပညာရေးဟာ အမှီလိုက်နိုင်မှသာ တော်ကာကြမယ့်ခေတ်ပါ။ အားချိန်မရှိ သင်တန်းစုံ ပတ်တက်ခိုင်းထားတိုင်း လိုက်နိုင်နေတယ် တော်နေတယ်ဆို လွှတ်ထားလို့မရပါဘူး။ အခြေခံအတန်းတွေမှာ အခြေခံပါမလာ၊ အခြေခံပါမလာတော့ စာမလုပ်ချင်၊ မှတ်တတ်တဲ့ အကျင့်ဆိုတာမရှိ၊ အချိန်ကုန်ငွေကုန်ရုံအပြင် ဘာမှ ပိုတတ်မလာ နောက်ဆုံး သင်တဲ့ဆရာတွေ အဆင်မပြေလို့ဆိုတာမျိုးတွေလွှဲချ သံသရာလည်နေပြီး ဟိုရောက် ဒီရောက် မျောက်သစ်ကိုင်းလွတ်ဖြစ်ရမယ့် အခြေအနေမျိုးပါ။ အဆိုးဆုံးကတော့ screen time တွေ အကန့်အသတ်မဲ့ပေးသုံး မိဘတွေကလည်း ပြောမရတော့ လွှတ်ထား၊ ရလဒ်ကတော့ ဘယ်လို သင်သင် ဘယ်လိုပြောပြော နားမလည် မမှတ်နိုင် မှတ်ရကောင်းမှန်းမသိဘဲ သိသင့်တဲ့ အခြေခံအကြောင်းတရားတွေကို မသိတော့ဘဲ အခြေခံပါမလာတဲ့ ကလေးလေးတွေ ဖြစ်လာပါတော့တယ်။ ကျောင်းတွေမှာ ဝင်ခွင့် စနစ်ကျင့်သုံးတာ အလကားမဟုတ်ပါဘူး။ အသက်တူတိုင်း level မတူပါဘူး။ level မမျှတဲ့ ကလေးတွေတစ်တန်းတည်း သင်ရတဲ့ အခါ သင်ခန်းစာရှေ့ရောက်သင့် သလောက် မရောက်တာ ပြီးသင့်သလောက် မပြီးတာမျိုးတွေ မဖြစ်ရအောင်ပါ။ Mixed level တွေ ညှိသင်နိုင်ရမှာ ဆရာမတွေ အရည်အချင်းတစ်ရပ်ဆိုပေမယ့် အရမ်းကွာတဲ့ ကလေးတွေကို သင်ရတဲ့အခါ တကယ်ဒုက္ခရောက်ပါတယ်။ ကျွန်မကတော့ level မတူတာလက်ခံနိုင်ပါတယ်။ လိုချင်စိတ် သင်ယူလိုစိတ်မရှိသူတွေနဲ့ ကြုံရရင်တော့ အရမ်းစိတ်ညစ်မိပါတယ်။ ကလေးတစ်ယောက် ပညာရေးကောင်းဖို့ဆိုတာ ဆရာတစ်ယောက်တည်းနဲ့ ပြောင်းလဲလို့မရပါဘူး။ အဓိက ကျောင်းသားပါ။ ဘေးက မိဘ ဆရာက ပံ့ပိုးထိန်းညှိပေးမှရမှာပါ။ အမြဲပြောသလို ကျောင်းသား၊ မိဘ၊ ဆရာ Triangle လေး ညီနေမှ ရမှာပါ။ ပွင့်သောပန်းတိုင်းလန်းစေချင်တဲ့ စိတ်နဲ့ ဒီဆရာမက မနေနိုင် အမုန်းခံ ရေးမိပြန်ပါတယ်။ မိဘတွေ သတိထားမိနိုင်ကြပါစေ။
ချစ်တဲ့
Tr Sandar
B.A. Hons:, M.A. (Eng)
Dip in Eng (MUFL)
TKT, TKT (CLIL,YL)
ECCD (Social Welfare)
Dip in Child Psychology (UK)
Dip in Montessori Education (Lincoln University)
12/03/2026
ကျောင်းဆင်းပွဲ photo များ လာရောက်ယူနိုင်ပါပြီရှင့်
TikTok · Genius Stars Preschool Check out Genius Stars Preschool’s video.
17/02/2026
2025-2026 Year End Ceremony!
ဂျင်းဘောင်းဘီ
TikTok · Genius Stars Preschool Check out Genius Stars Preschool’s video.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sagaing
02371