Acheik InStyle
30/09/2022
Acheik InStyle ကနေ ချစ်ရတဲ့ မိတ်ဟောင်း၊ မိတ်သစ် တွေအတွက် လှပပီး မြင်လိုက်တာနဲ့ စိတ်အစဉ်ကို ကြည်နူးစေမဲ့ အရောင်လေးတွေနဲ့ အဆင်ဒီဇိုင်းအထည်အသစ်လေးတွေက ရှေးမူလဲမပျက်သလို ခေတ်နဲ့လဲအပြိုင် တင့်တယ်လှပနေဖို့ အမြဲမပြတ်ကြိုးစားရက်လုပ်ပေးနေပါတယ်ရှင်။
အမြဲကျော့ရှင်းပီး တင့်တယ်လှပနေဖို့ကို team က အလှဆင်ပေးပါရစေနော် ❤️
ချစ်တဲ့
Acheik InStyle team
08/12/2021
Edit: Sold out!
မြန်မာ့လက်မှု ယက္ကန်းလက်ရာကို အမြတ်တနိုး ဝယ်ယူအားပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 🙏🥰
ပိုးစစ်လွန်းရာကျော်အချိတ်
Acheik InStyle မှ “pastel color” ပင်လယ်ရေအရောင်ဆန်ဆန်လေးကို အောက်ခံထားပြီး မြေအရောင်ခံ လေးတွေနဲ့ အရောင်လေးကို ဖန်တီးထားတာလေးပါ။ ဒီပိုးစစ်လွန်းရာကျော်အချိတ်လေးကို မြင်လိုက်ရုံနဲ့ နူးညံ့သိမ်မွေ့ပီး တကယ့်ကို ယဉ်ယဉ်လေး လှနေမဲ့ အရောင်အဆင်လေးပါရှင်။
Acheik InStyle unveils the pastel colors, sea green, and earth tone color palettes, playing over the Silk Lun Yar Kyaw Acheik Htamain (Longgyi) for you, beautiful. By just glancing, you would instantly feel your elegancy.
Style Number: 21002
25/11/2021
The aesthetic of Weaving Craft
ကျွန်မတို့ မြန်မာနိုင်ငံဟာ မတူကွဲများတဲ့ မျိုးနွယ်စုငယ်များစွာ အတူစုပေါင်းနေထိုင်ကြပီး မျိုးနွယ်စုတိုင်းဆီမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု လက်မှုပညာနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ရှိကြပါတယ်။ ရက်ကန်းရက်လုပ်တဲ့ အလုပ်ကို အမျိုးသမီး ရော အမျိုးသားပါ ရက်လုပ်ကြပေမဲ့ များသောအားဖြင့် အမျိုးသမီးငယ်များရဲ့ အဓိက အိမ်တွင်းမှုအလုပ်အဖြစ်သာ လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ ရက်ကန်းအတတ်ပညာကို ၁၂နှစ်၊ ၁၃နှစ် အရွယ်လောက်မှာပင် မိရိုးဖလာ အိမ်တွင်းမှု လုပ်ငန်းအဖြစ် လက်ဆင့်ကမ်း သင်ကြားပေးလေ့ရှိကြပီး ဒီလို လက်ဆင့်ကမ်း သင်ကြားပေးခြင်းဖြင့် မြန်မာ့ရိုးရာ အသက်မွေးမှု လက်မှုအနုပညာ ကို အစဉ်မပျက် ယနေ့အထိ ထိမ်းသိမ်းလာခဲ့ကြတာပါ။
Our country, Myanmar is a large country filled with different ethnic minorities; each with their own handed handicrafts and traditions. Though weaving is able to be done by men and women, young ladies and mid-aged women mostly do the weaving. Thus, weaving became the main local simple style weaving business. Around 12 or 13 years old girls started learning; handed by elders to know how to weave and well handed playing looms through. This traditional weaving business is one of the long traditions by keeping such hands-on teaching each other.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sagaing