Black Falcon Guerrilla Forces

Black Falcon Guerrilla Forces

Share

08/02/2026

တိုက်ပွဲသတင်းထုတ်ပြန်​ကြော်ငြာချက်
--------------------------------
နမခ အနီး တိုက်ပွဲတွင် ၂ ပွင့်ဗိုလ်တစ်ဦး​သေဆုံးပြီး ဒုတပ်ကြပ်တစ်ဦးဒဏ်ရာအပြင်းထန်ရရှိ ​​စစ်​ခွေး ၉ ​​ကောင်​သေဆုံး၍ ၁၀​ယောက်​​ကျော် ထိမှန်ဒဏ်ရာများရကာ ​သေနတ် ၂လက်သိမ်းဆည်းရရှိ

2026.2.5 ရက်​​နေ့ နံနက် ၇ နာရီ​ကျော်တွင် မုံရွာမြို့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်အနီး မင်းတဲရွာ ​​ဘုန်းကြီး​ကျောင်းအတွင်း အထိုင်ချ တပ်ဆွဲထား​တဲ့ အင်အား ၂၅ ဦးရှိကာကင်းစခန်းမှ ဆက်​ကြေး​ကောက် ဓါးပြတိုက်အနိုင်ကျင့်ရန်ထွက်လာ​​သော စစ်​ခွေးအင်အား ၂၀ ​ကျော်ခန့်ပါ​ ပုစဥ်း​ခေါင်း​ ထော်လာဂျီအင်အားပြည့်တစ်စီးနှင့် ကင်း​​​ထောက် ဆိုင်ကယ် နှစ်စီး အား မင်းတဲနှင့် သ​ပြေ​တော ​ဖောက်လမ်း​ပေါ် နမခ နှင့် ( ၁ ) မိုင်​ကျော်ခန့်သာ​​ဝေးတဲ့ ​နေရာမှကင်းဝပ် ​စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ​​​ ၂ပွင့် ဗိုလ်တစ်ဦးနှင့်ရှေ့​ပြေးဆိုင်ကယ် အဖြစ်မောင်းနှင်လာတဲ့ ​ခွေး၂​ကောင်နေရာမှာတင်​သေဆုံးပြီး ​​ထော်လာ ဂျီ​​ပေါ်ပါလာတဲ့ ​ခွေးနှင့်ပျု ၄​ ကောင်ထပ်မံ​သေဆုံးကာ၁၀​ယောက်​ကျော်ထိခိုက်ဒဏ်ရာကာ MA-1 ​သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ပြီး​ နမခ နှင့် ​ကျောက်စစ်ပုံ (၅၀၈) အ​​မြှောက်တပ်ရင်းမှ လက်နက်ကြီးပစ်ကူများနှင့် နမခအတွင်းမှ အင်အား ၂၀၀ နှင့် တင့်ကား ၁ စီးအပါအဝင်
ပွုင့် 5 ​ပါ သံပြားကာကား ၃စီးဖြင့် သ​ပြေ​တော​ဖောက်လမ်းအတိုင်း စစ်ကူတက်လာပြီးအ​ရေး​ပေါ်ကားနှစ်စီးနှင့် BD များလာ​ကောက်၍ နမခ စစ်​ဆေးရုံသို့ပို့​ဆောင်ခဲ့ရာ​ ဆေးရုံအ​ရောက် ၂​ ကောင်​​ထပ်မံသေဆုံးပြီး ဒုတပ်ကြပ်ကြီး တစ်
ဦး ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးအ​ရေး​ပေါ်​ဆေးရုံတင်ထားရ​ကြောင်းနှင့် ယခုအချိန် ထိသတိမလည်​သေး​​ဘဲ ​ အဆိုပါ တပ်ကြပ်ကြီးပါ ကျဆုံးမည်ဆိုပါက အနီးနား​ကျေးရွာမှ ရွာသား ၁၀ ​ယောက်​ကို သတ်ဖြတ်ပစ်မည်ဟု ချိန်းခြောက်​နေ​ပြီး နမခ တပ်တွင်းမှာလည်းစစ်ကိုင်း တပ်မ (၃၃)မှ စစ်​ခွေးများတာဝန်ယူ​စောင့်ကြည့်​နေပြီး လုံခြုံ​ရေးများ အထူးတိုးမြင့်ထားကာ အခင်းဖြစ်ပွားရာ​အနီးမှ ​ကျေးရွာ၂ရွာကို ​ခွေးအင်အား အများအပြားဖြင့် ပတ်ပက်လည် လုံခြုံ​ရေးများချထားပြီး ​ကျေးရွာအတွင်းမှ လူငယ်များ​ကို တစ်အိမ်တစ်​ယောက်နှုန်း​ခေါ်ယူ စစ်​ဆေး​ ရိုက်နှိက်​​​နေ​​ကြောင်းနှင့်​ကျေးရွာအတွင်းမှ လူများကိုလည်း ရွာအပြင်အထွက်မခံဘဲ အပြင်လူလည်းရွာထဲအဝင်မခံဘူးလို့ သိရပါတယ် လက်ရှိမှာတခြားထိမှန်ထားတဲ့​ခွေးများပါ သေဖို့ရာခိုင်နှုန်းများ​နေပြီးနမခ တပ်အတွင်းမှာ သတင်းများကို ဖုံးဖိ​နေ​ကြောင်းသိရပါတယ် ယခုတိုက်ခိုက်မူအား Black Falcon တပ်ဖွဲ့နှင့် ပြည်သူ့လွှတ်​မြှောက်​ရေးတပ်မ​တော် PLA ၊ မုံရွာခရိုင်အမှတ် (၂၄) တပ်ရင်း တပ်ခွဲ (၃) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) - SRA တပ်ပေါင်းစုအဖွဲ့၀င် ၊ တိုက်နယ် ၅ ပလဖ ၊ က​နောင်မင်း သားကြီး တပ်ဖွဲ့ ၊ ​​သွေး​​သောက်ညီကို တပ်ဖွဲ့ ၊Three Star တပ်ဖွဲ့ နှင့် နယ်​မြေခံ အ​မေ့သားတပ်ဖွဲ့တို့မှ ပူ​ပေါင်းလုပ်​ဆောင်ခဲ့ကာ မိမိတို့ဖက်မှ​တော်လှန်​ရေးရဲ​ဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည် ။


#စစ်အာဏာရှင်စနစ်မုချကျရူံးရမည်
#ဆက်လက်ကြိုးစားလျှက်ပါ

Want your organization to be the top-listed Government Service in Sagaing?
Click here to claim your Sponsored Listing.

Category

Website

Address


Ma A LoL Min Aung Hlaing
Sagaing