Nanda Khin Language Centre

Nanda Khin Language Centre

Share

19/05/2022

“ဘာသာစကားတစ်ခုအတွင်းရှိစကားလုံးများကို သင်ယူမှတ်သားခြင်း”

ကျွန်တော် အခုပြောပြမည့်အကြောင်းအရာကတော့ ဘာသာစကားတစ်ခုကို သင်ယူခြင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာနှင့်ပတ်သတ်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

“Four skills ၏အချင်းချင်းဆက်စပ်ထောက်ပံ့ပေးမှု”

ဘာသာစကားတခုကို သင်ယူရာတွင် four skills လေးခုစလုံးပိုင်နိုင်မှ ကျွမ်းကျင်သည်ဟု ပြောနိုင်သည်ကို အများစုသိပြီးဖြစ်လိမ့်မည်။ တချို့ဆိုလျှင် ရှိသည် “နားလည်သည်သို့သော်ကောင်းမွန်စွာမပြောတတ်ပေ” , “စာဖတ်နိုင်သည်သို့သော်ကောင်းမွန်စွာမရေးတတ်ပေ”။

Four skills ထဲကမှ Speaking and Listening နှင့် Reading and Writing တို့ဟူ၍ နှစ်ပိုင်းခွဲ၍ စတင်ပြောပြရလိမ့်မည်။
Speaking ကို Listening ကထောက်ပံ့သကဲ့သို့ Writing ကို Reading ကထောက်ပံ့သည်။ ထို့ကြောင့် ဘာသာစကားတစ်ခုကိုလေ့လာမည်ဆိုလျှင် အဆင့် မှန်ဖို့အရေးကြီးသည်။ ထို့မှသာ လျှင်မြန်ထိရောက်စွာတတ်မြောက်မည်ဖြစ်သည်။ Listening ကိုကျော်ပြီး Speaking ကိုသင်ယူရန်မှာ မဖြစ်နိုင်လုနီးပါး(နားမကြားသောသူများအတွက်”နီးပါး”ကိုသုံးထားသည်) ဖြစ်သည်။ သူတစ်ပါးပြောသည်ကို အတုယူ၍ အမှန်ကို ကိုယ့်ဘက်မှဆွဲယူ ရသည်။ ထို့မှသာ ကိုယ့်ဘက်ကပြောဆိုသည့်အခါ အသံထွက်အမှန်ကိုရသည် ။ ထို့မှတဆင့် သိရသည်မှာ "နားလည်ခြင်းထက် ပြောဆိုခြင်းက ပိုခက်သည်"ဟူသော အချက်ပင်ဖြစ်သည်။ ထိုသကဲ့သို့ ရေးသားခြင်းကလဲ စာဖတ်ခြင်းထက် ခက်ပေသည်။ စာကောင်းစွာဖတ်ခြင်းဖြင့်ရရှိသော လေ့ကျင့်မှုမရှိဘဲ စာရေးလျှင် အမှားမြောက်များစွာပါမည်သာ ဖြစ်သည်။

“မှတ်သားခြင်း” ၊ ဘာသာစကားတစ်ခုကိုသင်ယူခြင်းကာလအတွင်း ကြုံတွေ့ရသော မှတ်သားခြင်း(memorization) ကို အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်သည်။ ပထမအဆင့် “သာမန်မှတ်မိခြင်း နှင့် ဒုတိယအဆင့် “မှတ်သားခြင်းကိုပြန်လည်ထုတ်ယူခြင်း” တို့ဖြစ်သည်။ ပထမအဆင့်သည် reading and listening တို့နှင့်ဆိုင်ပြီး ဒုတိယအဆင့်သည် writing and speaking တို့နှင့် သက်ဆိုင်သည်။

Reading and listening တွင် လူအများစုသတိထားမိပေလိမ့်မယ်။ မိမိမှတ်သားထားသော အချက်အလက်များအား မှတ်မိရုံအဆင့်မှာသာရှိသည်။ ဤအဆင့်သည်စာကြောင်း၊စကားလုံး ကိုမြင်လျှင် အလိုအလျှောက် အဓိပ္ပာယ်ပေါ်လာခြင်း (သို့) ပြန်လည်စဉ်းစားယူရခြင်း ဖြင့်သာ ဖြစ်ပွါးသည်။ ထို့မှ နောက်တဆင့်ဖြစ်သော Writing and Speaking တွင်မူ မှတ်မိသတိရသည့်အဆင့်တွင် ရပ်နေ၍မရတော့ပေ။ မှတ်မိသော အချက်အလက်ကို အပြင်လောကသို့ ပြန်လည် အသုံးချရန် ထုတ်ယူရတော့မည်။ တိကျသောစကားလုံးအဖြစ်သော်လည်းကောင်း တိကျသော အသံတစ်သံအဖြစ်သော်လည်းကောင်း ထုတ်ယူရတော့ပေမည်။ “ကျွန်တော်အခုပြောသည်ကိုသဘောမတူကောင်းမတူပေလိမ့်မည်။အဘယ်ကြောင့် မှတ်မိရန်နှင့်ပြန်လည်အသုံးချသည့်ဟူသော နှစ်ခုသည် မှတ်သားခြင်း၏အဆင့်နှစ်ခုအနေဖြင့်ကွဲထွက်နေရသနည်းဟု စဉ်းစားကောင်းစဉ်းစားနေလိမ့်မည်” တကယ်တမ်းလဲ မှတ်မိနေသည့် စကားကို ထွက်ပေါ်လာရန်မလွယ်ကူချေ။ reading and writing မှာ စကားလုံးတစ်ခုကို မြင်၍ ထိုစကားတွင်ရှိသော အဓိပ္ပာယ်ကိုဖော်ရန် pattern or form ပြောင်းလဲထားပုံကိုစဉ်းစားရန် မျှသာဖြစ်သည်။ နောက်အဆင့်တွင်မူ “မိမိပြောကြားဖော်ပြလိုသော စကားလုံးကို စာဖတ်ခြင်းကဲ့သို့ သံလွန်စ မရှိဘဲ စဉ်းစားရသည် ။မိမိအသုံးပြုမည့်အခြေအနေ ပုံစံ ပေါ်မူတည်၍ ပြောင်းလဲခြင်း ၊ ပေါင်းစပ်ခြင်း ဟူသော လုပ်ဆောင်ချက်များလည်း ရှိသေးသည်။ ထို့ကြောင့် ဤကိစ္စသည် လုံးဝမလွယ်ကူကြောင်းသိရပေလိမ့်မည်။

“ ဤပြသနာကိုဘယ်လိုဖြေရှင်းမလဲ ? “

ထိုအတွက်အသင့်တော်ဆုံးနှင့်အရိုးရှင်းဆုံးအဖြေမှာ {လေ့ကျင့်ခြင်း} သာဖြစ်သည်။ ဦးနှောက်မှ မှတ်သားသောစကားလုံးများအား ဦးနှောက်ထဲ ကြာကြာမထားပါနှင့်။ မေ့သွားတတ်သည်။ များများလက်တွေ့အသုံးချပေးပါ။ မိမိနှင့်ရင်းနှီးအောင်လုပ်ပါ။ ဥပမာ - အိမ်တွင်းရှိအရာအားလုံးအား label လိုက်တပ်ခြင်းဖြစ်ဖြစ် ၊ မိမိရေးလိုသောအကြောင်းအရာများအား မှတ်မိစေလိုသော ဘာသာစကားနှင့်ရေးခြင်းဖြစ်ဖြစ် ၊ ကိုယ့်နှင့်ရင်းနှီးစေမည့် မည်သည့်နည်းလမ်းမဆိုပြုလုပ်ပါ။

“ မည့်သည့်အလုပ်မဆို ကြိုးစားတိုင်းလဲမဖြစ်ပေ၊နည်းမှန်လမ်းမှန်နှင့်အဆင့်မကျော်ဘဲလဲကြိုးစားဖို့လဲလိုအပ်သည်” ထို့ကြောင့် တစ်ဆင့်ခြင်းစီလုပ်သွားပါ သေချာပေါက် အောင်မြင်ပါလိမ့်မည်။

Written by Nanda ko
(ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံများမှရရှိသော အတွေးများမှ တဆင့် ရေးသားဖော်ပြသည်)

03/05/2022

ယူကရိန်းဘာသာစကားကို စိတ်ဝင်စားတဲ့သူတွေအတွက် ပညာဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဒါကတော့
Cyrillic alphabet ဖတ်နည်း
အခြေခံစကားပြော
အခြေခံသဒ္ဒါရှင်းလင်းချက် (Conjugation,Cases and Gender)
ကို ဆရာမက telegram channelမှာ free သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားလို့ တက်ရောက်လိုသူများ အောက်က telegram linkမှာ ဝင်လို့ရပါတယ်နော်။
«Join this channel»
https://t.me/+ZKkmvsryAQlkZmQ1

ယူကရိန်းလိုဖတ်တက်ရင် တခြားslavic languageတွေလည်း သင်ဖို့ မခဲယဉ်းတော့ပါဘူး။

Photos from Nanda Khin Language Centre's post 27/04/2022

" ကျော်မသွားဘဲ တစ်ခေါက်လောက်တော့ဖတ်သွားလိုက်ပါ "

အဆောက်အအုံများ ( ၁ )

26/04/2022

" Welsh is one of the oldest language in Europe "

ပထမဆုံးအနေနဲ့ ကျွန်တော်အရမ်းပြောပြချင်နေတဲ့ ဘာသာစကားတွေထဲကတစ်ခုဖြစ်တဲ့ Welsh ဘာသာစကားကိုပြောပြပါ့မယ်။ ဗမာလိုတော့ ဝေလ လို့ပြောလေ့ရှိကြတာပေါ့။

⭐️ဖြစ်ပေါ်လာပုံ

ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတော့ 43 AD ရိုမန်တွေကျူးကျော်ခဲ့တဲ့အချိန် Wales ၊ အင်္ဂလန် နဲ့ စကော့တလန်တောင်ပိုင်း မှာပြောခဲ့ကြတဲ့အဓိကဘာသာစကားဖြစ်တဲ့ Brythonic ကနေဆင့်ကဲတိုးတက်ပြီးဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ ဒါနဲ့ဘဲ 400 AD နဲ့ 700 AD ကြားမှာ ကွဲပြားတဲ့ဘာသာစကားအဖြစ် Welsh ဆိုပြီးပေါ်ထွက်လာခဲ့တာဘဲဖြစ်ပါတယ်ဗျာ။ တဖြည်းဖြည်းနဲ့ရာစုနှစ်တွေကြာလာတာနဲ့ Wales နိုင်ငံသားတို့ရဲ့ယဉ်ကျေးမှုတွေနဲ့နေ့စဉ်ဘဝအူတိုင်အဖြစ် ဖြစ်တည်လာခဲ့ပါတယ်။

အလယ်ခေတ်အစောပိုင်း Anglo-norman conquest ဖြစ်နေတဲ့အချိန်မှာတောင် ရုံးသုံးဘာသာစကားတစ်ခုဆက်လက်ပြီးတည်ရှိနေခဲ့တယ်။

Welsh ဘာသာစကားရဲ့အံ့ဩစရာကောင်းတဲ့အချက်တစ်ချက်က ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံးဘာသာစကားဖြစ်တဲ့အင်္ဂလိပ်ဘာသာစကားနဲ့ဘေးချင်းကပ်နေတာတောင် အခုထိကောင်းကောင်းမွန်မွန်ရှင်သန်နေတုန်းဘဲ။ ( native speaker လူဦးရေသိပ်မများတဲ့ပမာဏလောက်လျော့ကျသွားတာလွဲရင်ပေါ့ဗျာ ) Irish တို့ဆိုရင် ပျက်သုန်းဖို့အန္တရာယ်ရှိနေတဲ့ဘာသာစကားစာရင်းထဲတောင်ဝင်နေပြီ။

( Anglo-Norman conquest အကြောင်းနောက်မှအသေးစိတ်ပြောပြမယ်။ အရမ်းစိတ်ဝင်စားဖို့အကောင်းတယ်။ အဓိကက အင်္ဂလိပ်စကားအပေါ်မှာသက်ရောက်မှုအများကြီးရှိခဲ့တာဘဲ )

⭐️ Welsh ဘာသာစကားက သင်ယူဖို့ ခက်ခဲလား

ဘာသာစကားတစ်ခုကိုခက်မခက်ပြောဖို့ဆိုတာ ကိုယ်ပြောတဲ့မိခင်ဘာသာစကားနဲ့ဘဲဆိုင်တာဗျ။ ဘယ်တော့မှ ဘာသာစကားတစ်ခုရဲ့ အလှအပ၊ ခက်ခြင်းလွယ်ခြင်းစံနှုန်းစသဖြင့်တို့ကို အတိအကျတိုင်းတာလို့မရဘူး။ ဒါပေမယ့် ယေဘုယျအနေနဲ့တိုင်းတာရင်တော့ Welsh က ဥရောပအနောက်ပိုင်းကကျွမ်းကျင်ဖို့အခက်ခဲဆုံးဘာသာစကားတွေထဲမှာပါတယ်။

⭐️ Welsh ဘာသာစကား၏ မူလအရင်းအမြစ်

ဒါကိုမပြောပြခင် language family ဆိုတာဘာလဲ အကြမ်းဖျင်းပြောပြမယ်။ ( မသိသေးတဲ့သူတွေအတွက်သာ ) Language family ဆိုတာ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ ဘာသာစကားမိသားစုပေါ့ဗျာ။ တူညီတဲ့ proto-language (ရှေးဦးဘာသာစကား ) တစ်ခုတည်းကနေဆင်းသက်လာတဲ့ ဘာသာစကားအုပ်စုတစ်စုလို့အဓိပ္ပာယ်ရတယ်။ ယဉ်ကျေးမှု၊မျိုးနွယ်စုကွဲတွေရဲ့မျိုးရိုးဗီဇတွေနဲ့ပါ သွယ်ဝိုက်သော်လည်းကောင်းတိုက်ရိုက်သော်ကောင်းဆက်စပ်မှုရှိတယ်လို့ပါ ပြောလို့ရတယ်။ ဥပမာဆိုရင်ဗျာ အင်္ဂလိပ်ဆိုရင် Proto-indo-European ကနေဆင်းသက်လာတာလို့ပြောလို့ရတယ်။ Welsh ကလည်း Indo-European အနွယ်ဝင်ဘဲ။ သို့သော် အင်္ဂလိပ်နဲ့ဘာကွာသွားလဲဆိုတော့ Indo-European ကနေထပ်ကွဲထွက်သွားတာတွေအများကြီးရှိသေးတယ်။ အင်္ဂလိပ်က Indo-European > Germanic ကနေဆင်းသက်လာပြီး Welsh ကကျ Indo-European > Celtic ကနေဆင်းသက်လာတာလို့ပြောလို့ရတယ်။ Irish ( အိုင်ယာလန်ဘာသာစကား ) ကလည်း Celtic အနွယ်ဘဲဗျ။ ဒါပေမယ့် အင်္ဂလိပ်စကား နဲ့ Welsh ဘာသာစကားတို့ရဲ့ နှစ်ပေါင်းများစွာဆက်ဆံခဲ့ကြတဲ့အကျိုးရလာဒ်အဖြစ် လက်ရှိအင်္ဂလိပ်စကားနဲ့ Welsh ဘာသာစကားတို့မှာ အချင်းချင်းတို့ရဲ့စကားလုံးတွေကစိမ့်ဝင်လာခဲ့တယ်။ ပြောရရင် Borrowed words တွေများလာတယ်ပေါ့ဗျာ။

( Phonology ပိုင်းတော့မပြောပြတော့ဘူး Linguistic terms တွေအများကြီးနဲ့ရှုပ်ကုန်မှာစိုးလို့ ဒါပေမယ့် သိချင်တယ်ဆိုရင် comment မှာမေးထားလို့ရတယ် )

⭐️ Welsh ဘာသာစကား၏ ဝါကျထားသိုပုံ

Welsh ရဲ့ အခြေခံအကျဆုံး ဝါကျထားသိုပုံကတော့ VSO ( Verb-subject-object ) ဘဲဖြစ်ပါတယ်။ Irish,Tagalog,Hebrew,Arabic နဲ့ Ge'ez စသဖြင့်ဘာသာစကားတွေကလည်း VSO form ကိုအသုံးပြုတဲ့ဘာသာစကားတွေဖြစ်ပါတယ်။ ဗမာစကားရဲ့ Basic word order ကတော့ SOV ဘဲဖြစ်ပါတယ်ဗျာ။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်က Celtic မျိုးနွယ်ဝင်တွေတော်တော်များများမှာတွေ့ရတယ်ဗျ။ ဥပမာ - Irish လို I have a girlfriend ဆိုတာကိုပြောချင်တယ်ဆိုပါစို့။ ဒါဆိုရင် Irish မှာကျ Tá cailín agam ( Girlfriend is on me ) ဒီလိုမျိုးဘဲပြောကြတယ်ဗျ။ ပြောရရင် Irish မှာ " ရှိသည် " ဆိုတဲ့ verb ကိုဖော်ပြဖို့စကားလုံးမရှိတာဘဲ။ ဒီလိုမျိုးဘဲ Welsh မှာလည်း သိပ်မတူပေမယ့် စိတ်ဝင်စားဖို့ကောင်းတာလေးရှိတယ်။ ငါနင့်ကိုသဘောကျတယ်ဆိုတာကိုပြောချင်ရင် I like you ဆိုပြီးတိုက်ရိုက်ဘာသာပြန်ပြီးသွားရေးလို့မရဘူး။ Dw i'n dy hoffi ( Am I your liking ) ဒီလိုမျိုးဘဲရေးလို့ရတယ်။ ဒါပေမယ့် အင်္ဂလိပ်စာရဲ့လွှမ်းမိုးမှုကြောင့် Dw i'n hoffi ti ( Am I liking you ) တို့လိုစာကြောင်းတည်ဆောက်ပုံမျိုးတွေကတော့ပေါ်ပေါက်လာခဲ့တယ်။

⭐️ Welsh ၏ စိတ်ဝင်စားစရာကောင်းသော အချက်များ

- Welsh မှာ Pronoun Doubling ဆိုတဲ့ပုံစံမျိုးကိုအသုံးပြုပါတယ်။

- Conjugated preposition ဆိုတာမျိုးတွေလည်းအသုံးပြုတယ်။ပြီးတော့ Conjugate proposition ကိုသုံးတဲ့ဘာသာစကားတွေဆိုတာ တော်တော်ရှားတယ်လို့ပြောလို့တောင်ရတယ်။ အဓိပ္ပာယ်ကတော့ သူတို့ရဲ့ object တွေဖြစ်တဲ့ personal pronoun တွေနဲ့ရောစပ်သွားတဲ့ preposition ( ဝိဘတ် ) တွေကိုဆိုလိုခြင်းဘဲဖြစ်ပါတယ်။

- ကိန်းဂဏန်းရေတွက်ခြင်းပုံစံက ပြင်သစ်စကားနဲ့အရမ်းဆင်ပါတယ်။ ဥပမာပြောရရင်

Un ar ddeg ( 1 on 10 ) = 11

Un ar bymtheg ( 1 on 15 ) = 16

*Deunaw ( 2 x 8 ) = 19

Deg ar hugain ( 10 on 20 ) = 30

*Deugain ( 2 x 20 ) = 40

*Trigain ( 3 x 20 ) = 60

ပြောရရင်တော့ Welsh ရဲ့ counting system က အင်္ဂလိပ်စကား၊ ဗမာစကား၊ တရုတ်စကားတို့ထက် အစများစွာပိုရှုပ်ထွေးပါတယ်ဗျ။ ဒါပေမယ့် ခက်တယ်လို့တော့ ဆိုလို့မရပါဘူး ဘာလို့လည်းဆိုတော့ ပြင်သစ်တွေအတွက်တော့ ဒီ system ကခက်ခဲမှာမဟုတ်လို့ပါဘဲ။

- Welsh စကားက ဗမာစကားလိုဘဲ နေ့စဉ်စကားပြောစကားနဲ့ စာအရေးအသားစကားတို့ကြားမှာ ကွာခြားချက်ပိုများပါတယ်။ အင်္ဂလိပ်မှာကျ စကားလုံးတချို့ကိုရွေးချယ်ပြီးသုံးရတာလွဲရင် သိပ်ကွာခြားချက်မရှိပါဘူး။

- Welsh က moderately inflecting language ဖြစ်ပါတယ်။ ဆိုလိုတာကတော့ verb တွေက အနည်းဆုံးတော့ လူပုဂ္ဂိုလ်၊ အရေအတွက်၊ စိတ်အနေအထား စသဖြင့်တို့ပေါ်မူတည်ပြီး conjugate ( ကြိယာပုံစံပြောင်းလဲခြင်း ) လုပ်တယ်လို့ဆိုလိုတာပါဗျာ။ verb တွေကလည်း consonant mutation ကိုသုံးပြီး gender တွေအလိုက်ပြောင်းလဲပါသေးတယ်။

- Welsh nouns တွေမှာ Russia,Hungarian တို့လို cases တွေမရှိပေမယ့် Masculine (ပုလ္လိင်) နဲ့ Feminine (ဣတ္ထိလိင်) ဆိုပြီးတော့တော့ခွဲခြားထားသေးတယ်။

- Welsh မှာ အင်္ဂလိပ်စာထက် ပိုပြီး plural form ပြောင်းဖို့နည်းလမ်းတွေလည်းအများကြီးပိုရှိပါတယ်။

- နေ့စဉ်သုံး Welsh မှာ မူလ verb ကို conjugate လုပ်တာထက် Auxiliary verbs တွေကိုပိုအသုံးများတယ်။

⭐️ စာရေးသူ၏အမြင်

ကျွန်တော့်ရဲ့အမြင်မှာတော့ဗျာ Welsh ကလှပတဲ့ဘာသာစကားတစ်ခုဘဲပေါ့ဗျာ ( အကုန်လုံးလှပေမယ့်ပေါ့ ) Welsh စာအရေးအသားကိုကြည့်နေတဲ့အခါတိုင်း ထူးခြားတဲ့ ပန်းချီကားတစ်ချက်ကိုကြည့်နေရသလိုခံစားရတယ်။ ဥပမာပြမယ်ဆိုရင်ဗျာ

Welsh လိုနှုတ်ဆက်တဲ့အခါမှာ Shwmae လို့နှုတ်ဆက်ရတယ်။ အသံထွက်ကကျ " ရှူ့မိုင် " လို့အသံထွက်ရတယ် ( အသံထွက်အနီးစပ်ဆုံးကိုသာဆွဲယူအသုံးပြုထားပါသည်။ ) ဘာသာစကားတော်တော်များများမှာ consonant အနေနဲ့သုံးတဲ့ W ကို vowel အနေနဲ့သုံးထားတာကိုသတိပြုမိကြလားဗျ။ နောက်ပြီးတော့ Prynhawn da ( Good afternoon ) ဆိုတာကို " ဖရင်းဟောင်း ဒါ " လို့အသံထွက်ရတယ်။ iawn ( very ) ကို ယောင်း လို့အသံထွက်ပြီးတော့ Sut ( How ) = စစ်ထ် ၊ Diolch ( Thanks ) = ဒီအို့ခ် စသဖြင့်တို့ပေါ့ဗျာ။

Ydw = Yes

Hywl = Bye

Mae’n bwrw glaw = it's raining

ပြီးတော့ Welsh မှာ silent letters မရှိဘူးလို့ပြောလို့ရပေမယ့် တချို့မှာတော့ရှိသေးတယ်။ ဥပမာ Hoffi ကို ɔfi လို့ထွက်တာတွေလည်းရှိတဲ့အတွက်ကြောင့်ပါဗျာ။ F အသံကို V (ဗ) သံထွက်တာတွေလည်းရှိသေးတယ်။ F ကို ဗ သံထွက်တာကတော့တခြားဘာသာစကားတွေတော်တော်များများမှလည်းရှိသေးတဲ့အတွက် မရှားပေမယ့် အင်္ဂလိပ်စကား စံအသံထွက်နဲ့တော့ ကွဲပြားနေတယ်မဟုတ်ပါလား။

📌 ဒီလောက်ဘဲပြီးလိုက်ကြရအောင်ဗျာ။ နောက်ရက်တွေကြ တခြားဘာသာစကားတွေနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေလည်းတင်ပေးပါအုံးမယ်။ ယခု post ကိုသဘောကျတယ်ဆိုရင် တခြားသူတွေလည်းဖတ်ရအောင်လို့ like and share လေးပြုလုပ်ပေးသွားကြပါအုံးဗျာ။

25/04/2022

ကျွန်တော့်ရဲ့ ဝါသနာအရ page မှာ ကမ္ဘာအနှံ့ကဘာသာစကားတွေအကြောင်းဗဟုသုတတွေရယ် ဘာသာဗေဒနဲ့ပတ်သတ်တာတွေကို မျှဝေပေးမယ်။ ဘာသာစကားတွေနဲ့ပတ်သတ်ပြီးမျှဝေတာပိုကောင်းမယ်ထင်လို့ပါ။ ပြီးတော့ ကျွန်တော့်အထင်မှာ မြန်မာနိုင်ငံကလူတော်တော်များများက ဘာသာဗေဒပိုင်းနဲ့ပတ်သတ်ရင် လေ့လာမှုအားနည်းတာကိုတွေ့ရတယ်ဗျ။ ဒါလေးကိုဖြည်းစည်းပေးချင်စိတ်ပေါ်လာလို့ပါ။ ကျွန်တော့်ကို page အဟောင်းကလူတွေ ဒီထဲမှာရှိတယ်ဆို သိကြမှာပါ ဘာသာစကားတွေနဲ့ပတ်သတ်တဲ့ဆောင်းပါးတွေခဏတိုင်းရေးတဲ့ ဆရာနန္ဒကို ဆိုတာလေ။ အဲ့တော့ အဟောင်းတွေရော အသစ်တွေရော ဗဟုသုတတွေရဖို့မျှော်လင့်ပါတယ်။

📌 စိတ်ဝင်စားကြရဲ့လားဗျ။

Photos from Nanda Khin Language Centre's post 20/04/2022

Zootopia နဲ့ Sing ထဲက တိအမျိုးအစားနမည်တွေပါ

Want your school to be the top-listed School/college in Sagaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Sagaing