Weight Loss By Thae
10/05/2022
" ခါး၊ ဗိုက်ခေါက် အဆီိနည်းလာရန် နေ့တိုင်း လိုက်နာသင့်သည့် အချက်များ ''
�မိမိခန္ဓာကိုယ်မှာ အဆီရာခိုင်နုန်းနည်းချင်လျှင် Don’t eat garbage လို့ ဆိုပါတယ်။ အမှိုက်စာများမှ မလိုအပ်သော အဆီများလာစေသည်ကို သတိထားသင့်သည်။ အဆီအဆိမ့်၊ ချိုချိုရဲရဲ၊ (မြန်မာပြည်မှာ)ချဉ်ငန်စပ် အစားအစာမျာမှ ဝေးဝေးနေရန် အပြောလွယ်သလောက် လုပ်ရန်ခက်ပေ၏။ နှစ်ရှည်လများစားလာသည့် အရသာနှင့်အကျင့်များကို ပြင်ယူရန်အချိန်လိုအပ်ပေသည်။
�Lean Muscle ဖြစ်လာရန်မှာ ၈၀% ၏အစားအစာများကို သင့်ဘော်ဒီအတွက်စားပေးပါ။ ၂၀% ဝန်းကျင်ကို သင့်စိတ်ကျေနပ်အောင် စိတ်ဖြေစာများ စားပါ။ "Don’t eat for taste, Eat for functional" ဆိုတာကို မမေ့ပါနှင့်။ လူပဲဟာ၊ အရသာရှိတဲ့ အစားအစာကို ပိုကြိုက်ကြတာ သဘာဝပါ။ သို့သော် ကျန်းမာရေးလိုက်စားသူများမှာ ၅၀% ၏ တစ်နပ်စာကို အရသာအတွက် သာစားသင့်ပြီး၊ ဘော်ဒီ function အတွက် ၅၀% စားပေးမှ ရပါမည်။
၁�သကြား၊သကြားအစားထိုးများကို လျှော့ပါ။
သကြားအချိုသည် ဘော်ဒီအလန်း အတွက် ရန်သူဖြစ်ပေသည်။ သကြားကဲပြီးလုပ်ထားသောအစားအစာများမှာ စား ကောင်းပြီး၊ ပိုစားလွယ်သည်။ ပိုပြီး calories များများ စားမိစေသည်။ ထို့ကြောင့် လျှော့စားပါ၊ ရှောင်စားပါ။ ကျင့်သားရလာပါမည်။ Pizza, Burger, Donut, Ice-cream များသည် စားကောင်းပေ၏။ အဆီပိုများလည်းတိုးလာစေ၏။ အသီးအရွက်များ၊ အချိုရာနုန်းနည်းသည့် အသီးများ နှင့် whole grains များ၊ သကြားမထည့်ထားသည့်အစားအစားအစာများကို ဦးစားပေးပြီး စားပေးပါ။
၂�သင့်ပန်းကန်ကို ဖြူ၊နီ၊ဝါ၊စိမ်းဖြင့် အလှဆင်ပါ။
Lean Muscle ခရီးအတွက် Green Veggie ကား အရေးပါပေသည်။ အသီးအရွက်များမှာ ကယ်လိုရီနည်း၍ fiber အမျှင်ဓါတ်များသောကြောင့် ဘော်ဒီအတွက် များစွာအကျိုးဖြစ်စေသည်။ သင်စားသင့်သည် Diet ထက်၊ သင်စားသည့်ပန်းကန် ထက်ဝက်ကို ရောင်စုံ အသီးအရွက်များဖြင့် အလှဆင်ပြီးစားသုံးပါ။ အသီးအရွက်များကို သဘာဝ အရသာအတိုင်း ပြင်ဆင်စားသုံးပါ။ အသီးအရွက်များကိုကြော်ရန်၊ ဆီကိုလိုအပ်သည်ထက် မသုံးမိပါစေနှင့်။
၃�ပိုစားကောင်းအောင် Cheese ကိုမသုံးပါနှင့်။
Cheese ကိုကြိုက်သည့် မြန်မာများအတွက်ပါ။ အတုံးသေးသေးတစ်ခု ၁၀၀ ကယ်လိုရီရှိပေသည်။ cheese burger, cheese pizza များမှာ healthy food မဟုတ်ပေ။ တိုးတက်ပြီးနိုင်ငံများတွင်စားကြသည့် မက္ကဆီကန် အစားအစာခေါ် Burrito ၏ တစ်အောင်စ ပမာဏကိုစားရုံဖြင့် ကယ်လိုရီ ၃၀၀ ရှိပေသည်။ Cheese လျှော့စားနိုင်လျှင် စားသည့်ကယ်လိုရီ နည်းလာပါမည်။ မှတ်ချက်။ ။ Cottage Cheese, Greek Yogurt များမှာ ကစားသမားများ စားသုံး၍ရသည်ဟုလေ့လာချက်ကဆိုပေသည်။
၄�ဟင်းအနှစ်ကို လျှော့စားပါ။
အနောက်တိုင်းအစားအစာများတွင် cheese က ဘော်ဒီအလန်း၏ ရန်သူဖြစ်၍၊ မြန်မာ အစားအစာများတွင် ဟင်းအနှစ် ဖြစ်ပေသည်။ ဟင်းအနှစ်သည် အရသာပြင်း၍ ကစီများများစားစေရန် တွန်းအားပေးသည်။ သို့ဖြင့် Lean Muscle ရရန် ဟင်းအနှစ်ကိုကြိုက်သည့်တိုင် လျှော့စား၊ရှောင်စား သင့်ပေသည်။ ဟင်းအနှစ်သည် အားလုံးဆုံစည်းရာဖြစ်၍ ကောင်းကျိုးထက် ဆိုးကျိုးများပေသည်။ Sauce များ၊ ready made dressing များကို လျှော့စားနိုင်ပါက ပြောင်းလဲမှုသိသာလာမည်။
၅�ရေ၊ ဘလပ်ကော်ဖီ၊ ရေနွေးကြမ်း သောက်ပါ။
အဓိကမှာ ကယ်လိုရီနည်းသော သို့ လုံးဝမပါသော အရည်များသောက်ပါ။ soda ရေ များဖြစ်သော သံဗူးအချိုရည်၊ ပုလင်းမျိုးစုံအချိုရည်တို့သည် ကျန်းမာရေးလိုက်စားသူများအတွက် ရန်ဖက်ဖြစ်ပေသည်။ ၎င်းအချိုရည်များကို လိုအပ်မှသာသောက်ပေးသင့်ပါသည်။ ဘော်ဒီအတွက် အဆီပိုများဖြစ်စေပြီး၊ အမြဲသောက်ပါက ကျန်းမာရေးပါထိခိုက်စေသည်။ ရေ၊ black coffee နှင့် ရေနွေးကြမ်းတို့မှာ Lean Muscle ရရန် စွမ်းဆောင်ပေးသည်။
၆�အစားအစာများကြိုတင်ပြင်ဆင်ထားပါ။
ဗိုက်ဆာချိန်၊ ရှိတာနှင့်အဆင်ပြေအောင်စားရသည်မှာ ဘော်ဒီအလန်းစား ရချင်သူများအတွက် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ပေသည်။ အရောင်းကောင်းရန်လုပ်ထားသော အစားအစာများမှာ ကြာရှည်ခံဆေး၊ သကြား၊ အဆီ၊ ကယ်လိုရီများ လိုသည်ထက်များပေမည်။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် ကြိုတင်ပြင်ဆင်နိုင်ပါက၊ ပိုထိရောက်မှုရှိပေမည်။
Lean Muscle ပိုင်ဆိုင်ရန်နှင့် ပိုကျန်းမာရန်အတွက်၊ workout အရေးပါသကဲ့သို့ Diet သည်ပိုအရေးပါပေမည်။ အစာသည်ဆေး ဆိုသည့် စကားအတိုင်း နေ့စဉ်စားရသည့် အစားအစာများ၏ အရသာကို အဓိကဦးစားပေး မစားပဲ၊ စားသင့်သည်များကို ဦးစားပေး စားသင့်ပေသည်။
Credit
05/05/2022
ဝိတ်ချတဲ့အခါ မှားကြတဲ့အမှား နံပါတ် (၄)
အမျှင်ဓာတ်များတဲ့ အသီး /အရွက်တေကိုလုံလောက်စွာ မစားတာ ပဲ ဖြစ်ပါတယ် 🤷♂️
အမျှင်ဓာတ်နည်းတဲ့အစားသောက်တေက မိတ် ဆွေ ကိုယ်အလေးချိန်လျော့ ချ ဖို့ကို ပိုပြီး ကြာစေနိုင်ပါတယ်✅
အမျှင်ဓာတ်များတဲ့ အစားသောက်တေက မိတ်ဆွေတို့ကို ကိုယ်အလေးချိန်လျော့ချရန်ကူညီပေးနိုင်တယ်/Diet သေချာ လုပ်စရာမလိုပဲ ကိုယ်အလေးချိန်နဲ့ ခါးပတ်လည်ကို လည်းလျော့ချပေးနိုင်သည်✅
ဒါ့အပြင် အမျှင်ဓာတ်များတဲ့ အစားစာတေကအချို့သော နာတာရှည် ရောဂါ ဖြစ်နိုင်ချေကိုလျှော့ချနိုင်ပြီးအစာခြေစနစ်ကို ကောင်းမွန်စေသည်✅
လိုတိုရှင်းပြောရမယ်ဆိုရင် အမျှင်ဓာတ်လုံလောက်စွာစားပေးခြင်းက မိတ်ဆွေတို့ကို Diet သေချာလုပ်စရာမလိုပဲ ကိုယ်အလေးချိန်လျော့ချရန် ကူညီပေးနိုင်သည်🤷♂️
အဆုံးထိ ဖတ် ပေးလို့ကျေးဇူးပါ။
Crd
22/04/2022
ဝိတ်ချတဲ့အခါမှားကြတဲ့ အမှား နံပါတ် (၁)👇👇
ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်း တေကို ပဲ အာရုံစိုက်လွန်းတာ ဖြစ်ပါတယ်🤷♂️😖
ပေါင်ချိန်စက်ပေါ်ကကိန်းဂဏန်းတေကိုပဲအာရုံစိုက်တဲ့အခါ ဝိတ်ချ တဲ့မိတ်ဆွေများအနေနဲ့ ကျန်းမာရေးနဲ့အညီ လေ့ကျင့်ခန်းတေလုပ်/အစားကိုသေချာဂရုစိုက်စားသော်လဲ ဝိတ်အမြန်မကျပါလားလို့ ခံစားရပါလေ့မယ်😖
ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်းသည် ကိုယ်အလေးချိန် ပြောင်းလဲမှု ၏အတိုင်းအတာ တစ်ခုသာဖြစ်သည်🤷♂️
မိတ်ဆွေက လေ့ကျင့်ခန်း လုပ်တဲ့ သူဆိုရင် ကိုယ်အလေးချိန် မကြရင်တောင် ကိုယ်တွင်းအဆီတေကြလာမယ်✔
ကိုယ်တွင်းကြွတ်သားတက်လာမယ်✔
ဝတ်နေကြ အဝတ်တေချောင်လာမယ်✔
ခါးဆိုဒ်တေ လျော့လာမှာပဲဖြစ်ပါတယ်🤷♂️
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ❤
#ကျန်းမာရေးနဲ့အညီဝိတ်ချမယ်
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing
MONYWA