IBEC TVnews
07/06/2026
ဘယ်နေရာကိုသွားသွား ဓမ္မနှလုံးသားလေး ယူသွားပါ - IBEC ဆရာတော် ဟတ်ယိုင်မြို့ တရားပွဲ ၊ ထိုင်းနိုင်ငံ။
YouTube=>>
ဘယ်နေရာကိုသွားသွား ဓမ္မနှလုံးသားလေး ယူသွားပါ - IBEC ဆရာတော် ဟတ်ယိုင်မြို့ တရားပွဲ ၊ ထိုင်းနိ ...
05/05/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ မင်္ဂလာရှိသော အစပြုခြင်း နှင့် အနာဂတ်အတွက် ခိုင်မာသော ခြေလှမ်းများ
By IBEC Media
မကြာမီ နွေဦးကာလကို ကျော်လွန်၍ မိုးဦးစ လေဦးစတွင် ပညာသင်နှစ်သစ်၏ ခေါင်းလောင်းသံများဟာ မြန်မာ့ပညာရေးလောကထဲကို တိုးဝင်လို့ လာတော့မည်ဖြစ်သည်။ ပညာဗဟုသုတဟူသည် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောဖြစ်သကဲ့သို့ ဘာသာသာသနာ တည်တံ့ပြန့်ပွားဖို့အတွက်လည်း အဓိကကျတဲ့ မဏ္ဍိုင်တစ်ခုပဲ ဖြစ်ပေသည်။
ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သစ်တွင် ကျွန်ုပ်တို့၏ ပရိယတ္တိဌာန၊ ဗုဒ္ဓတက္ကသိုလ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း အားလုံး စနစ်တကျ လည်ပတ်နိုင်စေရန် ပထမဦးဆုံး ခြေလှမ်းကို အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်လိုက်ပြီ ဖြစ်ပါသည်။
ညီညွတ်ခြင်း၏ အင်အား၊ အစီအစဉ်တကျ ပြင်ဆင်မှုများ၊ ပညာသင်နှစ်သစ်ကို စိတ်ဓာတ်သစ်၊ အားမာန်သစ်တွေနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် ထိပ်ပိုင်းဦးဆောင်ကြသည့် Board of Directors (BOD) လူကြီးမင်းများ၊ ယခုနှစ်တွင် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံး စုံစုံလင်လင်ဖြင့် (၅) ရက်တိုင်တိုင် အထူးညှိနှိုင်း အစည်းအဝေးပွဲကြီးများကို ကျင်းပခဲ့ပါသည်။
ဤအစည်းအဝေးများသည် သာမန်အစည်းအဝေးတစ်ခုထက်ပိုပြီး မိမိတို့၏ ဌာနအလိုက် တာဝန်ရှိသူများမှ ရှေ့ဆက်ရမည့် လမ်းပြမြေပုံတွေကို တိုင်ပင်ဆွေးနွေးခြင်း၊ စိန်ခေါ်မှုများကို အဖြေရှာခြင်းနဲ့ စုပေါင်းအင်အားကို တည်ဆောက်ခြင်းတို့ပဲ ဖြစ်ပါသည်။
မျှော်မှန်းချက် (Vision) နှင့် ရည်မှန်းချက် (Mission) များအား ရှင်းလင်းချပြခြင်းဖြင့်
အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုဟာ တူညီတဲ့ ပန်းတိုင်ကို သိရှိခြင်းကနေ စတင်ပေသည်။
ထို့ကြောင့် ကျောင်းရဲ့ Vision (ရည်မှန်းချက်) နဲ့ Mission (မျှော်မှန်းချက်) များကို ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၏ ရင်ထဲကို စိမ့်ဝင်သွားအောင် IBEC ဆရာတော်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျွန်ုပ်တို့ ဘာကြောင့် လုပ်ဆောင်နေသလဲ၊ ဘယ်ကို သွားနေသလဲဆိုတာကို အတိအကျ သိမြင်ခြင်းဖြင့် ပိုမိုခိုင်မာတဲ့ ပညာရေးယန္တရားကို တည်ဆောက်နိုင်မှာ ဖြစ်ပါသည်။
" ပရိယတ္တိ နှင့် ခေတ်ပညာ၊ ယှဥ်တွဲကာသင်ကြား၊ အနာဂတ်သာသနာတော်အတွက်ခွန်အား " ဟူသည် ကျောင်းတိုက်ကြီး၏ ပရိယတ္တိစာသင်သား ရှင်သာမဏေများအတွက် ၊ ဗုဒ္ဓတက္ကသိုလ်ကျောင်းသားများအတွက် ပရိယတ္တိဆိုင်ရာ ဆောင်ပုဒ်ဖြစ်ပေသည်။
" ဓမ္မနှင့် ခေတ်ပညာ ယှဥ်တွဲကာ သင်ကြား၊ အနာဂတ်မြန်မာနိုင်ငံတော်၏ ခွန်အားဖြစ်စေရမည် " ဟူသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် အခြေခံပညာသင်ကြားနေကြသော လူပုဂ္ဂိုလ်ကျောင်းသား၊ ကျောင်းသူအတွက် ဆောင်ပုဒ်ဖြစ်ပေသည်။
ဤစကားလုံးတွေများထဲတွင် အနှစ်သာရများ အများကြီး ပါဝင်လျက်ရှိပေသည်။
ပရိယတ္တိ နှင့် ခေတ်ပညာ ဟူသည် ဘာသာရေး အခြေခံကောင်းများဖြင့် ခေတ်မီ နည်းပညာ၊ ပညာရပ်များကို ပေါင်းစပ်ပေးခြင်းဖြစ်ပေသည်။
ဓမ္မနှင့် ခေတ်ပညာ ဟူသည် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး အသိပညာ ကြွယ်ဝတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပေသည်။
သာသနာနှင့် နိုင်ငံတော်၏ ခွန်အား ဆိုသည် ကျွန်ုပ်တို့ ကျောင်းတော်သားများသည် သာသနာကို အလင်းဆောင်မည့်သူများ ဖြစ်သလို၊ အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို ပခုံးပြောင်း တာဝန်ယူမည့် ခွန်အားဗလများ ဖြစ်လာစေရမည်ဟူသည့် ရည်ရွယ်ချက်များဖြစ်ပေသည်။
ထို့ကြောင့် ယခုပညာသင်နှစ်သစ်တွင် သင်ကြားရေးပိုင်းသာမက၊ စီမံခန့်ခွဲမှုပိုင်းမှာပါ စံနမူနာပြ ဖြစ်စေဖို့အတွက် Board of Director များမှစ၍ အရာထမ်း၊ အမှုထမ်းများအထိ တစ်စိတ် တစ်ဝမ်းတည်း ကြိုးပမ်းသွားကြရန်လိုအပ်မည်ဖြစ်ပေသည်။ မျိုးဆက်သစ် လူငယ်မောင်မယ်တွေအတွက် အကောင်းဆုံးသော ပညာရေး ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ အဆင်သင့်ရှိနေပြီဖြစ်သည်။
သို့ဖြစ်ပါ၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သည် ကျွန်ုပ်တို့အားလုံးအတွက် အောင်မြင်မှု သီးပွင့်တဲ့ နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် သန်မာသောခြေလှမ်းများဖြင့် စတင်လိုက်ရပါသည်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း
29/04/2026
"ဒုက္ခကြားက သာသနာ့အရိပ်ကို မေတ္တာဖြင့် ဖေးမခြင်း"
ပြည်တွင်းပဋိပက္ခများကြောင့် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုဒေသရှိ သံဃာတော်များနဲ့ သာသနာ့အနွယ်ဝင်များအတွက် မြန်မာနိုင်ငံ၏ ပညာရေး၊ငြိမ်းချမ်းရေးနှင့် ဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်လျက်ရှိသော IBEC ဆရာတော်ဘုရားသည် Taiwan Nibbâna Group မှ လှူဒါန်းပေးပါသော အလှူငွေ ကျပ်သိန်း (၆၀၀) ကို နောင်ချိုဒေသရှိ စစ်ဘေးဒဏ်ခံစားနေရသော ဘုန်းတော်ကြီးကျောင်း (၂၀) ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ကာ လှူဒါန်းပေးခဲ့ပါတယ်။
ဘေးဒုက္ခတွေကြားမှာ သာသနာတော်အရှည်တည်တံ့ဖို့နဲ့ ရဟန်းသံဃာတော်များ ဆွမ်း၊ ခဲဖွယ် အခက်အခဲမရှိစေဖို့အတွက် ခုလိုအလှမ်းဝေးတဲ့နေရာအထိ သွားရောက်ကူညီပေးခဲ့တဲ့ IBEC ဆရာတော်ကြီးနဲ့ Taiwan Nibbâna Group တို့ရဲ့ မွန်မြတ်လှတဲ့ စေတနာကို အားလုံးက သာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး
#စစ်ကိုင်းမြို့
Click here to claim your Sponsored Listing.
Category
Address
Taungyoe Street, Sagaing Hills
Sagaing
02371