Sagaing News

Sagaing News

Share

Photos from Sagaing News's post 06/03/2022

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးသော ဒီးမော့ဆိုတိုက်ပွဲတွင် စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ စစ်သား အလောင်းများ ပုံနေ

ရန်ကုန်၊ မတ် ၆

မတ်လ ၅ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးခဲ့ပြီး စစ်သား ၂ ဦးကိုလည်း အရှင်ဖမ်းမိကြောင်း ၊ စစ်သားအလောင်းများ ပုံနေကြောင်း ကရင်နီပြည်နယ် PDF သတင်းရင်းမြစ်များနှင့်အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးဌာနက သတင်းထုတ်ပြန်သည်။

အထူးစစ်ဆင်းရေးတပ်၊DMO PDF ၊ LOIKAW PDF ၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းခုခံတိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အရှင် ၂ ဦး ဖမ်းမိခဲ့ပြီး မဟာမိတ်အဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်က ကျောက်ဆည်ကန်မှ ဘုရားငုတ်တိုဖက်သို့ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ သေးဆူးလဲကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြားတွင် စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုနှင့် KGZ ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး သေဆုံးကြောင်း DMO-local PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များကို ခုခံစစ်ဆင်နွှဲရာတွင် ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTU နည်းပညာလက်ရုံးတပ်နှင့် အခြားတော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ပွဲဝင်ကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်တွင်လည်း စစ်ကြောင်း ထပ်မံ ထိုးလာသော စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်များက ခုခံစစ်ဆင်နွှဲကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့ တစ်နေကုန်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှီခဲ့ကြောင်း၊ CTU နည်းပညာတပ်၏ ဒရုန်းတစ်စင်းလည်း ပျက်စီးသွားခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် လူနေအိမ်များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

27/02/2022

ဒီရက်တွေထဲတွေးမိနေတဲ့အတွေးက
တကယ်ကော နိုင်ချင်ကြရဲ့လားလို့

Bar သွား Club တက် ခရီးထွက်တဲ့သူကထွက်
ကျောင်းပြန်တက်နေတဲ့သူကတက်
Boycott ဆိုင်တွေမှာလဲ လူအပြည့်
SP လုပ်ထားတဲ့သူတွေအောက်မှာလဲအရင်အတိုင်းပွဲတွေကျ
BC ဂိမ်းStreamer တွေကလဲအပြိုင်အဆိုင်ပြန်ပေါ်လာတယ်။

အားလုံးဟာ နေသားတကျ အဆင်ပြေချောမွေ့နေသလိုလို

တစ်ဖက်မှာလဲ အိမ်မီးလောင် အသက်လုပြေးရ
မပြေးနိုင်တဲ့လူတွေလဲ အသတ်ခံရ
အလုပ်လဲပျောက် လမ်းလဲပျောက်
နောက်လှည့်ကြည့်လို့ ကျောပဲရှိတော့တဲ့လူတွေ
ဘယ်အချိန်ပြန်ရမလဲမသေချာတော့တဲ့သူတွေ
ပြန်ရောက်လို့တွေ့ရမယ့်မိသားစုမရှိတော့တဲ့လူတွေ

လူမစုံတော့တဲ့ မိသားစုတွေနဲ့ ကမ္ဘာနှစ်ခုဟာအပြိုင်လိုလို

ဝမ်းနည်းကြောင်းစာလေတင်လိုက်
စိတ်အာသာပြေသွားလိုက်
ကိုယ့်ရပ်ဝန်းထဲမှာနေသားပြန်ကျလိုက်နဲ့

ကိုယ့်ရဲ့အခြားတစ်ဖက်က ရင်းထားရတာက
ကိုယ့်လို တန်ဖိုးရှိတဲ့အသက်တွေ အချိန်တွေဆိုတာ
နားလည်မိရင်တော့ သူတို့တွေအတွက်လဲ
အားနာဖို့ကောင်းပါတယ်။

တကယ်ကောနိုင်ချင်ကြရဲ့လားဆိုတာ
ကိုယ်တိုင်ပြန်မေးဖို့တော့လိုနေပြီထင်တယ်.....''

25/02/2022

မန္တလေးကျုံးအရှေ့ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကား ၁ စီး မိုင်းခွဲတိုက်ခိုက်ခံရ

မန္တလေး၊ ဖေဖော်ဝါရီ ၂၅ရက်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား မြန်မာ့စာတိုက်ရုံးရှေ့မှာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ကားပေါ်မှာ စစ်တပ်ပိုင် ရတနာပုံသတင်းစာတိုက်က တပ်ကြပ်ကြီးနှစ်ယောက် လိုက်ပါလာတာဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ကားမှန်တွေ ပျက်စီးသွားပေမဲ့ လူ ထိခိုက်ဒဏ်ရာတာမရှိဘူးလို့ သိရပါတယ်။

နန်းရှေ့ရပ်နေ ပြည်သူတစ်ဦးက“နန်းရှေ့ဘက်ကနေတော့ ဗုံးသံကြားလိုက်တယ်။ ကွဲတဲ့ နေရာက အမျိုးသားကဇာတ်ရုံနဲ့လည်းနီးတယ်။ ၁၉ လမ်းဘက်မှာလည်း စစ်သားတွေရှိတယ်။”လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး လမ်းလယ်ကျွန်းမှာလည်း မပေါက်ကွဲသေးတဲ့ ချိန်ကိုက်မိုင်းတစ်လုံးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း (လမ်း ၁၁၀) ၊ ၄၇ လမ်း အနီးမှာ စစ်ကောင်စီတပ်ကား ၂ စီး ဗုံးပစ်ခံခဲ့ရပါ။

အကြမ်းဖက်စစ်ကောင်စီတပ်ကားတွေဟာ မနော်ဟရီလမ်းအတိုင်း အနောက်ကနေ အရှေ့ကို မောင်းလာတာဖြစ်ပြီး မနော်ဟရီလမ်း (လမ်း ၁၁၀) ၊ ၄၅ လမ်း နဲ့ ၄၆ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ဗုံးသံကတော့ အကျယ်ကြီးကြားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားဘူး။ စစ်သားတွေကလည်း သေနတ်နဲ့ သုံးလေးချက် ပစ်တယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီကျော်က သိပ္ပံလမ်း၊ ၆၆ လမ်းနဲ့ ၆၇ လမ်းကြားရှိ ကမ္ဘောဇဘဏ် က ATM စက်မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဘဏ်အကောင့်များကို စစ်ကောင်စီအလိုကျ အကြောင်းပြချက်မရှိ ပိတ်တာတွေလုပ်တဲ့အတွက် Mandalay People Rescue(MPR)နဲ့ Mother Son Mandalay Forceတို့ က ပူးပေါင်းဖောက်ခွဲတာလို့ ထုတ်ပြန်ထားပါတယ်။

ပုံ-TAGSစစ်ကောင်စီတပ်ကားမန္တလေးကျုံးအရှေ့ဘက်မိုင်းခွဲခံရသောကား

Want your business to be the top-listed Media Company in Sagaing?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sagaing