Techviewspro

Techviewspro

Share

05/06/2026

Wireless Charger သုံးချင်လားရတယ်။ အားသွင်းကြိုးမပါဘူးလား ရတယ်။ Device 2 ခု သုံးခု သွင်းချင်လားရသေးတဲ့ Remax ရဲ့ 10000mAh Powerbank လေးအကြောင်းပြောပြပေးမယ်။

01/06/2026

ကွန်ပျူတာကို Mouse နဲ့ Keyboard ကိုင်သုံးတဲ့ ခေတ်က ကုန်တော့မယ်တဲ့ဗျာ။ ကျွန်တော်တို့ အဲ့ခေတ်ထဲ ပါဝင်နိုင်ပါ့မလား။
--------------------------------------------------------

NVIDIA က ထိုင်ဝမ်မှာ လုပ်နေတဲ့ GTC Taipei ပွဲမှာ သိလိုက်ရတာတစ်ခုက ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ အက်ပ်တွေလိုက်ဖွင့်၊ ကလစ်တွေလိုက်နှိပ်၊ စာတွေလိုက်ရိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ အလုပ်ခိုင်းနေရတဲ့ ခေတ်ကြီးက ကုန်သွားပြီတဲ့။ အခုဆို ကွန်ပျူတာအသုံးပြုတဲ့ခေတ်သစ်ကို ရောက်လာပြီး အဲ့လိုဖြစ်ဖို့ RTX Spark စူပါချစ်ပ်နဲ့ Microsoft Windows တို့ ပေါင်းစပ်သွားတာပဲ ဖြစ်ပါတယ်။

NVIDIA ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang) ရှင်းပြသွားတာကတော့ အနှစ် ၄၀ ကြာ ကီးဘုတ်နဲ့ မောက်စ်ကို အားကိုးခဲ့ရတဲ့ ကွန်ပျူတာခေတ်ကြီးကို AI Agent တွေက အစအဆုံး ပြောင်းလဲပစ်တော့မယ်ဆိုတာပါပဲ။ အရင်တုန်းကဆိုရင် ကျွန်တော်တို့တွေ အလုပ်တစ်ခုလုပ်ဖို့ အက်ပ်တွေဖွင့်၊ Interface တွေပေါ်မှာ လိုက်နှိပ်၊ Command တွေ ရိုက်ထည့်ပြီးမှ အလုပ်ဖြစ်ကြတာလေ။ ဒါပေမဲ့ အခုလာမယ့် Agentic Computing ခေတ်မှာတော့ "AI ကသာ UX (User Experience)" ဖြစ်လာတော့မှာပါ။ ဆိုလိုတာက အက်ပ်တွေထဲမှာ လိုက်ပြီး နပန်းလုံးနေစရာမလိုတော့ဘဲ မိမိဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို AI Agent ဆီ ဗီဒီယိုခေါ်ပြောသလိုမျိုး လှမ်းပြောလိုက်ရုံပဲ။ ကျန်တာကို အဲဒီ Agent က သူ့အလိုအလျောက် ပြီးအောင်လုပ်ပေးသွားမှာကို ထိုင်ကြည့်နေရုံပဲဗျ။

ဆိုကော့ဒီခေတ်သစ်ကြီးကို ခေါ်ဆောင်လာမယ့် ဟာ့ဒ်ဝဲကတော့ Windows Laptop တွေနဲ့ ကွန်ပျူတာအသေးလေးတွေအတွက် သီးသန့်ရည်ရွယ်ပြီး ထုတ်ထားတဲ့ NVIDIA ရဲ့ RTX Spark ဆိုတဲ့ စူပါချစ်ပ် (Super-chip) အသစ်ကြီးပဲ ဖြစ်ပါတယ်။ NVIDIA ဘက်ကတော့ ဒါကို "ကွန်ပျူတာအသစ်" ဒါမှမဟုတ် "ကိုယ်ပိုင် AI ကွန်ပျူတာ" (Personal AI Computer) လို့ တရားဝင် ကြေညာသွားပါတယ်။ ဒီကောင်က NVIDIA ဘက်က နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ နည်းပညာတွေဖြစ်တဲ့ CUDA, RTX, FP4, TensorRT, OptiX, Reflex နဲ့ G-Sync စတဲ့ ဆော့ဖ်ဝဲလ်ပေါင်းစုံကို တစ်စုတစ်စည်းတည်းဖြစ်အောင် မွှေနှောက်ပြီး ထည့်ပေးထားတာပါ။

ဂျန်ဆန်ဟွမ် ကိုယ်တိုင်ပြောသွားတာကတော့ "အနှစ် ၄၀ လုံးလုံး ခင်ဗျားတို့ အက်ပ်တွေ ဖွင့်ခဲ့ကြတယ်၊ ကလစ်နှိပ်ခဲ့ကြတယ်၊ စာရိုက်ခဲ့ကြတယ်။ ဒါပေမဲ့ RTX Spark နဲ့ Microsoft Windows နဲ့ဆိုရင်တော့ ခင်ဗျားတို့က တောင်းဆိုလိုက်ရုံပဲ၊ ကွန်ပျူတာက အလုပ်တွေအကုန်လုံးကို လုပ်ပေးသွားလိမ့်မယ်။ သူက စက်ထဲမှာတင် တိုက်ရိုက်အလုပ်လုပ်မယ့် Local Agent တွေ၊ အဆင့်မြင့် Frontier Model တွေ၊ Creative လုပ်ငန်းစဉ်တွေအပြင် RTX ဂိမ်းတွေကိုပါ လက်ပ်တော့တစ်လုံးတည်းပေါ်မှာတင် အကုန်ဆွဲနိုင်မှာဖြစ်လို့ ဒါဟာ တကယ့်ကို ကွန်ပျူတာခေတ်သစ်ပဲ" ဆိုပြီးတော့ပြောသွားတယ်။

လိုရင်းတိုရှင်း ဖြတ်ပြောရရင်တော့... NVIDIA ရဲ့ ဒီထုတ်ပြန်ချက်ဟာ ကွန်ပျူတာလောကရဲ့ နောက်ထပ် အပြောင်းအလဲကြီးတစ်ခု (Major Shift) ပဲဗျ။ ဒါက ပိုမြန်တဲ့ ကီးဘုတ်၊ ပိုလန်းတဲ့ မျက်နှာပြင် ဒါမှမဟုတ် ပိုကောင်းတဲ့ Specs တွေလောက်တင် မဟုတ်ဘဲ ကျွန်တော်တို့တွေ ကွန်ပျူတာကို အစဉ်အလာအတိုင်း လက်နဲ့ လိုက်နှိပ်ပြီး သုံးနေရတဲ့ ပုံစံဟောင်းကြီးကနေ လုံးဝခွဲထွက်သွားမယ့် သဘောပဲ ဖြစ်ပါတယ်။

ကဲ... နည်းပညာက တကယ့်ကို အရှိန်အဟုန်နဲ့ သွားနေတာဗျာ။ မိတ်ဆွေတို့ကော ဘယ်လိုမြင်လဲ။ မောက်စ်နဲ့ ကီးဘုတ်ကိုပဲ ဆက်ကိုင်ချင်သေးလား၊ ဒါမှမဟုတ် AI ကိုပဲ အကုန်ခိုင်းတော့မလား။

Want your business to be the top-listed Media Company in Rangoon Ahlone?
Click here to claim your Sponsored Listing.

Telephone

Address


16. 788194, 96. 127531
Rangoon Ahlone

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00