Four-Leaf Clover

Four-Leaf Clover

Share

30/04/2026

Confession No.28

တစ်ခုခုကိုလုပ်နေရင်းနဲ့ပဲ ဘာဆက်လုပ်ကြမလဲဆိုတဲ့မေးခွန်းတွေ ပြည့်လာတယ်။
အရာရာဟာအဆင်ပြေခဲ့ရင်းနဲ့ အရာရာဟာအဆင်မပြေတော့ပြန်ဘူး။
တစ်နေ့ကပဲ အားလုံးကိုတိုက်ခိုက်ပစ်လိုက်ဖို့ ဆန္ဒရှိခဲ့တဲ့ငါက
ဒီနေ့ကျ တိတ်တဆိတ်နေချင်ပြန်တယ်။

ဒါကြောင့်ပဲ ရုပ်ရှင်တွေတည်ရှိနေတာဖြစ်မယ်။
ဒါကြောင့်ပဲလူတွေ အချစ်ကိုတောင်းတကြတာနေမယ်။

ကျူးလွန်သူကငါဖြစ်ပြီး နစ်နာသူကလည်း ငါဖြစ်နေပြန်တယ်။
အရာအားလုံးကိုလက်လွှတ်နိုင်ဖို့ဆိုရင် ငါ့ကိုယ်ငါလည်း ခွင့်လွှတ်ရလိမ့်ဦးမယ်။

🍀

12/04/2026

Mini Diary - 63

အဲ့ဒီလိုနဲ့ တစ်စုံတစ်ယောက်အပေါ် အလုံးစုံမှီခိုမိလိုက်မှာကိုလည်းမရဲ
တစ်စုံတစ်ယောက်အတွက် ပုခုံးတစ်ဖက်ဖြစ်မပေးနိုင်မှာကိုလည်းမရဲ
မှီခိုမိတဲ့ပုခုံးမှာ မျက်ရည်တွေ ထင်ကျန်မှာကိုလည်းမရဲ

🍀

22/03/2026

- After -

ဝေးသွားကြတဲ့နောက်...
တစ်ယောက်ရဲ့မနက်တွေမှာ တစ်ယောက်မပါတော့ဘူး။
နောက်ဆိုနဲ့ စတဲ့စကားဝိုင်းတွေမှာ
တစ်ယောက်က မသက်ဆိုင်တော့ဘူး။
ခရီးဟာ အကွာဝေးတူသည့်တိုင်
ရှုခင်းနဲ့ရှုထောင့်တွေ မတူတော့ဘူး။

🍀

18/03/2026

- Loop -

အရာရာမှာ နှောင့်နှေးခဲ့လို့ဖြစ်မယ်
မေ့ပျောက်ခြင်းတွေမှာတော့ အချိန်ကြာ​ကြာယူရတယ်။
မေတ္တာတရားမှာလည်း မရေလည်ခဲ့ပါဘူး။
ချစ်နေယုံအပြင်မတတ်နိုင်ခဲ့တော့
သံသရာဟာ တကယ်ကိုရှည်ကြာမြဲပဲ။

ကိုယ်နားလည်ထားတဲ့ အဖန်တစ်ရာဆိုတာ ဒီလိုလေ...
မေ့မေ့ပျောက်ပျောက်နဲ့ ခရီးရောက်ခဲ့လည်း
နွေဦးတွေမှာဆို မင်းကျောပြင်ဆီကိုသာ အခေါက်ခေါက်ပြန်ရောက်ချင်လာတာမျိုး။
ဝဋ်နာကံနာလှလှလေးဟာတော့
နွေရာသီတစ်ခုရဲ့ လမ်းမပေါ်ကနေ ပြန်လှည့်ကြည့်ခဲ့ဖူးလေရဲ့။

ကိုယ်ဟာ လောဘမဲ့ပေမယ့်
မင်းကျောပိုးအိတ်ဘေးက သော့ချိတ်လေးအဖြစ်တော့ ကပ်ပါချင်မိသေးတယ်။
ကိုယ့်ကိုယ်ကိုယ်အရှုံးပေးချင်လာရင်တောင်
မင်းကိုတော့ဖြင့် အခါခါ ပြန်ဆယ်မိနေပါသေးတယ်။

အိပ်မက်တွေမကောင်းတိုင်း
အဦးဆုံးစိုးရိမ်မိတာဟာ မင်းပဲ။
မေတ္တာတရားရဲ့အကွာအဝေးတွေ မတိကျတဲ့အခါ
ပူပန်ခြင်းတွေဟာလည်း အရာမဝင်ခဲ့။

စိတ်ချမ်းသာစေချင်တယ်။
ကိုယ်ကျန်းမာစေချင်တယ်။
ကိုယ်နဲ့ဝေးရာအရပ်မှာ
အအေးမမိစေချင်တာဟာလည်း အချစ်ပဲအချစ်ရဲ့...

🍀

Want your public figure to be the top-listed Public Figure in Pyinmana?
Click here to claim your Sponsored Listing.

Category

Website

Address


Pyinmana