AEIOU 7 Laptop Shop
ကံကောင်းကြပါစေ
အားလုံး
♥♥အမြစ်အညွန့် နောက်မတွန့်နဲ့♥♥
**************************************
အလွန်အင်မတန်မှအစွမ်းထက်မြက်ပြီး
ကောင်းမွန်ထူးခြားလို့
ဒီယတြာပညာခန်းကိုလုပ်ဖို့ နောက်မတွန့်နဲ့.....
အချိန်မဆွဲနဲ့...လို့ဆိုတာပါ။
ယခင်ကလည်းဖော်ပြပေးခဲ့ဖူးပါတယ်။
အခုလည်း ခုနှစ်ရက်သားသမီးအပေါင်းတို့
အတွက်လိုအပ်မယ်ထင်နေလို့ထပ်မံ
ဖော်ပြပေးရခြင်းဖြစ်ပါတယ်။
မည်သည့်ကိစ္စ ဒုက္ခ အခက်အခဲမှာမဆို
သုံးလို့ရတယ်။
#အလုပ်အကိုင်အဆင်မပြေဘူးလား......
ဒီယတြာပဲလှူ။
#အိမ်တွင်းရေးတွေအဆင်မပြေဘူးလား.....
ဒီယတြာပဲလှူ။
#အတိုက်အခံအနှောက်အယှက်တွေကြုံနေလား...
အခြားနည်းနဲ့မလုပ်တတ်ရင် ဒါပဲလှူ။
#နိုင်ငံခြားခရီးကိစ္စလား....
ဒါပဲလှူ။
#အမှုအခင်းပြဿနာကြုံနေလား.....
မိမိဘက်ကသာမှန်ကန်နေရင် ဒါပဲလှူ။
#ကျန်းမာရေးခဏခဏချူချာနေလား.....
ဒါကိုပဲလှူလိုက်ပါ။
#စီးပွားရေးတွေကျဆင်းလို့ကံတွေနိမ့်နေလား...
ဒါကိုပဲ လှူလိုက်ပါ။
ကျွန်ုပ်၏အတွေ့အကြုံအရ(၂၁)ရက်
အတွင်းမထူးခြားတဲ့လူ မရှိသေးဘူး။
ယ္ခုတော့ပညာဒါနအဖြစ်ဖော်ပြပေးတော့မယ်။
**တနင်္ဂနွေသားသမီးတွေ အတွက်
ဒန်းကြီး (နှစ်ဆယ့်ငါး)ညွန့်၊သောကြာသားသမီးကို
အောင်အိုးဖြင့်တင်လှူခိုင်းပါ။
ဒန်းကြီးမရလျှင် နှင်းဆီ(ဆယ်ပွင့်)၊ကံကော်
(ဆယ့်ငါးညွန့်)နှစ်မျိုးပေါင်းတင်ပါ။
**တနင်္လာသားသမီး
သြဇာညွန့်(ဆယ့်လေးညွန့်)၊စနေသားသမီးကို
အောင်အိုးဖြင့်တင်လှူခိုင်းပါ။
**အင်္ဂါသားသမီးဆိုရင်
ခရေညွန့်(သုံးဆယ့်နှစ်)ညွန့်၊တနင်္ဂနွေသားသမီးကို
တင်ခိုင်းပါ။
**ဗုဒ္ဓဟူးသားသမီး
စံပယ်ညွန့်(နှစ်ဆယ့်ခုနှစ်)ညွန့်၊တနင်္လာကို
တင်လှူခိုင်းပါ။
**ကြာသပတေးသားသမီးတွေ
လသာညွန့်(သို့)လောက်သေညွန့်(သုံးဆယ့်ရှစ်)ညွန့်
အင်္ဂါတစ်ဦးဦးကိုတင်ခိုင်းပါ။
**သောကြာသားသမီးတွေ
ပိတောက်ညွန့်(နှစ်ဆယ့်ကိုး)ညွန့်၊
ဗုဒ္ဓဟူးသားသမီးကိုတင်လှူခိုင်းပါ။
**စနေသားသမီးတွေ
သပြေ(နှစ်ဆယ့်တစ်)ညွန့်၊အုန်းညွန့်(ခြောက်)ညွန့်
ကြာသပတေးသားသမီးတစ်ဦးကိုတင်လှူခိုင်းပါ။
မိမိကိုပြင်ဆင်တင်ပေးမယ့် နေ့သားသမီးမရှိရင်
ရှာမရအောင်ခက်နေရင်တော့
ကိုယ်တိုင်သာတင်လှူပြီးဘုရားရှိခိုးဆုတောင်းသမှု
ပြုလုပ်နိုင်ပါတယ်။
ဒီယတြာရဲ့ထူခြားချက်ကတော့စလှူသည့်နေ့မှ
(နှစ်ဆယ့်တစ်)ရက်တိတိ ရေမလည်း၊
မထိမကိုင်ပဲ နေ့စဉ်အဓိဋ္ဌာန်ပြုဆုတောင်းသမှုပြု
ရတယ်။
(နှစ်ဆယ့်တစ်)ရက်ပြည့်ပြီးနောက့်နေ့မှ
အားလုံးကိုအိတ်နှင့်ထုတ်ပြီး(အိုးလိုက်)
ရေသွားမျှောပစ်ရတယ်။
(ငါ့ရဲ့မကောင်းတဲ့ကံအညံ့တွေကြေ)လို့
ပြောလိုက်ရတယ်။
#လိုအပ်ပါကထိုယတြာကို (သုံးကြိမ်)အထိ
ပြုလုပ်လိုက်ခြင်းအားဖြင့် အတိုင်းထက်အလွန်ပဲ
ဖြစ်ပါကြောင်း....စေတနာကောင်းဖြင့်.....။
စေတနာမှန်လျှင်ကံကောင်းမည်
ကေဇော်ဟိဏ်း
၀၉၇၆၈၂၅၈၁၇၁
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
ရန်ကုန်-မန္တလေး လမ်းဟောင်း , Boss KTV အနီး
Pyinmana