Myanma Gems Enterprise

Myanma Gems Enterprise

Share

Photos from Myanma Gems Enterprise's post 12/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

နေပြည်တော် မေ ၁၂

၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပြပွဲတွင် အုပ်စု(C)မှ ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀)အထိ ကျောက်စိမ်းအတွဲပေါင်း (၈၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၇၅၈)တွဲ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ (၃၇၉)တွဲ၊ ကျောက်မျက်အတွဲ (၈၈)တွဲ၊ အုပ်စု(A)နှင့် အုပ်စု(B)မှ ကျောက်စိမ်းအတွဲ (၁၅၃၉)တွဲနှင့် အုပ်စု (C)မှ ကျောက်စိမ်းအတွဲ (၁၇၁၂)တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း (၃၂၅၁)တွဲကို ရောင်းချပေးနိုင်ခဲ့သည်။

ယခုကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မေ ၃ ရက်မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Photos from Myanma Gems Enterprise's post 10/05/2024

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ ဆက်လက်ကျင်းပ

နေပြည်တော် မေ ၁၀

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်းရတနာကုန်သည်များသည် နံနက်ပိုင်းမှစတင်၍ မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသော ပြည်တွင်းရတနာကုန်သည်များကိုသာ မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် အုပ်စု(C)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့တွင် အုပ်စု(C)မှ ကျောက်စိမ်းအတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀)အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲများအတွက် တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကြပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ပြပွဲ နဝမနေ့တွင် ကြေညာသွားမည်ဖြစ်သည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့်လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့်လည်း စည်ကားလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ရတနာကုန်သည်များက ဝယ်ယူလိုသည့် ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ စနစ်တကျထည့်သွင်းဆောင်ရွက်နေမှု၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များ ရောင်းချနေမှု၊ လုပ်ငန်းကော်မတီများအလိုက် ရတနာပြပွဲဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မေ ၃ ရက် မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲဒုတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၈၂)တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၉၇)တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲပေါင်း (၈၈)တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၄၆)တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၅၆၉)တွဲနှင့် သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၄၂၄)တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Want your business to be the top-listed Jewelery/watch Store in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Address


Pyinmana