TNA Chinese Language Center

TNA Chinese Language Center

Share

01/11/2023

👩" #အတုယူရမည့်အမျိုးသမီးများ"👩
💗💗💗💗💗💗💗💗💗💗

👩 'စိတ်ဓာတ်တည်ကြည်သော အမျိုးသမီးက
တာဝန်တစ်ခုကို မနိုင်ဝန်မထမ်းဘူး။
ကတိစကားတစ်ခွန်းကို...
ချင့်ချိန်ပြီးမှပြောဆိုတတ်တယ်။

👩 'ရိုးသားသောအမျိုးသမီးတစ်ဦးက
ကိုယ်ကျိုးတစ်ခုပဲ မကြည့်တတ်ဘူး။
လုပ်ဆောင်မှုတိုင်း သူတစ်ပါးအတွက်
အမြဲထည့်တွက်ပေးတတ်တယ်။

👩 'ထက်မြက်တဲ့အမျိုးသမီးက
အသည်းကွဲခြင်းကို
ဆွေးဖို့အချိန်မပေးဘူး။
အချိန်မှီသင်ခန်းစာယူပြီး
အနာဂတ် တိုးတက်အောင်ပဲ
တွေးဖို့အချိန်ယူတယ်။

👩 'နှလုံးရည် ပြည့်ဝတဲ့ အမျိုးသမီးက
ဘယ်တော့မှ...
တစ်ပါးသူပိုင်ဆိုင်တာကို လုမယူဘူး။
ကိုယ်ပိုင်ပစ္စည်းဥစ္စာကိုပဲ
အမြတ်တနိုးတန်ဖိုးထားတတ်တယ်။

👩 'ဥာဏ်ရည်ပြည့်ဝသောအမျိုးသမီးက
ထက်မြက်တဲ့လူရဲ့နောက်ကလိုက်ရတဲ့
လမ်းကို မှီခိုမလိုက်ဘူး။
ကိုယ်တိုင်လမ်းကိုကိုယ်တိုင်ဖောက်ဖို့
တခဏတာပဲတပည့်ခံတယ်။

👩 'တကယ်ခေတ်မှီတဲ့အမျိုးသမီးက
မိတ်ကပ်နဲ့မျက်နှာဆေးခြယ်သဖို့ပဲ
တွေးမနေဘူး။
သူမဘဝအောင်မြင်မှု့ ပတ်ဝန်းကျင်နဲ့
ဘယ်လို နေထိုင်သင့်တယ်...
ဘယ်လိုတိုးတက်ပြောင်းလဲနေတယ်
ဆိုတာပဲ အဓိကအာရုံထားတယ်။

👩 'တော်တဲ့အမျိုးသမီးတစ်ဦးက
အချစ်ကိုမရှိမဖြစ် ဘဝ တစ်ခုလုံးလို့
သတ်မှတ်မထားဘူး။
ဘဝရဲ့ မရှိလည်းဖြစ်တဲ့
လိုအပ်ချက်တစ်စိတ်တစ်ပိုင်း လို့ပဲ
သတ်မှတ်ထားတယ်။

👩 'ယဉ်ကျေးတဲ့အမျိုးသမီးက
စကားတစ်ခွန်းကို
နှုတ်ခမ်းဖျားက မဖန်ဆင်းဘူး။
ဦးနှောက်နဲ့ ပိုင်းဖြတ်၊
နှလုံးသားနဲ့ ဆန်းစစ်ပြီးမှ
စကားတစ်ခွန်းဖန်ဆင်းတယ်။

:

"မျှဝေပါတယ်"
#ရသစုံ

Photos from TNA Chinese Language Center's post 31/10/2023

အိမ်သန့်ရှင့်ရေးပစ္စည်းလေးတွေ
တရုတ်လိုလေ့လာကြမယ်

Want your public figure to be the top-listed Public Figure in Pyinmana?
Click here to claim your Sponsored Listing.

Category

Website

Address


Pyinmana
ďż˝