SHWE PO
မင်အားလုံးကိုannounceလုပ်ချင်တာလေးရှိလို့ပါ
မင်ဆိုင်လေးကိုရက်အကန့်အသတ်မရှိရပ်နားလိုက်ပါပြီ
ဆိုင်ကအိမ်စီးပွားရေးမဟုတ်ပဲနဲ့မင်တို့ညီမနှစ်ယောက်ကိုပဲအိမ်ကဖွင့်ပေးထားတာဆိုတော့ မင်ညီမလေးကလည်းသူပညာရေးအတွက်ဆိုင်ကိုမလုပ်ပေးနိုင်တော့သလို မင်ကလည်းကျန်းမာရေးအခြေအနေတွေကြောင့်ဆိုင်ကိုသေချာမလုပ်နိုင်တာ ၃လ လောက်ရှိနေပါပြီ ဆိုင်ကခလေးတွေနဲ့ပဲထားတာပါ
မင်ကိုယ်တိုင်မဦးစီးနိုင်တော့တဲ့အနေအထားမှာ ဆိုင်ကလိုအပ်ချက်လေးတွေ မဆင်မပြေမှု့လေးတွေအတွက်လည်းအနူးအညွတ်မေတ္တာရပ်ခံပါတယ်
မင်ကကျောက်ကပ်ရောဂါဖြစ်နေတဲ့သူမို့လို့ ဆိုင်နဲ့ကလုံးဝအဆင်မပြေပါဘူး မင်ရောဂါကသေချာကုသဖို့အချိန်လိုနေတာမို့လို့ ဒီလိုဆုံးဖြတ်ချက်ချလိုက်ရတာပါ
မင်တို့အိမ်ကလည်းစီးပွားရေးကိုယ်စီနဲ့မို့လို့ မင်ဆိုင်ကိုကူညီလုပ်ပေးနိုင်တာလည်းမရှိပါဘူး
ဆိုင်ပိတ်ထားတာ၃ရက်ရှိပါပြီ
Postမတင်ဖြစ်တဲ့အတွက် ပြန်သွားရတဲ့သူတွေရော ဖုန်းဆက်မေးတဲ့သူတွေရော တကယ်ကိုအားနာရပါတယ် မင်ဆိုလည်းဆိုင်စာချုပ်က2လပိုင်းမှ့ပြည့်မှာဆိုတော့ ဒီဆုံးဖြတ်ချက်ချဖို့ကိုအများကြီးဝမ်းနည်းရပါတယ်
မင်ဆိုင်ကမိတ်ဟောင်းမိတ်သစ်များအားလုံးလည်းကျေးဇူးတင်ပါတယ်
ရောဂါတွေအရမ်းထူပြောနေတဲ့ဆုတ်ခေတ်ကာလမှာ ဘာသာရေးတွေပိုလုပ်ကြပါ ကျန်းမာရေးကိုအထူးဂရု့စိုက်ကြပါ ကိုယ်ချင်းစာတရားတွေပိုထားကြပါ
မင်ကျန်းမာရေးကောင်းသွားလို့ဆိုင်လေးပြန်ဖွင့်တဲ့အချိန်ကျရင်ပြန်တွေ့ကြပါမယ် 💗
page give away လေးမဲဖောက်ပေးတာပါရှင့်
Su Mar (ပင်လယ်စာရှမ်းကော)
Pwint Wai (ကြက်ရှမ်းကော)
Van Ra Kim(ဝက်ရှမ်းကော)
ရေဘေးကူညီမှု့လေးတွေလုပ်နေတာရယ်
မင်ပုဂံကမနေ့ကပြန်ရောက်တာရယ်ကြောင့် နောက်ကျသွားပါတယ်ရှင့်💛
16/09/2024
ကံဦးကျွန်းတောဓမ္မာရုံမှာရှိတဲ့ ရေဘေးသင့်ပြည်သူ ၁၀၆ ဦးကို
ကြက်ကြော်...
ပုဇွန်ခြောက်ကြော်
ချဥ်ဟင်း...
အတို့အ့မြှုပ်...စုံလင်အောင်လေးစီစဥ်လှူဒါန်းဖြစ်တာလေး...
၈ ရက်သားသမီးများအားလုံးကျန်းမာရွင်လန်းကြပါစေ...
15/09/2024
Hello!
မင်မနေ့ကဆိုင်လေးနောက်ကျမှ့ဖွင့်တာပါရှင့်
(14.9.2024)မင့်ဆိုင်ကkitchen helperလေးရေဘေးသွားလှူတာမို့လို့ မင်ခွင့်ပေးထားတာပါ
မင်လည်း(14.9.2024)နေ့ကရေဘေးဒုက္ခသည်တွေကိုလက်ခံထားတဲ့ဘုန်းကြီးကျောင်းကိုထမင်းနဲ့ဟင်းလှူဖို့အတွက်သွားစကားပြောနေတာမို့လို့ မင်ဆိုင်က စားပွဲထိုးခလေး"တွေကိုပဲ မင်ဆိုင်အရင်ဖွင့်ခိုင်ထားတာပါ
လာရတာဝေးပေမဲ့မင်ကိုချစ်တဲ့စိတ်နဲ့လာအားပေးတာကို မင်ကpostမတင်မိလိုပြန်သွားရတဲ့လယ်ဝေး
က မမတွေကိုလည်း မင်တကယ်အနူးအညွတ်မေတ္တာရပ်ခံပါတယ်
မင်ဆိုင်ကdeli က NPT Delivery Team နဲ့ grap app ရယ် deli နှစ်ခု့ပဲချိတ်ထားတာပါ
ရေဘေးကာလမှာNPT Deli teamကရေဘေးအတွက်ပဲအဓိကထားပြီးလုပ်ဆောင်နေတာမို့လို့
deli wayတွေထက် ဆိုင်ကိုလာယူတာက ပိုအဆင် ပြေပါတယ်
အိမ်အရောက်deli မရလို့ မင့်ကိုရိုင်းစိုင်းကြမ်းတမ်းတဲ့စကားတွေပြောတဲ့ကာကာလေးကိုလည်း မင် Ss တွေမတင်တော့ပါဘူးနော်
ရေဘေးသတင်းတွေဖုံးမှာဆိုးလို့ပါ
ဒီကာလမှာရေဘေး စစ်ဘေးထက် ဘယ်ဟာမှ့အရေးမကြီးပါဘူးရှင့်
ကိုယ့်နေတဲ့နေရာမှာရေဘေးဒုက္ခမရှိရင် ဒုက္ခဖြစ်တဲ့နေရာတွေကိုစာနာကြပါ
မင်ကိုယ်တိုင်တောင် အိမ်ကရေဘေးတောက်လျှောက်လှူနေတာကို သတင်းဖုံးမှာဆိုးလို့မတင်ပါဘူးရှင့် မင်ဆိုင်ကလှူတာလေးတွေပဲမင့်ဆိုင်ကို ချစ်ခင်အားပေးကြတဲ့ ထမင်းရှင်များ ကျေနပ်ပိတိလေး ဖြစ်အောင်တင်ပေးတာပါ
မင်စိတ်ထားဘယ်လိုလဲဆိုတာ မင်ဆိုင်ကိုလာအားပေးတဲ့ကာကာလေးများအသိဆုံးပါ
ဒီpostကိုလည်းမတင်မဖြစ်လို့ တင်ရခြင်းပါ
မင်တို့ဘာသာရေးတွေပိုလုပ်ကြမယ်
ကိုယ်ချင်းစာတရားတွေပိုထားကြပြီး စစ်ဘေး သဘာဝဘေး ကပ်ကြီး ၃ပါးကိုအတတ်နိုင်ဆုံးကျော်လွှားကြမယ်...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
P5QM+2FG SHWE PO, Aung Chang Thar-Street, Taungnyo Road
Pyinmana
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |