Rain Moltivation
07/06/2025
Civil Engineeringနှင့် ပတ်သတ်သောအကြောင်းအရာများအား လေ့လာလိုလျှင်၊ ဆွေးနွေးတိုင်ပင်လိုလျှင် အောက်ပါ telegram channel လေးမှာ ဝင်ရောက်ဆွေးနွေး လေ့လာနိုင်ပါတယ်ခင်ဗျာ။
https://t.me/civiltalksmm
-ဘာတွေဆွေးနွေးသွားမလဲ။
Civil engineerနှင့်ပတ်သတ်သော ဗဟုသုတများအား အခြေခံမှစတင်၍ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ အခြားလေ့လာစရာဗဟုသုတ်များ၊ လိုအပ်သော software အသုံးပြုနည်းအခြေခံများ၊ ဖတ်စရာစာအုပ်များ၊ pdf fileများကိုပါ တင်ပေးသွားမည်ဖြစ်ပါသည်။
-အဓိကရည်ရွယ်ချက်
Uni တက်လက်စဖြစ်နေသော ကျောင်းသားကျောင်းသူ လူငယ်များအတွက် မသိသေးသောအရာများအား လေ့လာနိုင်ရန် သိပြီးသားsenior engineerများမှ နည်းပြအကြံပေးဆွေးနွေးနိုင်ရန် ဖြစ်ပါတယ်။
-မည်သည်တို့ကိုမှီမြန်း၍ဆွေးနွေးပေးမည်နည်း။
Uni lifeမှ engineerဘဝအထိ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ စာအုပ်များ၊ လေ့လာထားသမျှကို မှီမြန်း၍ ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။
Channelလေးအား joinချင်ပါကအောက်ဖော်ပြပါ linkတွင် ဝင်ရောက် ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။
https://t.me/civiltalksmm
ကျွန်တော်ဒီနေ့စာမရေးချင်လို့ ရေနံသာမောင်ကျော်ညွန့်ရဲ့ကဗျာလေးပဲတင်ပေးလိုက်ပါတယ်။
ရေစီးကသန် လှိုင်းကထန်
ကူးရန်မဝံ့ ရွံ့ကြောက်တယ်၊
အလို.....ဘယ့်နှယ် ရွံကြောက်တယ်
ရွံ့စိတ်ကြောက်စိတ် ဖယ်လိုက်ကွယ်၊
ရေပြင်ကျယ်ကျယ် လှိုင်းကြမ်းကြမ်း
ရဲရဲဝံဝံ ကူးလိုက်စမ်း။
ရှေ့မှာကမ်းခြေ ရောက်သူတွေ
နည်းနည်းနောနော မဟုတ်ပေ။
သူတို့တွေလို သတ္တိဇွဲ
သင့်ဆီမှာလည်းရှိသားပဲ။
ရေနံသာမောင်ကျော်ညွန့်
18/01/2021
Ambition
အခုအမှတ်စာရင်းတွေထွက်နေပြီဆိုတော့ အမှတ်သိပြီးဘာလုပ်ရမှန်းမသိတဲ့သူတွေအတွက်၊ရည်မှန်းချက်ပျောက်နေသူတွေအတွက်၊ရည်မှန်းချက်မပြည့်သူတွေအတွက်အကြံပေးချင်တာလေးရှိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဆယ်တန်းဖြေပြီးတဲ့အထိဘာ့လုပ်ရမှန်းဘာဝါသနာပါမှန်းမသိခဲ့ပါဘူး။ရည်မှန်းချက်ပျောက်နေခဲ့ပါတယ်။အဲ့တာနဲ့ရည်မှန်းချက်ကိုဘယ်လိုရှာရမလဲဆိုတာလေ့လာခဲ့ပါတယိ။ကျွန်တော်သိသွားတဲ့နည်းကတကယ်ထိရောက်ပါတယ်။အဲ့နည်းကတော့စမ်းလုပ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ဘာသာစကားလေ့လာတာဝါသနာပါမလားဆိုပြီးလုပ်ကြည့်ပါတယ်။ခဏပဲ။ဝါသနာမှမပါတာကို။ဒီလိုလုပ်ကြည့်ရင်းနဲ့နောက်ဆုံးတွေ့ရှိသွားခဲ့ပါတယ်။အဲ့တာကတော့စီးပွားရေးလုပ်ဖို့ပါ။ဒါကြောင့်ရည်မှန်းချက်ပျောက်နေသူတွေကစမ်းလုပ်ကြည့်ရပါမယ်။ ဒါဆိုရင်ရည်မှန်းချက်ရှိတယ်၊ဒါမဲ့အမှတ်မမီဘူး၊အိမ်ကသဘောမတူဘူးဆိုရင်ကော သူတို့ဖြစ်ချင်တာလုပ်ပေးလိုက်ပါ။ဒါကtradeတစ်ခုပါ။ပြီးမှကိုယ်ဖြစ်ချင်တာကိုအခြားတစ်ဖက်ကနေလေ့လာပါ။ဒါဆိုရင်နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အပြင်သင်ဟာပညာနှစိခုကိုတစ်ပြိုင်နက်တက်မြောက်မာဖြစ်ပါတယ်။ဒါကြောင့်ရည်မှန်းချက်ပျောက်နေသူတွေကစမ်းလုပ်ကြည့်ပါ။ရည်မှန်းချက်မပြည့်တဲ့သူကရည်မှန်းချက်ကိုတွဲလုပ်ပါ။
11/01/2021
Stay at Present
"သင်စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့အတိတ်အကြောင်းပဲတွေးနေလို့ပါ။"
"သင်အမြဲစိုးရိမ်ပူပန်နေတယ်ဆိုရင်တော့သင်ဟာအနာဂတ်အကြောင်းပဲအမြဲတွေးနေလို့ပါ။"
"သင်စိတ်ငြိမ်းချမ်းနေတယ်ဆိုရင်တော့သင်ပစ္စုပ္ပန်မှာနေ နေလို့ပါ။"
Lao Tzu
စိတ်ဓာတ်ကျတယ်ဆိုတာကျွန်တော်တို့လူသားတွေရဲ့မွေးရာပါအကျင့်တစ်ခုပါ။စိတ်ဓာတ်မကျအောင်အမြဲတမ်းကိုယ့်ကိုမြင့်တင်နိုင်တာလူတော်တွေရဲ့အကျင့်ပါ။ Lao Tzu ပြောတဲ့စကားကတိုတိုနဲ့ထိရောက်ပါတယ်။ကျွန်တော်တို့ဟာအတိတ်ကိုပြန်တွေး၊အမှားတွေကိုပြန်တွေးပြီးစိတ်ဓာတ်ကျနေတတ်ပါတယ်။ကျွန်တော်တို့ဟာအတိတ်ကကိစ္စတွေကိုပြုပြင်လို့မရပါဘူး။ထပ်မဖြစ်အောင်ပဲလုပ်လို့ရပါတယ်။ဒါ့ကြောင့်အတိတ်မှာနစ်မြုပ်မနေပဲရုန်းထွက်ကြည့်ပါ။ထင်တာထက်ပိုစိတ်ချမ်းသာရပါတယ်။တစ်ခါတလေကျတော့လည်းအနာဂတ်နွံထဲမာနစ်ပြန်ရော။ကျွန်တော်10တန်းတုန်းကလိုပေါ့။စာမေးပွဲအကြောင်းစဥ်းစားလိုက်ရင်အဲ့နေ့စာမလုပ်ဖြစ်တော့ဘူး။ဒါ့ကြောင့်အနာဂတ်ဟာလည်းနစ်မြုပ်ရင်မကောင်းပါ။ဒါကြောင့်နည်းသစ်တစ်ခုကျွန်တော်ပြောပြပါမယ်။အတိတ်ကြောင့်စိတ်ဓာတ်ကျမှုတွေ၊အနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေကိုmoltivationအဖြစ်ပြောင်းလဲပြီးပစ္စုပ္ပန်မှာနေထိုင်ခြင်းပါပဲ။ကျွန်တော်စာခိုးချခဲ့ပါတယ်။ဆရာမကမိပါတယ်။အပြောခံရပါတယ်။အဲ့တာကိုတွေးပြီးစိတ်ဓာတ်ကျနေပါတယ်။ဒါကိုနောက်တစ်ခါငါထပ်မဖြစ်အောင်စာကြိုးစားမယ်ဆိုပြီးmoltivationအဖြစ်ပြောင်းပြီးကြိုးစားလိုက်ပါတယ်။အနာဂတ်ကစာမေးပွဲကိုကြောက်နေမဲ့အစားစာမေးပွဲမှာအေးဆေးဖြစ်အောင်စာလုပ်မယ်ဆိုပြီးပြောင်းလိုက်ပါတယ်။လုံးဝmoltiအပြည့်ဖြစ်သွားပြီးအရင်ထက်ပိုပြီးကြိုးစားချင်လာပါတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာကပစ္စုပ္ပန်မှာနေပါ။ဖြစ်လာသမျှစိုးရိမ်မှုစိတ်ဓာတ့ကျမှုတွေကိုmoltiအဖြစ်ပြောင်းလဲပါ။ဒါဟာသင့်အတွက်အကောင်းဆုံးဆီခေါ်ဆောင်သွားမှာပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Maung Khin Street
Pyinmana