NPT Haymar Collection

NPT Haymar Collection

Share

02/06/2026

ဒီမုန့်လေးကို မြင်တော့ ငယ်ငယ်က ပုသိမ်ဆေးရုံဘေးက ပမဝတီ motel ဘေးနားက ပူတင်းဆိုင်လေး သွားသတိရမိတယ်
မြန်မာမုန့်တွေကို အချိန်လေးနဲ့ ရောင်းတာ
မုန့်အချိုတွေ သိပ်မကြိုက်တတ်ပေမဲ့ အာ့မုန့်လေးကိုတော့ ကြိုက်မိတယ်
ငယ်ငယ်က အမေ့လက်ဆွဲပြီး လမ်းလျှောက် အိမ်ပြန်တဲ့လမ်းမှာ
အာ့ဆိုင်ရှေ့ကဖြတ်ရတယ် ဖြတ်တိုင်းလဲ စားခြင်တယ်
အမေဆူမှာစိုးတာရော အမေပိုက်ဆံကုန်မှာစိုးလို့ရော မပူစာခဲ့ဘူးစားခြင်စိတ်မျိုသိပ်ခဲ့ရတာပေါ့
(အမေကအပြင်စာတွေတော်ရုံဝယ်မကျွေးပဲ အိမ်မှာပဲလုပ်ကျွေးတာများပါတယ်)
ငယ်ဘဝအမှတ်တရတွေထဲ အာ့ကြက်ဥပူတင်းမုန့်လေးက
တစိတ်တဒေသ အမှတ်ရစရာပဲ
တခါတလေ တချို့အတိတ်တွေက ဝမ်းနည်းမျက်ရည်ကျရတဲ့
အပိုင်းတွေ ပါလာတတ်တယ်
ဘာရယ်မဟုတ် ကြက်ဥပူတင်း ( မြန်မာမုန့်လေး ) သတိရခြင်း

Photos from NPT Haymar Collection's post 21/05/2026

ဧရာဝတီလမ်းပေါ်က လက်ဖက်ရည်ဆိုင်ကြီးရဲ့ ပိုင်ရှင်မမက
ညီမလေးရေ မကွေးဧရာပဒေသာလေး တပြည်လောက်စမ်းချက်ဖို့ပို့ပေးပါတဲ့
မမရေ အဆင်ပြေလားဆိုတော့ ညီမလေးရေ ပြေတယ်ဆန်လေးကောင်းတယ် စမ်းချက်ခိုင်းပြီးပြီ
3 အိတ်အရင်ပို့ပေး တခြားဝယ်ထားတာကုန်ရင် ထပ်ယူမယ်နော်

ဒီဆန်လေးက ကုန်းဇောင်းဧရာပဒေသာဆန်ကို ထိပ်စမဝင်တဲ့
ရိုးရိုးစက်ကျလေး စျေးအရမ်းတန်ပြီး ထမင်းသားအရမ်းကောင်းတယ်

3 အိတ်ကနေစပြီး ဖောက်သည်စျေးပေးပါတယ်ရှင််
တစ်သိန်းကျော်ပဲကျမှာပါရှင်
လက်လီ လက်ကား ရပါတယ်

14/05/2026

နေပြည်တော်က မကွေးသူတော်တော်များများ ဟေမာ့ဆီက
ကုန်းဇောင်းဧရာပဒေသာဆန်ကို သူတို့နယ်ဆန်လေးဆိုပြီး
ဝယ်စားကြတယ် အိမ်ကိုမမှာတော့ဘူး ညီမလေးရောင်းပေးတော့ နီးနီးနားနားအဆင်ပြေသွားတယ်တဲ့
ကုန်းဇောင်းဧရာပဒေသာဆန်ကလဲ ဆရာကြီး
သူ့စားပြီးရင် ကျန်တဲ့ဆန်မတိုးဘူး
စားကောင်းတာက ဘယ်ဆန်နဲ့မှမတူတာ
စားကောင်းသလောက်ကစီဓါတ်ကြနည်းတယ်
ဆီးချိုသမားအတွက် တော်တော်အဆင်ပြေတဲ့ဆန်

ဟေမာ အခု 50 25 25စားနေတာ ဒီဆန်လေးနဲ့

#

Want your business to be the top-listed Shop in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


ပ 76/သပြေကုန်းပွဲရုံတန်း/နေပြည်တော်
Pyinmana
951