Theint Zar Online Shop

Theint Zar Online Shop

Share

04/10/2025
30/09/2025

မအူပင်နှင့် ဧရာဝတီအနီးတဝိုက်က နယ်သူနယ်သားတွေ အားကိုးအားထားပြုရတဲ့ သမားတော်ကြီး​ဒေါက်တာထွဋ်မင်းဟန် ရုတ်တရက်ကွယ်လွန်သွားတယ်ကြားရတယ်။
စိတ်ကေါင်းသဘောကေါင်း လူနာတွေအပေါ်စေတနာထားတဲ့ သမားတော်တဦးမို့
နှမျောဝမ်းနည်းမိပါတယ်ဗျာ။

နှလုံးရှော့(Heart attack) ရသွားတယ်ပြောနေကြလို့ ကိုယ်ဖတ်ဖူးတာလေးမျှဝေပါရစေ။

" Heart Attack " ဖြစ်ခြင်းကို ကာကွယ်ဖို.
~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရုတ်တရက်

နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့

သေစေနိုင်သော အခြေအနေကနေ

ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ပါ။

နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ

အထူးသတိထားဖတ်မှတ်ထားဖို့လိုပါတယ်....။

(၁ ) အခုအချိန်က သင် အလုပ်မှာ

အရမ်းပင်ပန်းလာပြီး အိမ်ကို

တယောက်တည်း ပြန်လာတဲ့ ညဘက်

ခုနစ်နာရီခွဲလောက်လို့ ဆိုကြပါစို့။

(၂ ) သင်ဟာ တကယ်ပဲ

မောပန်းနွမ်းလျ နေမှာပေါ့။

(၃ ) ရုတ်တရက် သင့်ရဲ့ ဘယ်ဘက်ရင်အုံမှာ

စူးပြီးနာလာမယ်။ အဲ့လို နာနေတာကနေ

သင့်ရဲ့ လက်မောင်း နဲ့ မေးရိုးတွေပါ

နာသလို အောင့်သလို ဖြစ်လာမယ်။

အခြေအနေက ရုတ်တရက် ပိုဆိုးလာမယ်။

သင့်အိမ်နဲ့ အနီးဆုံး ဆေးရုံကလည်း

သုံးမိုင်လောက် ဝေးနေတယ်။

(၄ ) ကံမကောင်းစွာပဲ သင် ဆေးရုံကို

ရောက်အောင် သွားနိုင်မလားဆိုတာ

မသေချာဘူး ဖြစ်နေတယ်။

(၅ ) သင်ဟာ အရေးပေါ်

အသက်ကယ်ကုသနည်း (CPR) ကို

သင်ဖူးပေမယ့် သင့်ကိုယ်သင်

ဘယ်လိုပြန်ကယ်မလဲ။

(၆။ တယောက်တည်းရှိနေချိန်

ရုတ်တရက် နှလုံးသွေးကြောပိတ်ဆို့ခြင်း

( Heart attack) ဖြစ်နေတော့

ဘယ်လိုလုပ်ရမလဲ။

နှလုံးခုန်နှုန်းကလည်း ပုံမမှန် ။

လူကလည်း သတိလစ်ဖို့

တစ်ဆယ်စက္ကန့်လောက်ပဲ

လိုတော့တယ် ဆိုကြပါစို့။

(၇ ) အဲ့လို ခံစားနေရရင်

ပြင်းပြင်းထန်ထန် ထပ်ကာထပ်ကာ

ချောင်းဆိုးခြင်းဖြင့် သင့်ကိုယ်သင်

ကယ်တင်နိုင်ပါတယ်။

ချောင်းတခါ မဆိုးခင်တိုင်း

အသက်ဝဝရှူပါ။

ချောင်းဆိုးရင်လည်း သလိပ်ထွက်အောင်

ဆိုးနေရသလို ကြာကြာဆိုးပါ။

နှစ်စက္ကန့် တကြိမ်စီ အသက်ဝဝရှူလိုက်

ချောင်းဆိုးလိုက် လုပ်နေပါ။

နှလုံးခုန်တာ ပုံမှန်ပြန်ဖြစ်တဲ့အထိ ၊

သို့မဟုတ် ကူညီမယ့်လူရောက်တဲ့အထိ

ဆက်လက်လုပ်ဆောင်ပါ။

(၈ ) အသက်ဝဝရှူတာက

အဆုတ်ကို အောက်ဆီဂျင်

များများရစေပါတယ်။

ချောင်းဆိုးတာက နှလုံးကို ညှစ်ပေးပြီး

သွေးလည်ပတ်မှုကို ဆက်ထိန်းပေးရုံသာမက

နှလုံးခုန်နှုန်းပြန်မှန်အောင် လုပ်ပေးပါတယ်။

ဒီနည်းနဲ့ Heart attack ရနေသူတွေ

ရုတ်တရက် မသေဆုံးပဲ

ဆေးရုံကိုရောက်အောင် ကူညီနိုင်ပါတယ်။
_______________

အောက်ပါနည်းလမ်းတွေကို လိုက်နာခြင်းဖြင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါတယ် -

၁။ ကျန်းမာတဲ့ အစားအစာများ စားသုံးပါ

· အဆီကြော်အစားအစာတွေကို ရှောင်ပါ။ အထူးသဖြင့် ပြည့်ဝဆီ (Saturated fat) နဲ့ ထရန်စ်ဖက်စ်အဆီ (Trans fat) များတဲ့ အစားအစာတွေ (ဥပမာ - အဆီများတဲ့အသား၊ မလိုင်အပြည့်ပါတဲ့နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွတ်)။
· ဆားလျှော့စားပါ။ ဆိုဒီယမ်များတဲ့ အစားအစာတွေက သွေးတိုးစေနိုင်ပါတယ်။
· အသီးအရွက်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်းနဲ့ လုပ်ထားတဲ့အစားအစာတွေ ကို ပိုမိုစားသုံးပေးပါ။
· ငါးကို တစ်ပတ်နှစ်ကြိမ်ခန့် စားပေးပါ။ အိုမီဂါ ၃ ဖက်တီးအက်စစ်ကြွယ်ဝတဲ့ ဆော်လမွန်ငါးလိုမျိုးကို စားပေးနိုင်ပါတယ်။

၂။ ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

· တစ်ပတ်ကို မိနစ် ၁၅၀ ခန့် (သို့) တစ်ရက်ကို မိနစ် ၃၀ ခန့်၊ တစ်ပတ်ငါးရက် လမ်းအပြေးလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
· ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

၃။ ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ

· ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို အဓိကတိုးစေတဲ့အကြောင်းရင်းဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ၊ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၄။ အရက်သောက်သုံးမှုကို ကန့်သတ်ပါ

· အရက်ကို အတိုင်းအတာထိန်းသောက်ပါ။ တစ်ရက်ကို အမျိုးသားဆိုရင် နှစ်ပက်ထက်၊ အမျိုးသမီးဆိုရင် တစ်ပက်ထက် မပိုသင့်ပါဘူး။

၅။ သွေးတိုး၊ ဆီးချို၊ ကိုလက်စထရောမြင့်တက်မှုကို ထိန်းချုပ်ပါ

· ပုံမှန်ဆေးစစ်ပါ။ ဒီရောဂါတွေရှိရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးသောက်ပြီး ထိန်းသိမ်းပါ။

၆။ စိတ်ဖိစီးမှုကို လျှော့ချပါ

· တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့ စိတ်လှုပ်ရှားမှုလျှော့ချနည်းတွေကို လုပ်ဆောင်ပါ။
· အိပ်ရေးဝအောင် အိပ်ပါ (တစ်ညကို ၇-၈ နာရီ)။

၇။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ

· နှလုံးရောဂါဖြစ်နိုင်ခြေရှိမရှိ သိရှိဖို့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုကို မမေ့မလျော့ပြုလုပ်ပါ။

အရေးပေါ်လက္ခဏာများကို သိရှိထားပါ

· ရင်ဘတ်အောင့်ခြင်း (ဖိညှစ်ထားသလိုနာကျင်ခြင်း)၊
· မောခြင်း၊
· ပျို့အန်ခြင်း၊
· ချွေးပြန်ခြင်း၊
· ဇက်ကြော၊ မေးရိုး၊ လက်မောင်းတွေ နာကျင်ခြင်း စတဲ့လက္ခဏာတွေ ပေါ်လာရင် အရေးပေါ်ဆေးကုသမှုခံယူပါ။

Heart attack အတွက် လိုက်နာသင့်တဲ့ABCDEFGH

A
Antiplatelet-Aspirin ဒါမှမဟုတ် Clopidrogel
သွေးကြဲဆေး (လေဖြတ်ဖူးရင် လေဖြန်းဘူးရင် နှလုံးသွေးကြောကျဉ်း/ပိတ်ဘူးရင် ခြေထောက်သွေးကြော ကျဉ်းပိတ်ဘူးရင် နှလုံးသွေးကြောချဲ့ပိုက်ထည့်ထားရဘူးရင်)

Anticoagulation သွေးမခဲဆေး (နလုံးခုန်မူမမှန်ရင် သွေးခဲပိတ်ဘူးရင်)

ACEI/ARB ကျောက်ကပ်ထိမ်းသွေးပေါင်ညှိဆေး

Alcohol
အရက်အလွန်အကျွံ မသောက်စေနဲ့
တနေ့ ဘီယာ ၁ဗူး ဝိုင် ၁ ခွက် ဝီစကီ ၁ ပက် လောက်က ရပါတယ်

B
Beta Blocker နှလုံးခုန်ညှိဆေး
သူကအသက်ရှည်စေတယ်ဆိုသဗျ
နှလုံးခုန်ချက်ကဘသူမှသာမသိတာ Limit များရှိသလားမသိ မြန်လေ စောစောဒုက္ခရောက် နှေးလွန်းလည်းမကောင်း တမိနစ် ၉၀ အောက်လောက်

C
Cholesterol အဆီချဆေး
Cigarette ဆေးလိပ်ဖြတ်ဖို့

D
Dapagliflozin နှလုံး ကျောက်ကပ်ကာကွယ်ဆေး (ဆီးချိူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ)
Diuretic ဆီးဆေး နှလုံးအဆုတ်ရေမလွှမ်းဆေး
Digoxin နှလုံးခုန်နှူံးထိမ်း ညှစ်အားကောင်းဆေး

E
Elpirinone/ Spironolectone
ဆီးဆေး နှလုံးရေဖိအားများမဖေါင်းအောင်တားဆေး

ECHO
နှလုံးအာထရာဆောင်းရိုက်ပေါ့ဗျာ ဘယ်လောက်အားနည်းလည်းသိရသပေါ့

F
Fluid Restriction
ရေ အဖျော်ရည် အရမ်းမသောက်ကြနဲ့ တနေ့ ၂ လီတာထက်ကျော်ရင် နှလုံးအားနည်းရင် ဖော မော ရှော မယ်

G
Glucose control
ဆီးချိူ သွေးချိူထိမ်းဖို့လည်း လိုသကိုးဗျ
အင်္ဂလိပ်လို ၅ နဲ့ ၁၂ ကြား ဗမာလိုဆို ၁၀၀ ကနေ ၂၀၀ ကြား ထိမ်းထား

H
Hypertension သွေးတိုးထိမ်းဖို့ကလည်းအထူးအရေးကြီးသဗျ ၁၃၀/၈၀ အောက်ရောက်အောင်ထိမ်း

Heart Failure Team Referral
လေ့လာတွေ့ရှိချက်တွေအရ အဲ့အဖွဲ့တွေကတစိုက်မတ်မတ်ဆက်ကြည့်သွားရင်သေတာပိုနည်းဆိုသကိုး

Copy from Professor Dr. Than Win
Photo courtesy of မအူပင်သတင်းပုံရိပ်

Want your practice to be the top-listed Clinic in Pyinmana?
Click here to claim your Sponsored Listing.

Website

Address


12/50, Bo Ta Yar Road, Mankyitaw Qtr
Pyinmana
15012

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 12:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00