Atmos English Community
05/07/2026
ဒီနေ့ ပြုံးပျော်ပြီး ပီတိတွေ ဖြစ်ကြရတဲ့နေလေးပါပဲ။
Atmos ဆိုတာ ကြိုးစားတဲ့လူငယ်တွေ ပြည့်နေတဲ့ နေရာလေးတစ်ခုပါ။ ဒီနေရာလေးမှာ မတူညီတဲ့ လူငယ်တွေ လာဆုံကြပြီး မတူညီတဲ့အရာတွေကို အပြန်အလှန်သင်ယူကြရင်း ကိုယ်ရဲ့ Growth ကို တည်ဆောက်ကြပါတယ်။
လက်ရှိဖွင့်လှစ်ထားတဲ့ အတန်းတွေမှာ ယခုနှစ် Grade 12 ဖြေဆိုအောင်မြင်ထားကြတဲ့ ကျောင်းသား၊ ကျောင်းသူ (၃၆) ဦး ရှိပါတယ်။
ဒီနေ့မှာတော့ Batch အသီးသီးက အကိုတွေ အမ စုစည်းပြီး Grade 12 ဖြေဆိုအောင်မြင်သူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အစီအစဥ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
Grade 12 အောင် စာရင်းထွက် တဲ့ နေ့ကတည်းက အကိုတွေ အမတွေက ကျောင်းသားတွေနဲ့ အတူ အိပ်မပျော်ဘဲ အောင်စာရင်း အတူရင်ခုန်ခဲ့ကြရာကနေ ဒီနေ့လို ဂုဏ်ပြုတဲ့အစီအစဥ်လေးဖြစ်လာပါတယ်။
✅ နှစ်ချင်းပေါက် အောင်မြင်သူ - ၂၀ ဦး
✅ (၁) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ - ၇ ဦး
✅ (၂) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ - ၃ ဦး
✅ (၃) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ - ၁ ဦး
✅ (၄) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ - ၃ ဦး
✅ နေပြည်တော် Top Ten ဝင် အပါအဝင်
(၆) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ - ၂ ဦး ၊ စုစုပေါင်း ၃၆ ဦးတို့ကို အကို၊ အမတွေက ချစ်ခြင်းမေတ္တာတွေနဲ့ သီကုံးထည့်ဝင်ထားတဲ့ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြပါတယ်။
အစီအစဥ်မှာ အောင်မြင်အောင် စောင့်ရှောက်ပေးခဲ့ကြတဲ့ မိဘတွေရော ၊ သင်ကြားပေးခဲ့ကြတဲ့ ဆရာ-ဆရာမတွေရောပါ Mention ၍ ဂုဏ်ပြုခဲ့ကြပါသေးတယ်။
Atmos သည် Grade 12 မှ မဟုတ်ဘဲ မိမိတို့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြတဲ့ ကြိုးစားကြသော မည်သူ့ကိုမဆို အသိအမှတ်ပြု တန်ဖိုးထား ဂုဏ်ပြုပေးသည်မှာ Atmos ရဲ့ Signature တစ်ခုဖြစ်ပါတယ်။
ကြိုးစားသူမှန်သမျှ အတွက် Atmos English Community 💯
Atmos Panel Discussion ✨
Topic : The Rumoured Urbanization
Facilitator : Thuta Kyaw Kyaw
Panelists : Thurein Myo Thwin Oo (Pre+inter-9) , Wai Min Ko (Pre+inter-9) ,
Yadanar Aye Chan Wai (Pre-10) ,
Thin Nandar Zaw (Pre-10)
24/06/2026
June လရဲ့ နောက်ဆုံး Sunday မှာ English speaking လေ့ကျင့်ရင်း ဖြတ်သန်းဖို့ ready ဖြစ်ပြီလား? 👀✨
အားလုံးစောင့်မျှော်နေကြတဲ့ နေပြည်တော်နဲ့ ပျဉ်းမနားဝန်းကျင်မှာ တစ်လတစ်ခါ ပုံမှန်ကျင်းပပြုလုပ်နေတဲ့ Atmos Conversation Club လေး ပြန်လည်ရောက်ရှိလာပါပြီ! 💙
အင်္ဂလိပ်စာတိုးတက်ချင်ရုံတင်မကဘဲ ရည်မှန်းချက်တူ၊ ဝါသနာတူတဲ့ မိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံပြီး ideas တွေဖလှယ်ကာ meaningful conversations တွေ ပြုလုပ်ရင်း networking တည်ဆောက်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
✨ No pressure, no judgment — just conversations, connections and good vibes.
ထုံးစံအတိုင်း snacks နဲ့ refreshments များကို Club ဘက်မှ FREE provide လုပ်ပေးသွားမှာဖြစ်ပါတယ်။ ☕🍪
📅 Date – 28.6.2026 (Sunday)
🕘 Time – 10:00 AM – 12:00 AM
📍 Location – Nan Sein Cafe (ပြန်ကပြေး)
အင်္ဂလိပ်စာကို စိတ်ဝင်စားသူတိုင်း အခမဲ့ join လို့ရပြီး လူပြည့်မြန်တဲ့အတွက် အမြန်ဆုံး register လုပ်ထားဖို့တော့ မမေ့နဲ့နော်!
See you at Atmos Conversation Club
English စကားပြောရတာကို ဝါသနာပါသူ မည်သူမဆို အခမဲ့ Join လိုရတာဖြစ်တဲ့အပြင် လူဦးရေ
ကန့်သတ်ချက်ရှိတာမို့လို့ အောက်ပါ Link မှာ
အခုပဲ Register လုပ်ထားပေးကြပါဦးနော်...
🔗 Register Here: [Google Form Link ဖြည့်ရန်]
https://forms.gle/3XRbUsJxL8dwBdSB6
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
U Street, Shwechi Quarter
Pyinmana
15012
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |