W&H Engineering Service & Computer Training Center
09/12/2022
အလုပ်လုပ်ရာမှာအဆင်ပြေစေဖို့ မှတ်သားအတုယူစရာလေးတွေ 🤩
နဲ့ ပြဿနာ
ခုခေတ်မှာ အဆောက်အဦးတခု ဆောက်တော့မယ်ဆိုရင် အရင်ဆုံးစပီးမေးမြန်းစုံစမ်း စကားပြောကြတာ pae ဘယ်လောက်လဲ ဆိုတာပါဘဲ
အကြမ်းထည်စျေးနှုံး ဘယ်လောက်လဲ ?
အချောထည်စျေးနှုံး ဘယ်လောက်လဲ ?
ဒါလောက်ဘဲ အဓိကထားသိချင်ကြတာပါ
အဲလိုဆိုတော့ ကျနော်တို့က ဘယ်လိုလက်ခံနားလည်ထားကြသလဲ ?
#အကြမ်းထည် ဆိုရင် ဘာတွေပါဝင်မလဲ ?
#အချောထည် ဆိုရင် ဘယ်အဆင့်ကိုပြောတာလဲ ?
#အကြမ်းထည် လေဘာသက်သက်ဆိုရင် ဘယ်အဆင့်အထိ ပါဝင်မလဲ ?
#အကြမ်းထည် ပစ္စည်း +လက်ခ အပြီးဆို ဘယ်အဆင့်ပြီးစီးမှုကိုလဲ ?
#အချောထည် လေဘာသက်သက်ဆို ဘယ်အဆင့်အထိ ပါဝင်မလဲ ?
#အချောထည် ပစ္စည်း +လက်ခ အပြီးဆို ဘယ်အတိုင်းအတာအထိ ပြီးစီး မှုကိုလဲ ?
အတော်ပြောဆို ဆွေးနွေးညှိနှိုင်း ယူရမယ့်ကိစ္စရပ်တွေပါ
ကျနော်ကတော့ ကျနော်လုပ်ပေးနိုင်တဲ့အနေအထားတခု ကို PUBLIC မှာ ချပေးထားပါတယ်
#အကြမ်းထည် လေဘာသက်သက်ဆို ဘယ်အတိုင်းအတာအထိ
#ပစ္စည်း + လက်ခအပြီးဆို ဘယ်အတိုင်းအတာအထိ
#အချောထည် ဆိုရင် ရေမီးဆေး သုံးမျိုးဘဲလား ?
ကြွေပြား ဘယ်လောက်ခင်းပေးရမလဲ ?
မျက်နှာကျက် ပါသေးလား?
ပါရင် 2ပေပတ်လည်လား ?
ဂျက်ဆင်ဘုတ် ပလိန်းလား ?
ဒီဇိုင်း ပါသေးလား ?
ဒီဇိုင်းပါရင် ဆေးနဲ့ မီးက အကျယ်တဝင့်ဆွေးနွေးဖို့လိုပြန်ပါပီ
#ဟိုဟာမပါ ဒီဟာမပါ ပြဿနာတွေရဲ့ မူရင်းဇစ်မြစ်က ဒီဇိုင်း မပြတ်သားမှု ဒီဇိုင်း မရှိမှု တွေအပေါ်မှာ အခြေခံပါတယ်
အိမ်ဆောက်တော့မယ်ဆိုရင် အပ်သူ ဆောက်သူ နှစ်ဦးလုံးအတွက် ဒီဇိုင်းဟာ မဖြစ်မနေရှိရမယ့် အရာတခုလို့ ပြောချင်ပါတယ်
နှုတ်တရာ စာတလုံးဆိုတာထက် ပုံလေးတပုံ မျှ မရှိဘဲ ပါးစပ်ပြော ဒီဇိုင်းနဲ့ ဆောက်နေရင်း မြင်တွေ့ရာရာ ပုံတကာက သူများလုပ်ထားတာ တွေ့တိုင်း ပုံရိုက်ယူ ထည့်လုပ်ခိုင်းနေကြရမယ်ဆိုရင်
PAE မှာ ဒါမပါဘူးလား ?ဆိုတဲ့ပြဿနာတွေ တန်းစီပေါ်လာပါမယ်
ပါးစပ်ပြောနဲ့ အလုပ်လုပ် ရရင် အသံဖမ်းမှတ်သားပါ ,စာတမ်းရေး မှတ်တမ်းထားပါ ,စာချုပ်သည်အခရာ ဖြစ်တဲ့အတွက် ပြည့်ပြည့်စုံစုံ စာချုပ်မဖြစ်မနေ ထည့်ချုပ်ပါ
အောက်ထစ်ဆုံး ဆောက်လုပ်ရေး လုပ်ငန်းသုံး ရေ လျှပ်စစ်မီး စက်မီး မစ်ဆာအိုးကအစ စက်ဆီ အဆုံး စာချုပ်မှာရှင်းရှင်းလင်းလင်း ပါဝင်ပါစေ
လူပုဂ္ဂိုလ် အပေါ် ခင်မင်မှုလေးစားမှု နဲ့ ရေရှည် အလုပ်လုပ်လို့မရပါခမျာ
ကိုယ့်တာဝန် သူ့တာဝန် ကျေပြွန်မှုဖြင့်သာ အလုပ်ပိုင်းဆိုင်ရာ ပြီးမြောက်အောင်မြင်နိုင်ကြောင်းပါခမျာ
နှစ်ဦး နှစ်ဖက် မျှတခြင်း ကျေနပ်ခြင်းများ ရရှိပြီး စိတ်ချမ်းသာစရာ နေ့ရက်များဖြင့် ခရီးဆက်နိုင်ကြစေဖို့
#ကပ္ပိယကြီး
#အရှေ့ဒဂုံ
#09777573878
Photo internet
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 194, Bogyoke Road
Pyay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |