PKA International School

PKA International School

Share

08/06/2026

"PKA မှာ Mochi လုပ်ကြမယ်ဗျို့..." 🍮🍮

ဒီနေ့မှာတော့ Japanese Class မှ ကလေးတွေကိုယ်တိုင် ဂျပန်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ Mochi (မိုချီ) ကို step by step ပြုလုပ်ပြင်ဆင်ခဲ့ကြတဲ့ video လေးကို မျှဝေပေးချင်ပါတယ်။

ဒီ"မိုချီ"မုန့်လေးကနေတဆင့် ဂျပန်နိုင်ငံရဲ့ အစားအသောက်တွေ၊ ရိုးရာယဥ်ကျေးမှုဓလေ့တွေအကြောင်း လေ့လာမှတ်သားမိစေဖို့ ရည်ရွယ်ပြီးတော့ မုန့်ပြုလုပ်တဲ့ activity လေးကို ဖန်တီးပေးရခြင်းဖြစ်ပါတယ်။

ကဲ.. ဒီ video လေးထဲမှာ မိုချီမုန့်ကို သားသားမီးမီးတို့ကိုယ်တိုင် ဘယ်လိုပါဝင်ပြီး လက်စွမ်းပြထားကြလဲဆိုတာကို အတူကြည့်လိုက်ကြရအောင်..👀👀

07/06/2026

Pre KG အတန်းမှ သားသားမီးမီးလေးများရဲ့ ''Introduction Video'' 🎬🎬

(ကဲ.. Pose ပေးတာ ဘယ်သူအလန်းဆုံးဖြစ်မလဲ.. comment မန့်ခဲ့နော် ) 😍😍

02/06/2026

ပြည်မြို့ရှိ PKA International School တွင် အောက်ပါ position အတွက် အလုပ်ခေါ်ယူလျက် ရှိပါသည်။

HR manager (male/female) - 1 post

Position Summary
HR Manager သည် ကျောင်း၏ Human Resources လုပ်ငန်းများအားလုံးကို ဦးဆောင်စီမံခန့်ခွဲရမည်ဖြစ်ပြီး ဝန်ထမ်းရေးရာစနစ်များ ထိရောက်စွာ လည်ပတ်စေရန်၊ အလုပ်ပတ်ဝန်းကျင်ကောင်းမွန်စေရန်နှင့် လုပ်ငန်းအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် တာဝန်ယူရမည်ဖြစ်ပါသည်။

Key Responsibilities
-Recruitment, onboarding နှင့် staffing process များကို စီမံခန့်ခွဲရမည်။
-Payroll, attendance နှင့် HR administration လုပ်ငန်းများကို ကြီးကြပ်ရမည်။
-Performance appraisal နှင့် staff development ကို ဦးဆောင်ရမည်။
-ရေးဆွဲထားပြီးသား HR handbook policies များကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ရမည်။
-Senior management သို့ HR reports တင်ပြရမည်။

Requirements
-Human Resources နှင့် ဆက်စပ်သော ဒီပလိုမာ (သို့) ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
-HR နှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။ (ပညာရေးနယ်ပယ်တွင်ရှိသူ ဦးစားပေးမည်)
-HR systems နှင့် Microsoft Office အသုံးပြုနိုင်ရမည်။
-အလုပ်နှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များ တာဝန်ယူထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။
-Leadership skill နှင့် communication skill ကောင်းသူ ဖြစ်ရမည်။

Benefits
Annual trip
Accommodation Fee
Travelling Allowance
Annual Bonus

CV ဖောင် ပေးပို့လိုပါက
Email - hr.preciouskidsacademy@gmail.
Viber - +959257096834

Photos from PKA International School's post 28/05/2026

🌙 Eid Mubarak! ✨
မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ဖြစ်ပါစေ။

ယနေ့ မေလ (၂၈) ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ ''Eid al-Adha'' နေ့ထူးနေ့မြတ်တွင် မိသားစုဝင်များ၊ မိဘပြည်သူများနှင့် သားသားမီးမီးငယ်များအားလုံး ချစ်ခြင်းတရား၊ ငြိမ်းချမ်းခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း PKA International School မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

(ကဲ... အီးဒ်နေ့အတွက် ဆုတောင်းစကားလေးတွေ Comment မှာ ပြောပေးသွားကြပါဦးနော်...)🕋✨

Happy Eid Mubarak! 🎊🎊

#အီးဒ်နေ့

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 15, Yadanar De Pa Street, Ya Be Quarter
Pyay
08151

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00