PTU Book Club
08/08/2020
အာ့ဒါပါပဲ သူငယ်ချင်း
တို့စဥ်းစားလို့ ရပါတယ်
မှတ်ကွယ် မှတ်ကွယ်။
#မင်းသုဝဏ်
#လူကလေးတို့ရဲ့မိတ်ဆွေ_ငှက်ကလေးတွေ
04/07/2020
ယခုအပတ်တော့ စာဖတ်ပရိသတ်တေအတွက် motivation ဖြစ်စေမယ်စာအုပ်ကောင်းလေးတစ်အုပ်ကိုတင်ပေးချင်ပါတယ်။
ဆရာမိုးရှင်းရဲ့ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်လေးဟာ အားလုံးသိကြတဲ့အတိုင်း နာမည်ကြီးပြီးသား bestsellers စာရင်းဝင်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်လေးက နည်းအမျိုးမျိုးနဲ့စိတ်ဓာတ်ကျနေသူများအတွက် မဖြစ်မနေဖတ်သင့်တဲ့စာအုပ်လေးပါ။ စိတ်ဓာတ်ခွန်အားတက်စေမယ့်အကြောင်းအရာများစွာတို့ကို ခေါင်းစဥ်`၂၈´ခု ခွဲပြီးရေးသားထားတာတွေ့ရပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်စိတ်ဓာတ်ကျနေခြင်းအကြောင်းအရင်းတေမတူပါဘူး။ ဆင်းရဲတဲ့သူကလည်းဆင်းရဲတဲ့အတွက် ချမ်းသာတဲ့သူကလည်းချမ်းသာတဲ့အလျောက်ဆိုးရိမ်ပူပန်မှုတွေဆုံးရှုံးမှုတေကြောင့်စိတ်ဓာတ်ကျကြပါတယ်။ စိတ်ဓာတ်ကျနေသူတေကိုလည်းစာအုပ်များများဖတ်ခြင်း၊ အတိတ်မှာပိတ်မနေစေခြင်း အနာဂတ်ကိုကြိုတွေးမပူစေခြင်း၊ပြဿနာနဲ့ကြုံရင် (အာလူး၊ကြက်ဥ၊ကော်ဖီ)မည့်ကဲ့သို့ကျင့်ကြံသင့်ကြောင်း သာဓကများစွာ၊ အောင်မြင်နေသူများစွာ(Steve jobs)တို့ရဲ့ မိန့်ခွန်းတေကိုဘာသာပြန်ပြီးရေးသားထားတာတွေ့ရပါတယ်။ အချစ်ရေးကြောင့်အသဲကွဲ စိတ်ဓာတ်ကျနေသူတေကိုလည်း အသဲကွဲသူများသို့ပေးစာဆိုတဲ့ခေါင်းစဥ်လေးနဲ့ စိတ်ဓာတ်ခွန်အားပေးထားတာတွေ့ရပါတယ်။
ဒီစာအုပ်လေးဟာလူငယ်တေမဖြစ်မနေဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးကိုဖတ်ပြီး နေ့စဥ်အလုပ်တေကိုစိတ်ဖိစီးမှုမရှိပဲပျော်ရွင်စွာလုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဒီစာအုပ်လေးကို တော့comment က link မှာ download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Telephone
Website
Address
Pyay Technological University
Pyay