Shwe 2 Shwe-S2S

Shwe 2 Shwe-S2S

Share

24/11/2025

👩‍🦰 အမဲစက် တင်းတိတ်​တွေကို နဂိုထက် (၄)ပတ်အတွင်းသိသာစေမည့် Healthy Shop Complex White Cream😉

🤷‍♀️ သဘာဝဆေးဖက်ဝင်ပစ္စည်းများ လက်ဖက်ဖြူနှင့် Q10 တို့နဲ့ထုတ်လုပ်ထားလို့ ချစ်လေးတို့ အသားအရေကို စိုပြေဖြူဝင်းစေပါတယ်

💦 အစိုဓာတ်ကို တစ်နေကုန် ထိန်းသိမ်းပေးခြင်းကြောင့် ဖြူဖွေးနူးညံ့စိုပြေ ဝင်းလက်တောက်ပသော မျက်နှာလေးကို ရရှိစေပါတယ်

⚠️ ကြိုတင်ကာကွယ်မှုအနေနဲ့ အပြင်သွားမယ်ဆိုရင်တော့ SPF 35 ပါဝင်တဲ့ Sun Productလေးတော့လိမ်းပေးရပါမယ်နော်

👑အမဲစက်၊ တင်းတိတ်၊ မှဲ့ခြောက်တွေကို သိသိသာသာ ပျောက်ကင်းစေပါတယ်။

Price-37500ks

02/11/2025

သမိုင်း​ကြောင်းလဲကောင်းပီးပစ္စည်းအရည်သွေးမှန်ကန်စိတ်ချရဲ့😍😍healthy shop lipsticksများကိုသာရွေးချယ်အသုံးပြုကြဖို့တိုက်တွန်းချင်ပါတယ်နော်👐👐🍀 မိတ်ဆွေတို့ရဲ့ နေ့စဉ် အလှအပရေးရာမှာ အသုံးပြုနေတဲ့ နှုတ်ခမ်းနီများ ထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်ဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်ကနေ တွေ့ရှိရတဲ့ ကက်မီယမ် (Cadmium) လိုမျိုး သတ္တုလေးတွေရဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ဗဟုသုတ ဝေမျှပေးလိုပါတယ်။

ကက်မီယမ်ဆိုတာ အဆိပ်အတောက် ပြင်းထန်တဲ့ သတ္တုလေးတစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်ကို စမ်းသပ်စစ်ဆေးခဲ့တဲ့ နှုတ်ခမ်းနီ နမူနာများ အားလုံး မှာ တွေ့ရှိခဲ့ရတာဟာ အလှကုန်လောကအတွက် စိုးရိမ်စရာ အခြေအနေတစ်ခုပါ။

ကက်မီယမ်ဟာ က'င်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

ရေရှည် ထိတွေ့မှုကြောင့် အောက်ပါ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားလာနိုင်ပါတယ်။

-ကျောက်ကပ် ပျက်စီးခြင်း

-အဆုတ် ထိခိုက်မှု

-အရိုးတွင်း သတ္တုဓာတ် လျော့နည်းခြင်း

-ဟော်မုန်း စနစ် မူမမှန်ခြင်း

အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ ကက်မီယမ် စုပုံလာတာကြောင့် ဒီဆိုးကျိုးတွေ ဖြစ်လာဖို့ အလားအလာ ပိုများလာပါတယ်။

👄 နှုတ်ခမ်းနီမှ ကက်မီယမ် ဘယ်လို ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်သလဲ?
နှုတ်ခမ်းနီဟာ ကက်မီယမ်ကို ခန္ဓာကိုယ်ထဲ ရောက်ရှိစေနိုင်တဲ့ အဓိက လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

နှုတ်ခမ်းပေါ် တိုက်ရိုက် လိမ်းကျံရပြီး နှုတ်ခမ်းသားဟာ ပါးလွှာတဲ့ အရေပြား ဖြစ်တာကြောင့် ဓာတုပစ္စည်းတွေကို အလွယ်တကူ စုပ်ယူနိုင်ပါတယ်။

အစာစားတဲ့အခါ၊ ရေသောက်တဲ့အခါ သို့မဟုတ် နှုတ်ခမ်းလျက်တဲ့အခါမျိုးမှာ နှုတ်ခမ်းနီ အနည်းငယ်စီကို မကြာခဏ မျိုချမိခြင်းကနေတစ်ဆင့် ကက်မီယမ်ဓာတ်ကို ခန္ဓာကိုယ်ထဲ ဖြည်းဖြည်းချင်း စုပုံလာစေပါတယ်။

✅ စားသုံးသူများ သတိပြုလိုက်နာရမယ့်အချက်များ
ဒီလို အခြေအနေမျိုးမှာ စားသုံးသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အသိပညာရှိရှိ ရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ်။

နာမည်ကောင်းကို ရွေးချယ်ပါ- ဘေးကင်းရေး စံနှုန်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာတဲ့၊ သမိုင်းကြောင်းကောင်းမွန်တဲ့ နာမည်ကောင်းရှိ အမှတ်တံဆိပ်များ ရဲ့ နှုတ်ခမ်းထုတ်ကုန်တွေကိုသာ ရွေးချယ်သုံးစွဲပါ။

ပါဝင်ပစ္စည်းများကို ဖတ်ရှုပါ- ကိုယ်သုံးစွဲမယ့် အလှကုန်ပစ္စည်းများရဲ့ ပါဝင်ပစ္စည်းစာရင်း (Ingredient List) ကို အမြဲ သတိထား စစ်ဆေးပါ။

အလှကုန်လုပ်ငန်းမှာ ပိုမို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဥပဒေပြုသူများကို တောင်းဆို တိုက်တွန်းနိုင်ပါတယ်။

သုတေသနများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အလှကုန်ပစ္စည်းတွေရဲ့ ဘေးကင်းမှုကို အာမခံနိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးအတွက် အလှအပပစ္စည်းများကို သတိထား ရွေးချယ်သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

09/09/2025

ကိုယ်ခံစွမ်းအား အမြင့်ဆုံးဖြစ်နေဖို့ Pollen Forte ကိုနေ့စဉ်သောက်ပါ💪💪

🌻Bee Pollen ဟာ ခန္ဒာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အဟာရဓာတ်များကို ရရှိစေတဲ့ သဘာဝအားဆေးဖြစ်ပါတယ်။🌻

👍 ခန္ဓာကိုယ်ခုခံအားကောင်းစေသည့် အကျိုးပြုဘတ်တီးရီးယားများ ပါဝင်တာကြောင့် ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ် ..

👉 Health Plus pollenforte တွင် အစွမ်းထက် ပျားဝတ်မှုန်အနှစ် ရာနှုန်းပြည့် ပါဝင်ပြီး အလွန်သေးငယ်တဲ့ ပျားဝတ်မှုန် (Ultrafine Particles cell wall broken bee pollen) ဖြစ်တာကြောင့် အစွန်းအာနိသင် မိုမိုထက်မြက်ပါတယ်..

🌻 အစာခြေအင်ဇိုင်းမြောက်မြားစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကို အထူးကောင်းမွန်စေပါတယ်

👍 အူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးပါတယ်

🌻 ပျားဝတ်မှုန်မှာ အရွယ်မတိုင်မီ အိုမင်းခြင်းကို ဟန့်တားပေးတဲ့ အဖိုးတန် ဟော်မုန်းတွေပါဝင်လို့ ခန္ဓာကိုယ်ကို ပြန်လည်နုပျိုလှပစေပါတယ်..

👍 လိင်ပိုင်းဆိုင်ရာစွမ်းအင်ကို လှုံ့ဆော်ပေးတဲ့ သဘာဝဟော်မုန်းများ ပါဝင်လို့ သဘာဝအတိုင်း စိတ်ကျေနပ်မှုကိုရရှိစေပါတယ်

🌻 လူတင်းဓာတ်ပါဝင်တာကြောင့် မျက်စိအမြင်လွှာကို ထိခိုက်ပျက်စီးစေတဲ့ အရာများကို အကာအကွယ်ပေးနိုင်ပါတယ်

👍 ပျားဝတ်မှုန်မှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်များသည် တစ်ရှူးအသစ်ပွားများမှုကို လျှင်မြန်စေ၍ အနာကျက်မြန်စေပါတယ်

🌻 ပျားဝတ်မှုန်ရှိ သဘာဝဟော်မုန်းသည် အသက်(၄၀)ကျော် အမျိုးသားများတွင် ခံစားရလေ့ရှိတဲ့ ဆီးကျိတ်ကြီးရောဂါကို ကာကွယ်ကုသနိုင်ပါတယ်

👍 ပျားဝတ်မှုန်တွင် ပါဝင်တဲ့ ဖီဒိုင်းလ်အယ်လနင်းသည် ကိုယ်အလေးချိန်လျှော့ချနေသူများအတွက် အစာမစားခင်သောက်ပါ

ကိုယ်အလေးချိန်ပြည့်ဝလိုသူများအတွက် အစာစားပြီးသောက်သုံးနိုင်ပါတယ်

🌻 တစ်ခါသောက် (၂)လုံး - မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပါ
လိုအပ်ပါက တစ်နေ့(၃)ကြိမ်သောက်နိုင်ပါတယ် ..

Photos from Shwe 2 Shwe-S2S's post 01/09/2025

September မှာ ခေါင်းအစ ခြေအဆုံး တကိုယ်လုံးကိုလှစေမယ့် အတန်ဆုံး promotion တွေနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ 🤩🤩🤩

Shampoo + Treatment (or) Shower + Lotion တတွဲဝယ်တိုင်းမှာ The Saem ရဲ့ O2 Bubble Mask (5) ထုပ်ကို လက်ဆောင်ရယူနိုင်မှာဖြစ်သလို 👍👍👍

Nacific product တွေကို အကောင်းဆုံး quality , အတန်ဆုံးစျေးဖြစ်တဲ့ Real Floral Essence(50% OFF) နဲ့ နာမည်ကျော် လူကြိုက်များတဲ့ Origin Serum , Cica Serum ( 30% OFF) တွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ် ✨✨✨

ဒါကြောင့် ... အတန်ဆုံး promotion တွေနဲ့ လှသထက်လှဖို့ အခုပဲ messenger မှာ Hello, Hi ရင်း မေးဝယ်လိုက်ကြပါစို့ 🥳🥳🥳

Photos from Shwe 2 Shwe-S2S's post 23/08/2025

အကောင်းစား Korea Skin Care ဖြစ်တဲ့ Nacific အမှတ်တံဆိပ်ဆိုတာ ရတနာလိုမျိုး တန်ဖိုးရှိတဲ့ သဘာဝရဲ့စွမ်းအင်ကို ပိုင်ဆိုင်ထားလို့ လူတိုင်းကချစ်ကြတဲ့ Brand ဖြစ်ကာ သုံးပြီးရင်းကို သုံးချင်ကြတာမို့ ကိုယ့်ရဲ့ရတနာကို Nacific Set တွေထဲမှာ အဖြေရှာလိုက်ပါ 💛🤍💚🩷

18/08/2025

ဆံပင်ထိန်းသိမ်းနည်း
(ဗဟုသုတဖြစ်အောင် တင်ပေးလိုက်ပါတယ်ရှင့်)

မိန်းကလေးတိုင်းက လှပတဲ့ဆံသားကို ပိုင်ဆိုင်လိုကြပါတယ်။ ဆံသား လှပဖို့ အတွက် သင့်အနေနဲ့ဆံသား ကို ထိန်းသိမ်းစောင့်ရှောက်မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်းစောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။

၁။ညအိပ်ရာမဝင်ခင် ဆံပင်ကိုပုံမှန်ဖြီး ပေးပါ။

၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြု ပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေးအသုံးပြုပါ။

၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေပြီး ဆံပင်တွေ ပြတ်စေပါတယ်။

၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအတိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာကြောင့်ပါ။

၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှ ရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင်ရှားပါ။

၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံလောက်ပါက ဖြည့်စွက်သောက်သုံးပါ။

၇။ခေါင်းဖီးတဲ့အခါ ဘရပ်ရှ်နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲညင်သာစွာ ဖြီးပါ။

၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ် ကျပ် စည်းနှောင်တာကိုလည်း ရှောင်ရှားပါ။

၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြုသင့်ပါ။

၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံသားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။

၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။

၁၂။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ။

၁၃။ဗီတာမင် ဘီ၊ စီ၊ အီး ကြွယ်ဝတဲ့
အစားအစာတွေကို စားသုံးပါ။

၁၄။သင်စားတဲ့အစားအသောက်ထဲ မှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်အောင် စားပေးပါ။

၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။

#ဆံသားကျန်းမာရေး

31/07/2025

❇️ဆံပင်ဆေးဆိုးခြင်းနှင့်ကျန်းမာရေး
*******************

အရင်ခေတ်က အသက် (၅၀-၆၀) ကျော် ဆံပင်ဖြူ မှ ဆေးဆိုးကြပေမယ့် အခုခေတ် လူငယ်တွေ ဆယ်ကျော်သက် ကတည်း က ဆံပင် ဆေးဆိုးနေကြတော့ ကျန်းမာရေး ပြဿနာတွေ
ပေါ်ပေါက် လာပါတယ်။

ကျန်းမာရေး ပြဿနာ တွေကတော့ အချို့လူများတွင် ဓာတ်မတည့်ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ ဆံပင်များ ပျက်စီးခြင်း ၊ ပန်းနာရင်ကြပ်ထခြင်း၊ကင်ဆာရောဂါများ ဖြစ်ပွါးနိုင်ခြင်းတို့ ဖြစ်ကြပါတယ်။

ဆံပင်ဆိုးဆေးက (၃) မျိုးရှိပါတယ် ။

၁။ယာယီဆိုးဆေး Temporary dyes - တစ်ခါ နှစ်ခါ လျှော် လိုက်ရုံနဲ့ ဆေးတွေ ကျွတ်သွားပါတယ် ။ ဆိုးဆေးက ဆံပင်ထဲ ထိ မဝင်ပါဘူး။

၂။ တာရှည်ခံ ဆိုးဆေး Semi-permanent dyes - ဆိုးဆေးက ဆံပင်ထဲ အထိဝင်ပါတယ် ။ (၅)ခါ - (၁၀) ခါ အထိ အလျှော်ခံပါတယ် ။

၃။ ရာသက်ပန်ဆိုးဆေး Permanent dyes - အပြင်းစား ဆိုးဆေး တွေ ဖြစ်ကာ ဆံပင်ထဲထိဝင် ပြီး ဆံပင်ကို ဓာတ် ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ အရောင် လုံးဝ မကျွတ် တော့ပါဘူး ။

တာရှည်ခံဆိုးဆေး နဲ့ ရာသက်ပန်ဆိုးဆေး တွေက ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဆိုးဆေးတွေက ဆံပင်က တစ်ဆင့် ဦးရေပြား - ဒီကနေတစ်ဆင့် သွေးကြောထဲက နေ ခန္ဓာကိုယ် ထဲရောက်ပါတယ် ။
ဆိုးဆေး အနံ့တွေက အသက်ရှူလမ်းကြောင်းကနေလည်း ခန္ဓာ ကိုယ်ထဲ ဝင်ပါတယ်။

အချို့ ဆိုးဆေးများသည် အသည်း ကို ထိခိုက်စေ နိုင်ပြီး အချို့ ဆိုးဆေးများမှာ ကျောက်ကပ်ကို ထိခိုက်စေ နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း မှ ဝင်တဲ့ ဆိုးဆေး အနံ့တွေက အဆုတ်ကို ထိခိုက်စေပါတယ် ။ ဒီ အဆိပ်အတောက်တွေက လ ပေါင်း များစွာ ကြာအောင် ခန္ဓာကိုယ် ထဲမှာ
ရှိနေ နိုင်ပါတယ်။

ဆံပင်ဆိုးဆေးတွေက အမျိုးအစား ထောင် နဲ့ချီရှိတာရယ် ၊ ပါဝင် ပစ္စည်း တွေက တစ်ခုနဲ့တစ်ခု မတူတာရယ် ၊ ပါဝင်ပစ္စည်းတွေက အမြဲ ပြောင်းလဲနေတာကြောင့် ဆံပင် ဆိုးဆေး တွေက ကင်ဆာ ဖြစ်မဖြစ် သုတေသန ပြုလုပ်ရာမှာ အခက်အခဲ ရှိပါတယ် ။

ဓာတ်ခွဲခန်းက တိရစ္ဆာန်တွေမှာ စမ်းသပ်ကြည့်ရာမှာ ကင်ဆာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဆံပင် ခဏခဏ ဆေးဆိုးသူများနှင့်
အလှပြင်ဆိုင်ရှိ ဆံပင်ဆေးဆိုး ဝန်ထမ်းများကို စစ်တမ်းကောက်ယူပြီး သုတေသန ပြုကြပါတယ်။

ဆံပင်ဆေးဆိုး ဝန်ထမ်းများမှာ ဆီးအိမ်ကင်ဆာ bladder cancer နှင့် ဆက်စပ်မှု ရှိကြောင်း
တွေ့ရှိရပြီး
ဆံပင် ခဏခဏ ဆေးဆိုးသူများမှာ သွေးကင်ဆာ leukemia ၊ ပြန်ရည်ကြောကင်ဆာ lymphoma ၊ ရင်သား ကင်ဆာ များ နှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိရသည်။

The international agency for research on cancer ( IARC) အပြည်ပြည်ဆိုင်ရာ ကင်ဆာ သုတေသန အဖွဲ့ မှ ကောက်ချက်ချရာတွင် - ဆံပင်ဆိုးဆေး များသည် ဆီးအိမ် ကင်ဆာ ဖြစ်ကောင်း ဖြစ်နိုင်သည်။
အခြားကင်ဆာ များမှာ သုတေသန အထောက်အထား ခိုင်လုံမှု အားနည်း သဖြင့် ကင်ဆာ ဖြစ်နိုင်ကြောင်း မသတ်မှတ်ခဲ့ပါ။ လုံးဝ အန္တရာယ် ကင်းသည် ဟု လည်း
မသတ်မှတ် နိုင်ခဲ့ပါ ။

အမေရိကန် FDA အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ မှ ဆံပင်ဆိုးဆေးများကို အလှကုန်ပစ္စည်း အနေဖြင့် ခွင့်ပြုထားဆဲဖြစ်သည်။

၂၀၁၉ ခု International Journal of Cancer ကင်ဆာ ဂျာနယ် မှာ ဖော်ပြထားရာ အမျိုးသမီးပေါင်း (၄၆၇၀၀) ကို သုတေသန ပြုကြည့်ရာ ဆံပင် ပုံမှန်ဆေးဆိုးသူများ တွင် ရင်သား ကင်ဆာ ဖြစ်ပွါးမှု နှုန်းမှာ ဆေးမဆိုးသူများထက်( ၉%)ရာခိုင်နှုန်း များပြားသည် ။

အဆိုပါ သုတေသန တွင် ဆက်လက်ဖော်ပြ ထားရာ ( ၅)ပတ် မှ (၈) ပတ် တခါ ပုံမှန် ဆံပင် ဖြောင့်ဆေး သုံးသူများတွင် ရင်သား ကင်ဆာ ဖြစ်ပွါးမှုနှုန်းမှာ ဆံပင် ဖြောင့်ဆေး မသုံးသူများထက်( ၃၀%)ရာခိုင်နှုန်း များပြားသည် ။

ကိုယ်ဝန်ဆောင်များ ဆံပင် ဆေးမဆိုးဖို့ ကျန်းမာရေး ပညာရှင်များက
အကြံပေးကြပါတယ်။
ကလေး ယူမယ်လို့ စဉ်းစား ကတည်းက
ဆံပင် မဆိုးရင် ပိုကောင်းပါတယ်။

၂၀၂၂ ခု ကိုယ်ဝန်ဆောင်ပေါင်း (၉) သောင်းကျော် ပါဝင်တဲ့ သုတေသန ပြုချက်မှာ
ဆံပင်ဆိုးဆေး ၊ ချွတ်ဆေး တွေနဲ့ နေ့တိုင်း ထိတွေ့နေရတဲ့ အလှပြင်ဆိုင် ဝန်ထမ်း များမှာ ကိုယ်ဝန်ပျက်ကျ မှု များပြားတယ် လို့ ဖော်ပြပါတယ် ။ အရေပြား ကပဲ ဝင်ဝင် ၊ အသက်ရှူ လမ်းကြောင်းက ပဲ ဝင်ဝင် ဒီဆိုးဆေးတွေက သန္ဓေသား အပေါ် ဆိုးကျိုး သက်ရောက် စေနိုင်ကြောင်း ကောက်ချက်ချ ခဲ့ပါတယ်။

ဆံပင်ဆေးဆိုးထားရင်
မိခင်နို့ တိုက်ကျွေးလို့ရသလား
ဒီကိစ္စ နဲ့ပက်သက်လို့ သုတေသန ပြုချက်
မရှိသေးပါဘူး ။

ဆိုးဆေး အနည်းငယ်သော ပမာဏ က သွေးကြောထဲကို ဝင်ပြီး ထိုမှ တစ်ဆင့် နို့ရည် ထဲမှာ ပါလာမယ့်
ဆိုးဆေး ပမာဏ က အလွန့်အလွန်
နည်းပါးမယ် လို့ ယူဆတာကြောင့်
နို့စို့ ကလေးများ အတွက်
အကျိုးသက်ရောက်မှု
မရှိနိုင်ဟု ယူဆကြသည် ။

နို့ရည်က ပြဿနာ မရှိ ပေမယ့်
ဆံပင် ဆေးဆိုး အနံ့ တွေနဲ့
ဆံပင် ဖြောင့်ဆေး အနံ့တွေက ကလေးတွေ အတွက် အကျိုးသက်ရောက်မှု ရှိစေလို့ ( ချောင်းဆိုး ခြင်း ၊ နှာရည်ကျခြင်း စသည် ) ကလေး (၃) လ သား အရွယ် အထိ
ဒီဆေးတွေကို မသုံးဖို့ အကြံပေးကြပါတယ် ။

ကလေး အသားအရေ က
အလွန် နူးညံ့တဲ့ အတွက်
ဒီ ဓာတု ဆေးတွေကို
ကလေး အသား အရေ နဲ့ မထိ မိဖို့
ဂရု စိုက်ရပါမယ် ။

ကလေးတွေ ရဲ့ အသားအရေ ၊ ဆံပင်တွေဟာ အလွန် နူးညံ့တာရယ် ၊ ဦးနှောက်က လည်း ဖွံ့ဖြိုးနေဆဲ ဖြစ်တာရယ် ကြောင့် အသက် (၁၆) နှစ် ကျော်မှ ဆံပင် ဆိုးသင့်တယ် ။

အသက် (၁၆) နှစ်အောက် ကလေးတွေကို ဆံပင် ဆေးဆိုးမယ် ဆိုရင် ကလေးများ အတွက် သီးသန့် ထုတ်ထားတဲ့ ယာယီ ဆိုးဆေးတွေကိုသာ သုံးသင့်တယ် ။ ဆံပင် အရောင်ချွတ်ဆေး တွေကို လည်း အသက် (၁၆) နှစ်ကျော်မှ သုံးသင့်တယ်။

အချို့နိုင်ငံများမှာ - အလှပြင်ဆိုင်များက အသက် (၁၆) နှစ်အောက် ကလေး များကို ဆံပင် မဆိုးပေးရ ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ် ။

ကျန်းမာ နုပျို အသက်ရှည်ဖို့ ခန္ဓာ ကိုယ်တွင်းက အဆိပ်တွေ ထုတ်ဖို့ - ဆေးဝါး ၊ ဖြည့်စွက်အစာ ၊ လေ့ကျင့်ခန်း ၊ အဆိပ်ထုတ်နည်း ယောဂ ကျင့်စဉ် စသည်တွေကို သုံးကြသလို ပြင်ပ မှ အဆိပ်တွေ ကိုယ်တွင်းကို မဝင်ရန် လည်း အရေးကြီးတယ်
ဆိုတာ သတိပြုစေ လိုပါတယ်။

အားလုံး ရောဂါ ကင်းဝေး၍ ကျန်းမာ
နုပျို အသက်ရှည်ကြပါစေ ။

Crd_

21/07/2025

ေမျှာ်လင့်နေသော အရောင်လေးငါးရောင်
ရောက်ပါပြီနော်😍😍
Price 5ချောင်း တစ်တွဲ 80000
စိတ်ကြိုက်အရောင်ရွေးယူလျှင်
တစ်ချောင်း-17000ကျပ်

10/07/2025

စိုပြေချောမွေ့ ရေဓာတ်ဖြည့် ခေါင်းအစခြေအဆုံးသုံးလို့ရမည့် 𝐉𝐞𝐣𝐮 𝐅𝐫𝐞𝐬𝐡 𝐀𝐥𝐨𝐞 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐆𝐞𝐥 💚

✨𝐉𝐞𝐣𝐮 𝐅𝐫𝐞𝐬𝐡 𝐀𝐥𝐨𝐞 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐆𝐞𝐥 ထဲမှာ 💁🏻

👉𝐉𝐞𝐣𝐮 ကျွန်းပေါ်မှာပေါက်ရောက်တဲ့ အော်ဂဲနစ် ရှားစောင်းလက်ပက်စစ်စစ် ၉၉% ပါဝင်ပြီး လိမ်းလိုက်တာနဲ့😉
ချက်ချင်းအေးမြစေမှုနှင့် စိုပြေမှုကို အပြည့်အဝပေးတဲ့အပြင်
🤜ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပြီး
🌤️နေလောင်တဲ့အသားအရေအပြင် 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 𝐒𝐤𝐢𝐧 တွေပါ သုံးနိုင်တဲ့ 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐆𝐞𝐥 လေးတစ်ခုနှင့် မိတ်ဆက်ပေးမယ်💗

✅မျက်နှာကို အစိုဓာတ်ဖြည့်ပေးတဲ့ 𝐦𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫 အနေနဲ့ လိမ်းပေးနိုင်တယ်

✅𝐦𝐚𝐤𝐞 𝐮𝐩 𝐛𝐚𝐬𝐞 အနေနဲ့ အောက်ခံလိမ်းပေးရင် အစိုဓာတ်ဖြည့်ပေးသလို 𝐠𝐥𝐨𝐬𝐬𝐲 𝐦𝐚𝐤𝐞 𝐮𝐩 𝐥𝐨𝐨𝐤 ကိုလည်းရစေတယ်

✅ခေါင်းလိမ်းဆီ လိမ်းရတာမကြိုက်ဘူးဆိုရင်လည်း ဆံပင်ကို 𝐚𝐥𝐨𝐞 𝐯𝐞𝐫𝐚 𝐠𝐞𝐥 လိမ်းပေးလို့ရပါတယ်နော်

✅ကွန်ပြူတာ ဖုန်းသုံးလို့ မျက်လုံးပူနေတဲ့အခါ 𝐜𝐨𝐭𝐭𝐨𝐧 𝐩𝐚𝐝 မှာ 𝐠𝐞𝐥ကို သုတ်ပြီး မျက်လုံးမှိတ်ပြီး မျက်ခွံမှာ တင်ထားရင် အေးမြစေသလို မျက်စိအပူကိုလည်း သက်သာစေနိုင်သေးတယ်

✅နေလောင်ဒဏ်ခံထားရတဲ့ အသားအရေကို သေချာစွာလိမ်းထားပြီး 𝐛𝐨𝐝𝐲 𝐦𝐚𝐬𝐤 အနေနဲ့လည်း သုံးနိုင်ပါတယ်

✅𝐀𝐥𝐨𝐞 𝐯𝐞𝐫𝐚 𝐠𝐞𝐥 က အသားအရေအတွက် အကျိူးကျေးဇူးများလည်း သက်ရောက်မှု့ပေးလို့ အခြေခံ 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 မလိမ်းဖြစ်သူတွေအတွက် အောက်ခံအနေနဲ့ လိမ်းနိုင်၊သုံးနိုင်ပါတယ်ရှင့်🥰

အေးမြမှုအပြည့်၊လန်းဆန်းမှုအပြည့်နှင့် စိုစိုစိုပြေပြေလေးဖြစ်စေမှာပါရှင့် 💁🏻

သူလေးတစ်မျိုးထဲနဲ့ ခေါင်းအစခြေအဆုံး သုံးလို့ရတော့ အရမ်းတန်သောပဲ🤗

08/07/2025

Hello ချစ်လေးတို့ရေ😍😍
အသားအရေလေးတင်းရင်းစိုပြေနေစေဖို့ the saemရဲ့ ဒီပစ္စည်းလေးကအရမ်းပဲအထောက်ကူဖြစ်စေမှာပါနော်😍😍
သူ့ရဲ့နာမည်လေးက Royal Natural 24K
collagenတဲ့
Toner
Emulsion
Eye cream
Essence ဆိုပြီး 4မျိုးထွက်တယ်နော်

Propolis၊ Royal Jelly နှင့် Honey ,collagenတို့ ပါဝင်ပြီး အသားအရေကို တင်းရင်းစေပြီး ချောမွေ့စေပါတယ်နဂိုအသားအရေထပ် ပိုမိုနုပျိုစေပါတယ်ရှင့်😊

24K ရွှေဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် အသားအရေ အတွင်းပိုင်းအထိ နက်ရှိုင်းစွာ အဟာရဓာတ်အပြည့်အဝ ဖြည့်တင်းပေးပါတယ်ရှင့်

ရွှေစင် 99.9% ပါဝင်သောကြောင့်
အသားအရေကို ပိုမိုကောင်းမွန်စေပြီး အရေးအကြောင်းများ​ေလျာ့ပါးစေတဲ့အပြင် ပိုမိုကြည်လင်တောက်ပစေပါတယ်နော် ချစ်လေးတိူ့ရေ

မင်မင် အများကြီးမညွှန်းတော့ဘူးကွာ ပေးရတဲ့ဈေးတဲ့ပိုတန်တဲ့ resultမျိုးရရှိမှာ အသေအချာပါပဲရှင့်😊
Price-259000ks

27/06/2025

မိုးအေးအေးနဲ့ ထိုင်းမှိုင်းတဲ့ ရာသီမှာ ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို လန်းဆန်းမွှေးပျံ့နေစေတာ Nacific Personal Care တွေဖြစ်တဲ့ Shampoo + Treatment, Body Wash + Lotion အစွမ်းကြောင့်ပါ 🍃🍃🍃

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Pyay