Younique CCTV Pyay
စီးပွားရေးလုပ်ငန်းရှင်များအတွက်..🥰🥰🥰
မင်္ဂလာပါ🙏🙏….
👉😍ဘာပဲလိုလို ပြည်လမ်းညွှန် Page ကို Like လုပ်ထားသော မိဘပြည်သူများ သိရှိလိုသမျှ အလွယ်တကူ ရှာဖွေ၊ မေးမြန်းနိုင်ရန် ရည်ရွယ်၍ Page ၏ Messenger အား Auto Reply Chatbot အဖြစ် ပြောင်းလဲလိုက်ကြောင်း သတင်းကောင်းပါး ပါရစေ…..📩😱💯
အခုပဲ Page Messenger အား ဝင်ရောက်စမ်းသပ် သုံးစွဲကြည့်ဖို့ အကြံပြုလိုက်ရပါတယ်...🥰😘
30/03/2020
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။
၂။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား (၂၈-၃-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည် ဖြစ်ပါသည်။ အဆိုပါ (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရပါ။
၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀)ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပါသည်။ (၂၈-၃-၂၀၂၀) ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ (၂၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။
၄။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။
#ကျန်းမာရေး page. ကူးယူသည်
24/03/2020
လက်ဆင့်ကမ်းမျှဝေပါသည်။
အကြောက်လွန်ဖို့ထက် သတိဝီရိယထားပြီး
စနစ်တကျနေထိုင်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။
ကိုယ်တိုင်နှင့်ချစ်သောသူများအားလုံး ကပ်ဆိုးဘေးမှ ကင်းဝေးကြပါစေ ❤
23/03/2020
မြန်မာပြည်မှာ ၂ ဦးတွေ့ရှိ
17/02/2020
17-2-2020
ဂုဏ်ပြုထိုက်သူများ
WHO က global emergency လို့
ကြောငြာလိုက်ချိန်မှာတရုတ်နယ်စပ်ဂိတ်ကနေ
အလုအယက်နှင့်အမိမြန်မာပြည်ပြန်လားသူ
ဒုနှင့်ဒေးပါပဲ
အဲဒီထဲကတစ်ယောက်ကပုတီးကုန်းမြို့သူ
မဖြူဖြူဝင်း
တရုတ်မြန်မာ နယ်စပ်ဖြစ်ကျော်တဲ့
နေ့မှာပဲအဖျားရောဂါစတက်လာတယ်
သုံးရက်မြောက်နေ့မှာရွာပြန်ရောက်တယ်
အဖျားနှာစီးချောင်းဆိုးကိုက်ခဲလည်ချောင်းနာတာ
မသက်သာလို့ တိုက်နယ်ဆရာဝန်ကိုသွားပြပါတယ်
တကမ္ဘာလုံးကကြောက့်လန့်နေတဲ့
ကူးစက်ရောဂါများဖြစ်နေမလားဆိုတဲ့
စိုးရိမ်စိတ်နှင့်အတူမြို့နယ်ကိုသတင်းပေးပို့တယ်
သူ့ရဲ့တာဝန်သိမှုကိုလေးစားမိတယ်
မြို့နယ်မှတဆင့်
ဝန်ကြီးဌာနကိုသတင်းတက်ပေးလိုက်တယ်
ညရှစ်နာရီ MRTV သတင်းမှာပါလာတယ်
ပုတီးကုန်းတိုက်နယ်ဆေးရုံမှာ
ဝူဟန်ဗိုင်းရပ်ကူးစက်ခံရသူသံသယလူနာ
တစ်ဦးဆေးရုံတက်နေတယ်ပေါ့
ဒီသတင်းကိုမြန်မာ့အသံမှကြေငြာပြီးချိန်မှာ
ပုတီးကုန်းတမြို့လုံးနေစရာမရှိဘူး
လူနာနားကိုဘယ်သူမှမကပ်ရဲကြသလို
သီးသန့်ခန်းထဲမှာခွဲခြားထားတဲ့ တစ်ယောက်ထဲသော
လူနာကိုဘယ်သူမှဆေးသွားမထိုးရဲကြဘူး
သတင်းဌာနကတွေကလည်း
ဆေးရုံမှာမနက်ရောညပါလှုပ်လှုပ်ရွရွဆိုတော့
စဉ်းသားသာကြည့်တော့
ပုတီးကုန်းမြို့တမြို့လုံးအုံးအုံးကျက်ကျက်
ပုတီကုန်းကနေပဲထွက်ပြေးရတော့မယ်လိုလို
မြို့နယ်ကျန်းမာရေးဌာနကဘာမှမလုပ်ဘူးလား
ဆိုပြီးဆန္ဒပဲပြရတော့မှာလိုလို
ချီးကျူးစရာကောင်းတာက
တိုက်နယ်ဆရာဝန်ဒေါက်တာသန်းနိုင်လင်းကိုပါပဲ
N 95 mask နှင့်အတူလူနာဆီကိုနေ့တိုင်းသွားပြီး
ရင်းရင်းနှီးနှီးနုတ်ဆက်အားပေးစကားပြောတယ်
ဝန်ထမ်းတွေအတွက်ကူးစက်ရောဂါကာကွယ်ရေး
ဝတ်စုံ PPE ကိုမြို့နယ်ကထုတ်ပေးထားပေမဲ့
ကူးစက်ရောဂါသံသယရှိသူတစ်ဦးကို
ဘယ်လိုပုံစံနှင့်ထားတယ် ခွဲခြားကန့်သတ်တယ်
ဆိုတာ ဆရာဂန်တစ်ယောက်အနေနဲ့ သိပေမဲ့
ဒီဝတ်စုံကြောင့်အခြားလူနာတွေကြောက့်လန့်နေမှာ
စိုးလို့ အာ့လူနာခန်းထဲကို PPE ဝတ်စုံတောင်မဝတ်
ပဲသွားခဲ့တယ်
သူ့ရဲ့စေတနာမေတ္တာတွေမြင်ရပြန်တယ်
ရွေးချယ်စရာမရှိဘူး
တိုက်နယ်ဆရာဝန်ကိုယ်တိုင်မနက်ညလူနာ
သွားကြည့်ပြတော့ကျန်ဝန်ထမ်းတွေလည်း
မနေသာတော့ပါဘူး
တို့ဆရာဝန်တောင်သွားသေးတာပဲ
ငါတို့ဘာလို့မသွားရဲရမှာလည်းဆိုတဲ့စိတ်နှင့်
အလှည့်ကျသွားပြီးလူနာနှင့်ရင်းရင်းနှီးနှီးစကား
ပြောလာတယ် လူနာစိတ်အားငယ်သွားမှာစိုးတယ်
တိုက်နယ်ဆရာဝန်တစ်ယောက်ရဲ့ဦးဆောင်မှုကို
လေးစားအသိအမှတ်ပြုရပြန်တယ်
ဓာတ်ခွဲစစ်ဆေးမှုအဖြေထွက်ချိန်မှာတော့
အားလုံးကသက်ပြင်းကိုယ်စီချလို့ရင်ထဲကအလုံး
ကြီးကျသွားကြတယ်
တိုက်နယ်ဆရာဝန်စိတ်ထဲမှာဘယ်လိုခံစားရမှန်း
မသိပေမဲ့ လူနာအပေါ်မှာထားတဲ့ဆရာဝန်တစ်ယောက်
ရဲ့စိတ်ဓာတ်ကိုတော့အထူးလေးစားမိတယ်
တာဝန်ယူချင်စိတ်မရှိတဲ့ဆရာဝန်မျိုးဆို
ဒီလိုလူနာမျိုးကိုအထက်ဆေးရုံကိုလွဲမှာပဲ
ဒါပေမဲ့မလွဲခဲ့သလိုလွဲခဲ့ရင်လည်းလူနာကိုယ်တိုင်
မသွားနိုင်ပါဘူး
သူ့ရဲ့တာဝန်ယူမှာကိုလေးစားရပြန်တယ်
ဘာပဲဖြစ်ဖြစ်တိုက်နယ်ဆရာဝန်နှင့်ပုတီးကုန်း
ဆေးရုံဝန်ထမ်းအားလုံးကိုလေးစားပါတယ်
စစ်မှန်တဲ့မေတ္တာတရားနှင့်မှန်ကန်တဲ့စေတနာ
ကြောင့်လူနာလည်းဆေးရုံကဒီနေ့ဆင်းခွင့်ရပါပြီ
ပုတီးကုန်းမြို့သားတွေဒီလိုတိုက်နယ်ဆရာဝန်မျိုး
နောက်တစ်ယောက်ထပ်မရနိုင်တော့ဘူးလို့ဆိုပါရစေ
Respect ပါဆရာ
မြို့နယ်ကျန်းမာရေးဦးစီးဌာန
သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံpage မှကူးပါသည်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay
08151