Thu Zar's Collections
19/07/2025
အာဇာနည်နေ့ တို့မမေ့
- ဖွဲဖွဲရွာ စနေမိုး နှင့်
ဘဝင်ညှိုးလို့ မျက်ဝန်းညို၊
ဇူလိုင်မှာ ဆယ့်ကိုးရက်
အိပ်မက်ကယ်ဖြို၊
သတိကင်းလို့ လူးလှဲငို
မျက်ရည်စိုတဲ့ နေ့တစ်နေ့၊
ရွှေတောင်တွေ ပြိုအလဲ မှာ
ငိုပွဲနှင့်တွေ့။
- မြန်မာတွေ နွမ်းခွေ့ ပါလို့
မှန်းမမေ့တဲ့ အာဇာနည်၊
ကိုးဦးနော် အသက်ပေး လို့
သွေးမြေကျပြီ၊
သတ်မှတ်ကြ နေ့ရက်အတည်
ဆယ်နာရီ သုံးဆယ့်ခုနစ်မိနစ်၊
ယနေ့တိုင် ဟောင်းမသွား တဲ့
သားကောင်းအစစ်။
- တိုင်းပြည် နွံအနစ် မှာ
ကျွန်အဖြစ်က ကယ်တင်သူ၊
ရဲရင့်ကာ သတ္တိသွေး မို့
လေးစားဂုဏ်ယူ၊
ထိုကိုးဦးတို့ လွမ်းပေတစ်မူ
ပန်းခွေအတူ ချတဲ့ရက်၊
တို့ခေါင်းဆောင် သာကီတစ်စု ကို
အလေးပြုလျက်။ ။
အလင်္ကာ(ပွင့်ဖြူ)
Credit_Phyu
26/06/2025
Morning😍
11/05/2025
🪷ကဆုန်လပြည့် ဗုဒ္ဓနေ့🪷
၂၀၂၅ ခုနှစ်၊ မေလ ၁၁ရက်၊ တနင်္ဂနွေနေ့
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ကဆုန်လပြည့် အခါသမယလေးမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင် 🙏
#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ညောင်ရေသွန်း
Click here to claim your Sponsored Listing.
Category
Website
Address
ခေတ္တရာစက်မှုဇုန်/ပြည်မြို့
Pyay