Magic Myanmar THMH
09/02/2022
Magic Hand Made Soap
Valentines Day Buy 1 Get 1 Promotion လာပြီ🎉🎉
7000 Ks လေးနဲ့ Soap (2)ခဲရမဲ့အခွင့်အရေးက
(10)ရက်ပဲရမှာနော်❤️ 10ရက်ပဲမို့ အမြန်သာလှမ်းခဲ့လိုက်ပါ
03/02/2022
" ဘယ်အချိန်မှာ ပေါင်ချိန်မလဲ? "
စာလေးမရေးခင် စာဖတ်သူတို့ကိုအရင်မေးကြည့်ပါ့မယ်။ စာဖတ်သူမိတ်ဆွေတို့ရော ဘယ်အချိန်ပေါင်ချိန်ကြပါသလဲ? ချိန်ရော ချိန်ဖြစ်ကြရဲ့လား?
အချို့သူလေးတွေတော့ ရှိပါတယ်။ မနက်တစ်ခါနေ့လည်တစ်ခါ ညတစ်ခါပေါင်ချိန်ကြတယ်။ သတိရတိုင်း ချိန်ကြတယ်။ ပြီးရင် ဝိတ်က ကျနေပြန်ပြီ၊ တက်နေပြန်ပြီ နဲ့ ခဏခဏစိတ်ညစ်နေတတ်ပါတယ်။ ဒါကရော မှန်ပါသလား?
ဒါဆို ဘယ်အချိန်က ပေါင်ချိန်စက်ပေါ်တက်ဖို့အသင့်တော်ဆုံးလဲ?
🧭 မနက်ဘာမှ မစားခင် ချိန်တာက အသင့်တော်ဆုံးပါလို့ လေ့လာမှုတွေအရသိရပါတယ်။
ဘယ်နေရာမှာရော ချိန်သင့်ပါသလဲ?
🧭နေရာကျယ်ကျယ်ရှိရင်တော့ ရေချိုးခန်းလိုမျိုးမှာတိုင်းတာအသင့်တော်ဆုံးပါ။ အဝတ်အစားတွေရဲ့ အလေးချိန်က ကိုယ်အလေးချိန်ကိုအနှောင့်အယှက်ပေးမှာ စိုးလို့ပါ။
ဘယ်လိုရက်တွေမှာ ချိန်မလဲ?
🧭 တစ်ပါတ်မှာ သတ်သတ်မှတ်မှတ် တစ်ရက်ကိုသေချာထားပြီးချိန်သင့်ပါတယ်။ ဥပမာ - ဗုဒ္ဓဟူးလိုနေ့မျိုးဆိုရင် အသင့်တော်ဆုံးဖြစ်ပါတယ်။ ပိတ်ရက်တွေလျှောက်သွားလျှောက်စားထားတာ မရှိတော့ ပေါင်ချိန်က အမှန်ဆုံးပါ။
👩🏻⚕️ဒါဆိုရင် ဝိတ်ချနေတဲ့လူတွေ အတွက်ရော နေ့တိုင်းပေါင်ချိန်သင့်လား?
ဝိတ်ချနေတဲ့လူတွေက ပေါင်ချိန် ပုံမှန်ချိန်တာတော့ကောင်းပါတယ်။ ဒါပေမယ့်နေ့တိုင်းနီးပါး ပေါင်ချိန်စက်က ဂဏန်းတွေကိုပဲ စိတ်အစွဲလွန်နေရင် အစားဖြတ်တာတွေ၊ တရားလွန်စားမိတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဝိတ်ချနေတဲ့ လူဆို နေ့တိုင်း၊အချိန်တိုင်းခဏခဏ ချိန်တာမျိုးမလုပ်ပဲ တစ်ပါတ် မှာ သတ်သတ်မှတ်မှတ် ရက်သတ်မှတ်ပြီးပဲ ပေါင်ချိန်သင့်ပါတယ်ရှင်။
ကျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း (အာဟာရဆိုင်ရာ အထူးပြုဘွဲ့လွန်)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay