Hotspot - Pyay
24/07/2022
ဒူးရင်းယိုတွေ နောက်တစ်သုတ်ရလာပါပြီရှင်
၄/၅ပိဿာလောက်ပဲပါတာမို့ မကုန်ခင်လာဝယ်ပါနော်
ပထမအသုတ်တုန်းကလ်ို ကုန်သွားမှငြင်းရတာအားနာလို့😭
25ကျပ်သား - 8500
50ကျပ်သား - 16000
1ပိဿာ - 30000
အရသာကတော့ လုံးဝအာမခံတယ်
ဒူးရင်းသီးအနှစ်ကြီးပဲထိုးထားလို့
အချိုလဲမကဲဘူး ဒူးရင်းအဆိမ့်လေးဆိမ့်ပြီး
တစ်လုပ်စားပြီးရင် ထပ်ထပ်ပြီးစားချင်နေတာ
မနည်းbreakအုပ်ရတယ်
မြိတ်ကအဘွားတို့အိမ်မှာ ခြံကထွက်တဲ့ဒူးရင်းသီးတွေနဲ့
ကိုယ်တိုင်ထိုးထားတာ ဘာအရောနှောမှလည်းမပါဘူး စိတ်ချ
ဒူးရင်းသီးအလုံး၄၀လောက်ကို အသားတွေနွှာပြီး
မီးအေးအေးနဲ့ ၄ ၅ နာရီလောက် ဆက်တိုက်မွှေပြိးထိုးမှ
ယိုကြီးပဲ ၂ပိဿလောက် ဆီအိအိလေးနဲ့ကျန်တာနော်
တစ်ခါဝယ်ဖူးရင်အမြဲတမ်းနှစ်ခေါက်ပြန်လာဝယ်တဲ့
ဒူးရင်ယိုစစ်စစ်ပါရှင့်
ပြည်မြို့တွင်း deli - 800
အိမ်လာယူလို့လဲရပါတယ်ရှင့်
မြို့သစ် ၄လမ်း၄ကွက် Pyay📍
တခြားမြို့ကဆို ငွေလွှဲဝင်ပြီးတာနဲ့ ကားဂိတ်တင်ပေးပါတယ်
ဖုန်းတွေဆက်ကြပြီး
မင်မင်ရေ ဟော့ပေါ့ရလား
အထောင်းရလားနဲ့ မုန့်တွေလှမ်းမှာကြတယ်
မင်မင်တို့လက်ရာကို သတိရပေးကြလို့လဲ
တကယ်ကိုကျေးဇူးအထူးတင်ရပါတယ်ရှင်❤️
လက်ရာကမင်မင်တို့အမေလက်ရာပါ
မင်မင်တို့ကကူလုပ်ကူရောင်းပေါ့
မုန့်လုပ်ရောင်းရတာတကယ်တော့ မလွယ်ပါဘူး
အရမ်းပင်ပန်းရတာကို ကိုယ်တိုင်လုပ်ရောင်းမှပဲသိတယ်
မင်မင်တို့ရဲ့အမေ နေမကောင်းတော့
ပင်ပန်းတာတွေမလုပ်နိုင်တော့လို့ ဆက်မရောင်းဖြစ်တာပါ
အားပေးကြတဲ့သူတစ်ယောက်စီတိုင်းကိုလဲ
တကယ်ကိုကျေးဇူးတင်ရပါတယ် 😍❤️❤️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Myo Thit 4th Street
Pyay