Pyay Real Estate Agency
''မြေငှားဂရန်မိတ္တူနှင့် အရောင်းအဝယ်လုပ်လျှင် သတိထားပါ''
မြေငှားဂရန် သက်တမ်းကုန်မြေနဲ့ အဆောက်အဦကို ဝယ်ယူမယ်ဆိုရင် ဦးစွာ ပထမဆုံးမြေငှားဂရန်သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ သိရပါတယ်။
အကယ်၍ မြေကွက်အမည်ပေါက်သူကွယ်လွန်သွားခဲ့ရင် တရားရုံးရဲ့ အမိန့်ဒီဂရီအရပဲဖြစ် ဖြစ် အမွေထိန်းစာအရပဲဖြစ် ဖြစ်၊ ဂရန်သက်တမ်းတိုးနိုင်ပါတယ်။
ဂရန်သက်တမ်းတိုးပြီးမှ အရောင်း အဝယ်စာချုပ်ချုပ်နိုင်ပါတယ်။
ဒါပေမဲ့ တရားရုံးရဲ့ အမိန့်ဒီဂရီအရ ဂရန်သက်တမ်းကုန်ပေမယ့် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် မြေငှား ဂရန်သက်တမ်းကုန်ပေမယ့် ဥပဒေနဲ့အညီ အရောင်း အဝယ်ပြုလုပ်နိုင်ပါတယ်။
သတိပြုသင့်တဲ့အချက်ကတော့ မြေငှားဂရန်မိတ္တူနဲ့ အရောင်းအဝယ်ပြုလုပ်တဲ့ ကိစ္စဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မြေငှားဂရန်မူရင်းပျောက်ဆုံးသွားရင်လည်း သက်ဆိုင်ရာ မြို့ပြမြေယာဌာနမှာ မြေငှားဂရန် မိတ္တူထုတ်ပေးဖို့ လျှောက်ထားနိုင်ပါတယ်။ ရန်ကုန်မြို့မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာဌာနမှာပဲ ဖြစ်ဖြစ်၊ မြို့ရွာအိုးအိမ်ဦးစီးဌာနမှာပဲဖြစ်ဖြစ် လျှောက်ထားနိုင်ပါတယ်။
အဲသည်လို မြေငှားဂရန်မိတ္တူ လျှောက်တဲ့အခါ အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမှာဖြစ်ပြီး ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်စာတမ်းတွေ၊ ရဲစခန်းတိုင်တန်းချက်တွေနဲ့ လျှောက်ရမှာဖြစ်ပါတယ်။
တကယ်လို့ မြေကွက်အမည်ပေါက်သူကွယ်လွန်သွားခဲ့ရင် တရားရုံးရဲ့ အမိန့်ဒီဂရီအရပဲဖြစ်ဖြစ်၊ အမွေထိန်းစာအရပဲဖြစ်ဖြစ် မြေငှားဂရန်မိတ္တူလျှာက်ထားနိုင်ပါတယ်။ အဲသည်လျှောက်ထားချက်ကို သက်ဆိုင်ရာ မြေယာဌာန ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေကော်မတီက သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနဲ့ ပိုင်ဆိုင်တဲ့အထောက်အထားတွေ ပြည့်စုံမှုရှိမရှိ စစ်ဆေးပြီး လက်ခံဆောင်ရွက်ပေးပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ မြေငှားဂရန် မိတ္တူထုတ်ပေးနိုင်ဖို့အတွက် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်တယ်ဆိုပြီး နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှာ တစ်လထုတ်ပြန်ပြီး ကန့်ကွက်သူမရှိရင် မြေစာရင်းနဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ၊ တရားရုံးရဲ့ အမိန့်ဒီဂရီတွေကို စစ်ဆေးပြီး သက်ဆိုင်ရာ လျှောက်ထားသူတွေကို ဂရန်အမည်ပေါက်နဲ့ ဂရန်မိတ္တူထုတ်ပေးပါတယ်။
“ဖြစ်တတ်တာကတော့ ရောင်းသူအနေနဲ့ မြေငှားဂရန်မူရင်းကို ပေါင်နှံထားပြီး ပျောက်ဆုံးတယ်လို့ဆိုပြီး ဂရန်မိတ္တူကို လိမ်လည်လျှောက်ထားရယူတတ်ကြ တာကြောင့် ဂရုပြုရပါတယ်”။
ဒါကြောင့် မြေငှားဂရန်မိတ္တူနဲ့ အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် ဝယ်သူအနေနဲ့ အဝယ်အမှားမဖြစ်စေဖို့ သက်ဆိုင်ရာမြေယာဌာနကို မြေကွက်နဲ့ စပ်လျဉ်းပြီးတော့ သေချာစုံစမ်းစစ်ဆေးပြီးမှ ဝယ်သင့်ပါတယ်။
မြေကွက်ကို ဝယ်မယ်ဆိုရင်လည်း အဲသည်မြေကွက်ကို အရောင်းအဝယ်လုပ်ဖို့ နှစ်ဖက်သဘောတူညီ စရန်ငွေ တစ်စိတ်တစ်ပိုင်းပေးချေပြီးရင် မြေကွက်အ ရောင်းအဝယ်ကန့်ကွက်တာ ရှိမရှိ နေ့စဉ်ထုတ်သတင်းစာမှာ ထည့်သွင်းကြေညာသင့်ပါတယ်။ အဲသည်လိုပြုလုပ်ပြီးမှ အရှုပ်အရှင်းတစ်စုံတစ်ရာရှိရင် ရောင်းသူက ဖြေရှင်းပေးရန်နဲ့ ဝယ်သူရဲ့ နစ်နာကြေးကို ပေးလျော်ရမှာဖြစ်ကြောင်း ဝန်ခံကတိ စာချုပ်ချုပ်ဆိုသင့်ပါတယ်။
Credit - KUMUDA
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay
08151
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |