FCX Chinese Language Training Class

FCX Chinese Language Training Class

Share

08/01/2023

အခုတော့ လောကီကိစ္စတွေစိတ်ကုန်ပြီး သာသနာ့ဘောင် ဝင်ချင်နေပြီ 🙂

,,,,,,,,,,,,,,,,,,

ကံကောင်းချင်လာပြီ ဆိုရင်

လူတစ်ယောက်သည်
ကံကောင်းချင်လာပြီဆိုလျှင်…

စိတ်တည်ငြိမ်လာခြင်း
စိတ်ရှုပ်ထွေးမှု ကင်းကာ
စိတ်များကြည်လင် လန်းဆန်းလာခြင်း
စသော လက္ခဏာများ
ဖြစ်ပေါ်လာလေ့ ရှိပါသည်။

၄င်းစိတ်ကို
ယေဘုယျအားဖြင့်
ကောင်းစိတ်ဟု သတ်မှတ်နိုင်ပါသည်။

ထိုစိတ်မျိုး ၀င်လာလျှင်
"ငါတော့ ကံကောင်း တော့မယ်။
ဒီစိတ်ဟာ ကောင်းကံပြုလုပ်ဖြစ်ဖို့
အကြောင်းခံစိတ်ပေပဲ" ဟု
သေဘာထားကာ

ထိုစိတ်ကို ပျောက်ပျက်မသွားရအောင်
ထိန်းထားပြီး ကောင်းမှုတစ်ခုခုကို
ပြုလုပ် ဖြစ်အောင်သာ
ကြိုးစားလုပ်ဆောင်ယူရမည် ဖြစ်သည်။

ထို့အပြင် အများဆုံး
ပြုလုပ်ဖြစ်လေ့ရှိသည့် လေ့ကျင့်နေစရာ
အထူးမလိုသော
သမားရိုးကျ မကောင်းကံဘက်သို့
ပြန်ပြောင်း နောက်ကြောင်း
ပြန်မလှည့်မိစေရန်လည်း
အထူးသတိထားရန် လိုအပ်ပါသည်။

လှူချင်တန်းချင်
စိတ်ပေါက်လာလျှင် ငါ ကံကောင်းလာပြီ ။
ဒီကံလေး အထမြောက်အောင်
ငါ လှူပေးဦးမှ"
သီလဆောက်တည်ချင်စိတ်
ပေါက်လာလျှင် "ငါကံကောင်းလာပြီ။
သီလလေး ဆောက် တည်ပြီး နေဦးမှ"

ဘုရားရှိခိုးချင်စိတ် ပေါက်လာလျှင်
"ငါ ကံကောင်းလာပြီ။
ဘုရားရှိခိုးပြီးတော့ ပူဇော်လိုက်ဦးမှ"
ဘာဝနာကမ္မဋ္ဌာန်း ပွားများချင်စိတ်
တရားအားထုတ်ချင်စိတ်ပေါက်လာလျှင်
"ငါ ကံကောင်းလာပြီ။

ပွားများဖြစ်အောင် ပွါးများလိုက်ဦးမှ။
အားထုတ်ဖြစ်အောင် အားထုတ်လိုက်ဦးမှ"
စသည်ဖြင့် ကောင်းကံများ အထမြောက်
အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်
ရမည် ဖြစ်သည်။

ကောင်းစိတ်များပေါ်လာပြီး
ကောင်းကံများကို ပြုလုပ်အားထုတ်ဖြစ်လျှင်
အခွင့်အရေးကောင်း အခြေအနေကောင်းများ
ရလာပြီဟု မှတ်ယူရမည်ဖြစ်ပြီး …

၎င်းအခွင့်ကောင်း အခြေအနေကောင်းများကို လက်မလွတ်စေရန် လွန်စွာအရေးကြီးပါသည်။

Credit,

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Website

Address


Pyay

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00