Paing

Paing

Share

11/12/2022

တစ်ခါက မဟတ္တမဂန္ဒီကို ကောင်မလေးတစ်ယောက်က ....
'ရှင့်ကို ကျွန်မချစ်တယ်'လို့ ပြောတော့

ဂန္ဒီက....
"ငါဟာ မင်းရဲ့ အချစ်နဲ့ မထိုက်တန်ပါဘူး
ငါ့ရဲ့ နောက်မှာ ရှိတဲ့ ငါ့ညီက ငါ့ထက် ပိုနုတယ် ငါ့ထက် ပိုပြီးယောက်ျားပီသတယ်"တဲ့

ဂန္ဒီရဲ့ စကားဆုံးတာနဲ့ ကောင်မလေးဟာ
ဂန္ဒီရဲ့ အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ် ဒါပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး
အဲ့ဒီမှာဂန္ဒီက ဒီလိုဆက်ပြောလိုက်တယ်

"မင်းသာ ငါ့ကို တကယ်ချစ်ရင် အနောက်ကို လှည့်ကြည့်စရာအကြောင်း မရှိဘူး"တဲ့

ဂန္ဒီပြောတဲ့ စကား သိပ်ကို လေးနက်ပါတယ်
ကျွန်မတို့ကို အပေါ်ယံလေး ချစ်ပါတယ်လို့ ပြောခဲ့တဲ့သူတွေက
ကျွန်မတို့ထက် သာတဲ့သူကို တွေ့တဲ့အခါ ကျွန်မတို့ကို ထားရစ်ခဲ့ဖို့
အမည်မသိတဲ့ အကြောင်းပြချက်တွေပေးတယ်
ပြီးတော့တတိယလူနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြတယ်

တကယ်တော့ သူသာ ကိုယ့်ကို တကယ်ချစ်ခဲ့ရင်
နောက်လူဆိုတာ ပေါ်လာစရာအကြောင်းမရှိပါဘူး

လောကမှာ အချစ်စစ်ကို ရှာဖွေတဲ့အခါ
ရွေးချယ်စရာတွေ အများကြီးရှိတဲ့ အထဲကနေ
ကိုယ့်ကိုသာ ထပ်ခါတလဲလဲ ရွေးချယ်မယ့်သူကိုသာ
ဘဝလက်တွဲဖော်အဖြစ်သတ်မှတ်ပါ

ဘာလို့လဲဆိုတော့ သူဟာ ကိုယ့်ထက်သာတဲ့
တခြားသူတွေ သူ့အနားရောက်လာတဲ့အခါ ကိုယ့်ကိုပဲ ရွေးချယ်မှာမို့လို့ပါ ..

Credited : သျှန်သျှန်လင်း

11/12/2022

ကိုယ်ခံစားရတဲ့အပေါ် တန်ဖိုးမထားပေးတတ်တဲ့
သူရှေ့မှာ ကိုယ့်ခံစားချက်ကို
မဖြုန်းတီး ပစ် ချင်တော့ဘူး။

ကိုယ့်ရဲ့ မပြည့်စုံခြင်း ကို၊
ကိုယ့် ဖြစ်တည်ခြင်းအကြောင်း နားမလည်တဲ့
သူ ရှေ့ မှာ ရှင်းမပြတော့ဘူး။

ကိုယ်ချစ်ခဲ့သလို ပြန်ချစ်လာမယ့်
ချစ်ခြင်းမေတ္တာမျိုးကိုလည်း စိတ်ဓာတ်ကျခံပြီး
မျှော်မနေ ချင်တော့ဘူး။

သူများပျှော်နိုင်ရင် ကိုယ်လည်းပျော်ရမယ် ဆိုတဲ့
အယူအဆ ကိုလည်း ပယ်ပစ်လိုက်တော့မယ်။
ကိုယ့်အသက်ရှူသံက သူများနဲ့မှ မတူတာလေ။

ရင့်ကျက်လာတာတော့ မဟုတ်ပါဘူး
ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်လာရုံလေးပါ။

#လောင်ပါး

11/12/2022

💠လိုအပ်ဆုံးသူထက်
နားလည်ပေးနိုင်ဆုံးသူကို ပိုချစ်ပါ။

💠အချစ်ရဆုံးသူထက်
မင်းကို တန်ဖိုးထားဆုံးသူကို ပိုချစ်ပါ။

💠နံဘေးမှာရှိနေပေးသူထက်
ယုံကြည်မှု အပြည့်အဝပေးနိုင်သူကို ပိုချစ်ပါ။

💠မလိုအပ်ချိန်မှာ ရှိနေပေးသူထက်
လိုအပ်ချိန်မှာရှိနေပေးသူကို ပိုချစ်ပါ။

💠ပျော်ရွှင်မှု မပေးနိုင်သူထက်
ပျော်ရွှင်မှုပေးနိုင်သူကို ပိုချစ်ပါ။

💠မျက်ရည်ကျမှ သုတ်ပေးသူထက်
မျက်ရည်မကျအောင်လုပ်ပေးသူကို ပိုချစ်ပါ။

💠လမ်းရောက်မှ လက်တွဲခေါ်သူထက်
လမ်းမရောက်ခင် လမ်းပြပေးသူကို ပိုချစ်ပါ။

💠မကောင်းသတင်းပြောသူထက်
ကောင်းသတင်းပြောသူကို ပိုချစ်ပါ။

💠အဆင်ပြေပါစေလို့ ဆုတောင်းပေးသူထက်
မင်းအတွက် ငါ ဘာကူညီရမလည်းပြောသူကို ပိုချစ်ပါ။

💠လိုချင်တာ ရယူသွားတဲ့သူတွေထက်
မင်းအတွက် ပေးဆပ်ပြီး ချစ်နေတဲ့သူတွေကို ပိုချစ်ပါ။

💠မင်းကို
ချစ်ပါတယ်ချစ်ပါတယ် ပြောတဲ့သူတွေထက်
မင်းအပေါ် သစ္စာရှိတဲ့သူကို ပိုချစ်ပါ။

💠အောင်မြင်ချိန်မှာ အားပေးသူထက်
ကျရှုံးချိန်မှာ နှစ်သိမ့်ပေးသူကို ပိုချစ်ပါ။


#ဗဟုသုတ

16/11/2022

အရင်က မင်းမရှိလို့မဖြစ်ဘူးဆိုတဲ့🤦‍♂️
လူကြမ်းကြီးတောင်🦁
ခုတော့ ခပ်နွမ်းနွမ်း ဖက်ကြမ်း🤒
တစ်လိပ်ရှိယုံနဲ့ ပြီးပြည့်စုံ😔
နေခဲ့ပြီ...........................................
#နေတတ်ရင်ကျေနပ်စရာကြီးပါ

Want your business to be the top-listed Event/venue in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay