Hotel Shwe Min Tha Mee
23/05/2026
We're Hiring...🤝🤝🤝
Hotel Shwe Min Tha Mee နှင့်လက်တွဲလုပ်ဆောင်ရန်
အောက်ပါ လစ်လပ်ရာထူးများအတွက် ဝန်ထမ်းများခေါ်ယူလျက်ရှိပါတယ်ရှင့်
Receptionist
Laundry Position (Female) 4 pax
Housekeeping (Male) 2 Pax
အထကိပါရာထူး@အတွကိ သက်ဆိုငိရာ လုပ်ငန်း
နေရာများအလိုက်စိတ်ဝင်စားသူများအတွက်
လျှောက်ထားလိုပါက
ဖုန်း 09-400737569
နံပတ်
ဖြင့်လည်းကောင်းဆက်သွယ်လျှောကိထားနိုငိပါသည်။
လိုအပ်သောအချက်အလက်များ
1.ကိုယ်ရေးအချက်အလက်CV form
2 မှတ်ပုံတင်မိတ္တူ
တို့နှင့်လူကိုယ်တိုင်လာရောက်လျှောကိထားနိုင်သည်။
အားလုံးကိုလေးစားစွာဖြင့်
#ရွှေမင်းသမီး
**လိပ်စာ**
#အမှတ်(182) ၊ဗိုလ်ချုပ်လမ်း၊ရွှာဘဲရပ်၊ ကိုးသောင်းစျေး အနီး၊ ပြည်မြို့။
08/05/2026
ကဆုန်လမှာ ဘယ်လိုကောင်းမှု့ပြု့မလဲ.. ?
ကဆုန်လ ကို မြန်မာမှု့အရ ပြိဿရာသီ ခေါ်၍
ဆန်းပြည့်နက္ခတ်မှာ ဝိသာခါ နက္ခတ် ဖြစ်ပါတယ်။
ယှဉ်သောတာရာ မှာ တံငါ တာရာ
ရာသီ ရုပ် သည် နွား ထီး ရုပ်
ရာသီပန်း မှာ စကားပန်း
ရာသီ ပွဲမှာ ညောင်ရေသွန်း ပွဲတော် ဖြစ်ပါတယ်
ကဆုန်လသည် ထူးခြားသော လတစ်လ ဖြစ်တယ်..
အဘယ်ကြောင့်နည်း.. ?
" ဗျာဒိတ် ဖွားမြင် ဗောဓိပင် စံဝင်နိဗ္ဗူတာ "
ဆိုတဲ့ စာသား အတ်ုင်း
ဗုဒ္ဓဝင် ဆိုင်ရာ သမ်ိုင်း မှတ်တမ်း များ အရ
ကဆုန် လပြည့်နေ့က်ု ဖော်ညွှန်း ထား ခဲ့ပါတယ်
ဘုရား စင်စစ် ဧကန် ဖြစ်ရမည်ဟု့ ဗျာဒိတ်တော်
ရရှိခြင်း
ဘုရားလောင်း မီးရှုး ဖွားမြင်တော်မူခြင်း
ဘုရား အဖြစ်ရောက်တော်မူခြင်း
ဖွားဖက်တော် (၇) ပါး တွင် တစ်ပါး အပါအဝင်
အဖြစ် ဗောဓိညောင်ပင် ( ညောင်ဗုဒ္ဓေဟေ )
ပေါက်ရောက် ခြင်း
ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း
စတဲ့ ဗုဒ္ဓဝင် ဖြစ်စဉ် များ သည် ကဆုန်လပြည့်
အခါ သမယ ၌ ဖြစ်ထွန်း ပေါ်ပေါက် တော်မူ
ကြ ပါ တယ် ။
ကဆုန်လ နှင့် ဗောဓိညောင်ပင် သည် ခွဲခြားမရပေ ။ပယ်ဖျက်မရ ထင် ရှားသော အမှတလက္ခဏာ ပင် ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင် အဖြစ် ရောက်တော်မူမည့်
နံနက်ပိုင်း တွင် သုဇာတာ သူဋ္ဌေးသမီး သည်
ဘုရားလောင်းတော် အား " ဃနာ နို့ဆွမ်း "
ဆက်ကပ်တော်မူသည်မှာ ဗောဓိညောင်ပင်
တွင် ဖြစ်သည်။
ထို့ကြောင့် ကဆုန်လ နှင့် ဗောဓိ ညောင် ပင် သည် ဗုဒ္ဓဘာသာဝင် တို့ အဖို့ ကြည်ညို မြတ်နိုး
ဖွယ်ရာ ဖြစ်ပေသည်။
ကဆုန်လ မှာ ဘယ်လို ကုသိုလ်ဆောင်ရွက် ကြမလဲ.. ?
ကဆုန်လဆန်း (၁) ရက်နေ့ကစ၍ ဖြစ်စေ
မိမိ မွေးနေ့ မှ ဖြစ်စေ ပွင့်လေပြီးသော မြတ်စွာဘုရား ရှင်တို့အား ရည်စူး ၍ ဗောဓိပွဲ ကပ်လှု
ပေး ပါ ။
နေကဇာတင် ဂါထာ ရွတ်ဖတ်ပါ
ဗောဓိပင် အား ညောင်ရေသွန်းပါ
ညောင်ထောက် ပါ ။
ဗောဓိပင် အား ပူဇော်ကြခြင်း နှင့် ပက်သတ်၍
ဘုရားရှင် သည် " ကလိင်္ဂဗောဓိ" ဇာတ်တော်
ကို ဟောတော်မူသည်။
ကလိင်္ဂ မင်းကြီး သည် မဟာဗောဓိ ပင် ပူဇော်ပွဲ ကြီး ( ဗောဓိမဏ္ဍိုင်) ကို (၇) ရက်တိုင်တိုင်
ကျင်းပတော်မူသည့် အတွက် ကမ္ဘာ များစွာ
အပယ်မလား ရုံ မက လူချမ်းသာ နတ်ချမ်းသာ
ဘဝ ကို ခံစားရပြီးနောက် အရှင်အာနန္ဒာ မထေရ် မြတ် ကြီး ဖြစ်တော် မူ ခဲ့ကြောင်း
ဟော ကြား တော် မူလေသည်။
ညောင်ထောက်ပါ ။
ညောင်ရေသွန်းပါ။
ငါး လွှတ်ပါ ။
ညောင်ထောက်ခြင်း ကို ယတြာ ဟု့ ခေါ်နိုင်ပါသည်။
မြတ်စွာဘုရား ပွင့်တော်မူရာ သစ်ပင် ဖြစိခြင်း
မြတ်စွာ ဘုရား ၏ ဖွားဖက်တော် တွင် ပါဝင်ခြင်း
ဘုရား ပွင့်တော် မူ ရာ ညောင်ပင် သည် စေတီ
ထိုက် ခြင်း ကြောင့် ဖြစ်သည်။
သို့ ဖြစ် ၍ ညောင်ထောက်ခြင်း သည် ကြီးကျယ် မြင့်မြတ်သော ဒါန ကုသိုလ် တစ်ခု့
ဖြစ် ပါ သည်။
ညောင် ထောက် ခြင်း သည် ကျိူးကျ ပျက်စီးခြင်း ကို ကာကွယ်သော သဘော လည်း ဆောင်သည်။
ပျက်စီးရန် ရှိသော အကျိူးစီးပွား ကို မပျက်စီးရလေအောင် အဟန့်အတား ဖြစ်စေသည်။
ကပ်ရောက်နိုင်သော ရောဂါဘယ ကို မကပ်
ရောက်လေအောင် တားဆီးကာကွယ်နိုင်သည်။
ရရှိပြီးသား အကျိူး စီးပွား ကို တည်တံခိုင်မြဲ
စေ သည်။
ညောင်ရေသွန်း လောင်း ခြင်း သည် အေးချမ်းခြင်း သဘော ဆောင်သည်။
ညောင်ရေသွန်းရခြင်း ကြောင့် နှလုံး စိတ်ဝမ်း
အေး ချမ်း ရသည်။
ရောဂါဘယ ကင်းရှင်းသည်။
စီးပွား ဥစ္စာ ဒီရေအလား တိုးတက်သည်။
ကဆုန်လ ရာသီတွင် ငါး လွှတ်ခြင်း အကျိူးကား အထူးဆိုဖွယ် မရှိပါ။
#ကဆုန်လ #နတ်တွေပေးတဲ့_မေတ္တာ
01/05/2026
ယနေ့ကျရောက်တဲ့ မေလ(၁)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ နယ်ပယ်အသီးသီးမှမတူညီသောတာဝန်များကိုဆောင်ရွက်နေကြသူအားလုံးအနေနဲ့ မိမိတို့ရဲ့စိတ်ကူးထဲကရည်မှန်းချက်တွေနဲ့အခွင့်အလမ်းသစ်များကို အကောင်အထည်ဖော်ကာ ဘဝကိုစိတ်ကြိုက်ပုံဖော်နိုင်ကြပါစေလို့
မင်မင်တို့ Hotel Shwe Min Tha Mee မှHotelဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်......
#ပြည်မြို့ ゚
18/04/2026
မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှပါသောမွေးနေ့ရက်မြတ် မင်္ဂလာ (၁၈.၄.၂၀၂၆)
ယနေ့ကျရောက်သော ရွှေမင်းသမီးကုမ္ပဏီ CEO အမကြီး သီရိသုဓ္ဓမသိင်္ဂီ ဒေါ်မူမူစန်း ၏မွေးနေ့ရက်မြတ်မင်္ဂလာတွင်
ရွှေမင်းသမီး၏ ကျေးဇူးရှင်များဖြစ်ကြသည့် (၇)ရက်သားသမီးမိသားစုများအား ရွှေမင်းသမီး Hotel ၏ရှေ့တွင် ယခုကဲ့သို့လှူဒါန်းမှုများပြုလုပ်ခဲ့သည့်အလှူအတွက် နတ်၊ လူ၊ သာဓုခေါ်စေသော်
ကုသိုလ်များထပ်တူထပ်မျှရကြ၍ အန္တရာယ်ကင်းစွာကျန်းမာချမ်းသာ ဝမ်းသာလန်းဖြာနိုင်ကြပါစေ🙏
#ရွှေမင်းသမီး #ပြည်မြို့ ゚
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
No. 182, Bogyoke Street
Pyay
08155