NADI - Express

NADI - Express

Share

27/11/2024

ပိုက်ဆံတော်တော်လေး ချမ်းသာတဲ့
စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့
ကျွန်တော် မိတ်ဆွေဖြစ်ဖူးတယ်...

သူ လောကကြီးကနေ ထွက်သွားတာ
သုံး လေးနှစ်လောက်ရှိနေပြီ...

သူ့ဆီမှာ ကင်ဆာရောဂါရှိနေမှန်း သိရချိန်မှာ..

တနေ့ သူ ကျွန်တော့်ဆီ ဖုန်းဆက်လာတယ်...
ညနေဖက် အားရင် ရွှေတိဂုံဘုရားသွားဖူးကြရအောင်တဲ့..

အဲ့ဒီညနေ ကျွန်တော်လဲ အားနေတာနဲ့...
ညနေ ခြောက်နာရီလောက် ရွှေတိဂုံ ဘုရားရောက်သွားတယ်..

ဘုရား ရင်ပြင်တော်ရဲ့ ထောင့်တနေရာမှာ ထိုင်နေရင်း..

ဆရာကျော်... ကျွန်တော့်ကို ဘယ်လိုမြင်လဲတဲ့...

ကျွန်တော်လဲ သူ နောက်နေတယ်ထင်ပြီး..
အကို ဒီနေ့ ဝတ်ထားတာ တော်တော်လေး
ကြည့်ကောင်းပါတယ်လို့ ပြန်ဖြေလိုက်တယ်...

သူက ထပ်ပြောတယ်... သူ အတည်ပြောနေတာ..
သူ့ကို ဘယ်လိုမြင်လဲ... စိတ်နေသဘောထား..
စသည်ဖြင့်
စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောပါတဲ့..

ကျွန်တော်လဲ.. အကိုက ချမ်းသာတယ်၊
သူတပါးကို ကူညီတယ်၊ တပည့်တွေကလဲ ချစ်တယ်၊
ဘာသာရေးလဲ ကိုင်းရှိုင်းတယ်.....

ကျွန်တော် အဖြေကို ပြုံးပြီးနားထောင်နေတယ်...

ခဏကြာတော့ ခေါင်းခါတယ်...

မဟုတ်ဖူး.. ဆရာကျော်တဲ့....
ကျွန်တော့်ဘဝမှာ အခုလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်လာဖို့အတွက်..

လူနှစ်ယောက်ရဲ့ ဘဝကို ရက်ရက်စက်စက် ချနင်းခဲ့ဖူးတယ်တဲ့..

လုပ်ဖော်ကိုင်ဖက်တွေတဲ့.... စီးပွားရေး partner တွေပေါ့...

ကျွန်တော်ကြောင့် သူတို့တွေ ဘဝပျက်သွားတယ်၊
သူတို့ စီးပွားရေးတွေကို ကျွန်တော် သိမ်းပိုက်ခဲ့တယ်တဲ့...

လုပ်နေတဲ့ အချိန်၊ လုပ်ပြီးတဲ့အချိန်အထိ.....
ကျွန်တော် ကိုယ် ကျွန်တော် မှန်တယ်လို့ဘဲ
ထင်နေခဲ့တာတဲ့...

အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော် မှားမှန်း သိလာတယ်၊

နောက်ပိုင်း ညဖက်တွေ အိပ်မပျော်တော့ဖူးတဲ့...

အိပ်ဆေးတွေသောက်ပြီး ကြိုးစား အိပ်...
ခဏဘဲ အိပ်လို့ရတယ်...

ဒီလိုနဲ့ နောက်ပိုင်း ဘာသာရေးတွေ အရမ်းလုပ်လာဖြစ်တယ်တဲ့.....

အခုလို ကင်ဆာရောဂါရှိနေမှန်း သိလိုက်ရချိန်..

ကျွန်တော့် အမှားကို ကျွန်တော် ပိုပြီး နောင်တရလာတယ်....
တစုံတယောက်ကို ဖွင့်ပြောဖို့ ကြိုးစားပေမယ့် ပြောမထွက်ခဲ့ဖူး....

ကျွန်တော် သိပ်မှားသွားတယ်ဗျာ...
ငွေကြေး၊ ချမ်းသာမှုဆိုတာ
တကယ်တော့ ကိုယ်သေရင် ထားခဲ့ရမယ့်အရာတွေ...

ကျွန်တော့်ကို ယုံကြည်ပြီး
ကျွန်တော်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ လူနှစ်ယောက်ကို....
ဘဝပျက်တဲ့အထိ လုပ်ခဲ့တဲ့အမှားကြီးကို....

ကျွန်တော် သံသရာတစ်လျောက်လုံး သယ်သွားရတော့မယ်တဲ့...

ကျွန်တော်လဲ...
အကို ...အဲ့ဒီမိသားစုတွေကို ရှာကြည့်ပါလား...
သူတို့ကို တခုခု ထောက်ပံ့ပေးလိုက်ပါလားဆိုတော့....

သူကြောင့်... ဘဝပျက်သွားခဲ့ရတဲ့ လူနှစ်ယောက်ရဲ့ ...
သားသမီးတွေကို သူ့အလုပ်မှာ ခန့်ထားတာ ကြာပါပြီတဲ့..
လိုလေသေးမရှိလဲ ထောက်ပံ့ထားပါတယ်တဲ့လေ...

တခုဘဲ....
သူကြောင့် သူတို့မိသားစု ဘဝပျက်သွားခဲ့ရတယ်ဆိုတာတော့
သူတို့တွေ မသိကြဖူးတဲ့လေ....

"ကျေးဇူးတင်ပါတယ် သူဌေး"...လို့.... တခွန်းပြောလိုက်တိုင်း..

"ခင်ဗျားကြောင့် ...ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ရတာ"ဆိုပြီးဘဲ ကြားနေမိတယ်တဲ့လေဗျာ....

သူ နောက်ဆုံးပြောခဲ့တာက.....
...မတော်လောဘ...
.."ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ ...
သူတပါးမျက်ရည် ဘယ်တော့မှ မပါစေနဲ့"...တဲ့လေ...

နှစ်တွေကြာညောင်းခဲ့ပြီ..

သူလဲ ဘယ်ဘုံဘဝတွေ ရောက်နေပြီလဲ မသိ...

လူ့ဘဝဆိုတာ.... ခဏတာပါ....

ဒီဘဝမှာ....ဘယ်လိုရှင်သန်ခဲ့သလဲ....

ကိုယ့်ဘဝကိုရှင်သန်အောင်...တည်ဆောက်ရင်း...

ဘာတွေကောင်းအောင်လုပ်ခဲ့မိသလဲ....

ဘာတွေဆိုးအောင်လုပ်ခဲ့မိသလဲ....ဆိုတာက...မှ...

သံသရာတစ်လျှောက်မှာ.....အရိပ်လို....လိုက်နေမှာဖြစ်ပါတယ်....

ဒီတော့....

ကိုယ်စားမဲ့ ထမင်းလုပ်ထဲမှာ ...

သူတပါးမျက်ရည် မပါအောင်...သတိထားပါ.. မိတ်ဆွေ။

credit:
NDDPT - Zalun

12/09/2024

ယာဂိကြောင့်

တရုတ် ဗီယက်နမ် လာအ်ို ထိုင်း
ဆိုး_ဆိုး_ရွား_ရွား အခြေပျက်လောက်အောင်
ဘာမှ ဖြစ်မသွားဘူး ...

မုန်တိုင်းမလာခင်
ကြိုတင်ကာကွယ်ရေး၊
မုန်တိုင်းဖြစ်ပြီးသွားတဲ့အချိန်
ကယ်ဆယ်ရေး ၊ ထောက်ပံ့ရေး စသည်ဖြင့်
သူ့အစီအစဉ်နဲ့သူ လုပ်ဆောင်သွားတာ ..

ရေကြီးပြီးနောက်ဆက်တွဲ
ဝမ်းရောဂါတွေ ယားနာတွေ အတွက်လည်း
သူ့အစီအစဉ်နဲ့ သူ Plan တွေ
ချထားပြီး ဖြစ်နေမှာ ...

ပျက်_ စီး ဆုံး_ရှုံးမှုအနည်းဆုံးနဲ့
ပင်လယ်ဘက်ကတိုက်ရိုက်ဝင်လာတဲ့
ယာဂိကို ကြံ့ကြံ့ခိုင်ဖြတ်ကျော်သွားခဲ့တာ ...

ပင်လယ်ကနေ
ဗီယက်နမ် လာအို ထိုင်း
သုံးနိုင်ငံခြားနေတဲ့ ကိုယ်တွေနိုင်ငံမှာသာ
ယာဂိကို တိုက်ရိုက်မတွေ့ဘဲနဲ့ကို
ကမ္ဘာတွေ_ပျက်မတက် ရင်ဆိုင်နေရတာ ...

အဲ့တာဘဲ ...

သူဌေးနိုင်ငံတွေ
သင်္ဘော_ မှောက်တာ
ပြသနာမဟုတ်ပေမယ့်

သ_ဒေါင်း_ဇား နိုင်ငံ ခွက်ပျောက်ရင်
ဘဝတွေပါ _ ပျက်ကုန်ကြရော ... 😣

Photos from NADI - Express's post 20/10/2023

adidas....

6500 mmk only...

ဖြန့်ချိ ဆိုင် အိတ်နှင့်ရမည်..

Want your business to be the top-listed Convenience Store in Yangon?
Click here to claim your Sponsored Listing.

Website

Address


Bogyoke
Yangon
08191