New Sky-Korea Language Center
12/10/2024
New Sky – Korea Language Center မှာဆိုရင် ဘာသာစကားသင်တန်းလို့ ဆိုပေမယ့် ဘာသာစကားချည်းသက်သက် သင်ပေးတာမျိုးမဟုတ်ပဲ သိထား ၊ တတ်မြောက်ထား ၊ ကျွမ်းကျင်ထားသင့်တဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံးကိုပါ တစ်ပါတည်းသင်ကြား ပေးနေတာဖြစ်ပါတယ်။
EPS စနစ်နဲ့ ကိုရီးယားနိုင်ငံမှာ အလုပ်သွားရောက် လုပ်ကိုင်မည့် သူများကို စာတွေ့တင်သာမက စာမေးပွဲအတွက် အဆင်သင့်ဖြစ်စေရန်အတွက် အလုပ်နဲ့ပတ်သက်သည့် လိုအပ်သည်များကို ပစ္စည်းကိရိယာ အစုံအလင်တို့ဖြင့် လက်တွေ့သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
ဒီလို လက်တွေ့သင်ကြားပေးတဲ့ အတွက်ကြောင့်မလို့ EPS စာမေးပွဲအတွက် ကျောင်းသား/သူ များအနေနဲ့ အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး လက်တွေ့ဖြေဆိုတဲ့အခါမှာလည်း အဆင်ပြေစေမှာပါ။
ဝါရင့်ကျွမ်းကျင်ဆရာဖြင့် စာတွေ့ရော လက်တွေ့ပါ အသေးစိတ် လေ့ကျင့်သင်ကြားပေးနေတာဖြစ်လို့ ကိုရီးယားဘာသာစကားကို စိတ်ပါဝင်စားလေ့လာချင်သူများအနေနဲ့ New Sky – Korea Language Center ကို အခုပဲတက်ရောက်လိုက်ပါတယ်။
သင်တန်းနှင့်ပတ်သက်လို့ အသေးစိတ်စုံစမ်းလိုပါက 09 959 355 235 , 09 796 465 416 , 09 456 203 910 တို့အပြင် Page Chat Box တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
သင်တန်းနေရာ - အောင်ဆန်းအပိုင်း(၃) ၊ (၁)လမ်း ၊ ပြည်မြို့။
04/10/2024
EPS ( Employment Permit System ) စနစ်ဆိုတာ ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ကိုရီးယား အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် နိုင်ငံခြားသား အလုပ်သမားများကို တရားဝင် အလုပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် ခေါ်ဆိုသောစနစ်ဖြစ်ပါတယ်။
ကိုရီးယားအစိုးရနှင့် မြန်မာအစိုးရတို့ တိုက်ရိုက်ချိတ်ဆက်ကာ ခေါ်ယူသော စနစ်ဖြစ်ပြီး ကြားခံ Agency မလိုသောကြောင့် သတ်မှတ်ထားသော ကုန်ကျစရိတ်ဖြင့်သာ သွားရောက် အလုပ်လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။
ဒါ့အပြင် တရားဝင်ကျန်းမာရေး အာမခံချက် ၊ အလုပ်သမား ဥပဒေအရ အခွင့်အရေးများနှင့် ရပိုင်ခွင့်များဖြင့် အပြည့်အဝ ကာကွယ်ပေးထားတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချစွာ သွားရောက်လုပ်ကိုင်လို့ ရနိုင်ပါတယ်။
E9 Visa ဆိုတာကတော့ သက်တမ်း ၄နှစ် ၁၀လ ကြာမြင့်ပြီး နောက်ထပ် ထပ်မံတိုးခွင့်ရှိပါတယ်။ ကိုယ်လုပ်ကိုင်နေသော လုပ်ငန်းမှသူဌေးနဲ့ စာချုပ်ချုပ်ပြီး နောက်ထပ် ပြန်လည်လာရောက်လုပ်ကိုင်နိုင်တဲ့ Visa မျိုးပါ။
ဒါကြောင့် EPS စနစ် ၊ E9 Visa တို့ဟာ နိုင်ငံနှစ်နိုင်ငံချိတ်ဆက်ထားသော စနစ်ဖြစ်တာကြောင့် ယုံကြည်စိတ်ချမှုရှိပြီး အလုပ်သမားအခွင့်အရေးကိုလည်းအပြည့်အဝ ရရှိစေမယ့် စနစ်တစ်ခုဖြစ်ပါတယ်။
02/10/2024
ယခုအချိန်မှာ ကိုရီးယားနိုင်ငံ EPS စနစ်နဲ့ အသက်၁၈နှစ်မှ ၃၉နှစ် အထိယောက်ျားလေးများ သာမကပဲ အထက်တန်းပြီးမြောက် အောင်မြင်ထားသော မိန်းကလေးများပါ သွားရောက် အလုပ်လုပ်ကိုင်နိုင်ပြီ ဖြစ်တဲ့အတွက်ကြောင့် ကိုရီးယား ဘာသာစကားနှင့် EPS စာမေးပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများကို New Sky – Korea Language Center မှာ စတင်လေ့လာသင်ကြားနိုင်ပြီပဲ ဖြစ်ပါတယ်။
EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်မည်ဆိုလျှင် ယောကျာ်းလေးများအတွက်
- ရေလုပ်ငန်း
- စိုက်ပျိုးရေးလုပ်ငန်း
- ဆောက်လုပ်ရေးလုပ်ငန်း
- မွေးမြူရေးလုပ်ငန်း
- ကုန်ထုတ်လုပ်ငန်း
မိန်းကလေးများအတွက်
ဝန်ဆောင်မှုလုပ်ငန်း စတဲ့အလုပ်အကိုင်တွေနဲ့သွားရောက်နိုင်မှာ ဖြစ်ပါတယ်။
ပညာအရည်အချင်း ကန့်သတ်ထားခြင်းမရှိသလို မျက်မှန်တပ်သူများ ၊ တက်တူးထိုးထားသောသူများလည်း EPS စနစ်နဲ့ ကိုရီးယားနိုင်ငံကို သွားရောက်နိုင်ပါတယ်။
အတွေ့ကြုံရှိပြီးသား ဆရာတစ်ဦးနှင့် အနီးကပ်လေ့လာသင်ကြားရမှာ ဖြစ်တာကြောင့် EPS စာမေးပွဲအတွက် အဆင်သင့် ဖြစ်စေဖို့ဆိုရင် New Sky – Korea Language Center ကိုသာ ရွေးချယ်လိုက်ပါ။
သင်တန်းနှင့်ပတ်သက်လို့ အသေးစိတ်စုံစမ်းလိုပါက 09 959 355 235 , 09 796 465 416 , 09 456 203 910 တို့အပြင် Page Chat Box တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
သင်တန်းနေရာ - အောင်ဆန်းအပိုင်း(၃) ၊ (၁)လမ်း ဘယ်ဘက်ခြမ်း ၊ ပြည်မြို့။
01/10/2024
ကိုရီးယားဘာသာစကားကို လေ့လာဖို့အတွက်နဲ့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ချင်သူတွေ အတွက် သတင်းကောင်းလေးတစ်ခု ရှိနေပါပြီ။
ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ ကိုယ်တိုင်5နှစ်ထိ သွားရောက်ခဲ့ဖူးတဲ့ ဆရာစည်သူစိုး (Dip.외대학 Korea.) ကိုယ်တိုင် ပြန်လည်ဦးစီးပြီး သင်ကြားပေးမယ့် New Sky-Korea Language Center ကို ပြည်မြို့မှာ ဖွင့်လှစ်ထားပြီပဲ ဖြစ်ပါတယ်။
ဆရာစည်သူစိုး (Dip.외대학 Korea.) က ကိုယ်တိုင်သွားရောက်ခဲ့ဖူးသော 5နှစ်အတွင်း အလုပ်အကိုင် အတွေ့အကြုံတွေနဲ့ ဘာသာစကားများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမှာကြောင့် ဘာသာစကားတင်သာမက အလုပ်အကိုင်အတွက်ပါ ကျွမ်းကျင်တတ်မြောက်စေဖို့ ၁၀၀% စိတ်ချလို့ရနိုင်ပါတယ်။
ကျောင်းသားအကျိုးခံစားခွင့်အနေနဲ့ -
🔸 Wifi Free
🔸 သင်ရိုးစာအုပ် Free
🔸 EPS စာမေးပွဲ မဖြေဆိုခင်အထိ သင်တန်းမှာ အဆင်ပြေတဲ့အချိန် လေ့ကျင့်သင်ကြားနိုင်ခွင့် တို့ကိုရရှိမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကိုရီးယားဘာသာစကားကို လေ့လာချင်တဲ့သူတွေ ၊ အလုပ်သွားရောက် လုပ်ကိုင်ချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုအဖြစ် New Sky – Korea Language Center ရှိနေပါပြီ။
သင်တန်းနှင့်ပတ်သက်လို့ အသေးစိတ်စုံစမ်းလိုပါက 09 959 355 235 , 09 796 465 416 , 09 456 203 910 တို့အပြင် Page Chat Box တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
သင်တန်းနေရာ - အောင်ဆန်းအပိုင်း(၃) ၊ (၁)လမ်း ၊ ပြည်မြို့။
Click here to claim your Sponsored Listing.
Category
Website
Address
Past 3, 1st Road, Aung San
Pyay
08151