Htutt Veterinary Clinic
19/09/2025
🐾 Diaphragmatic Hernia ခွဲစိတ်ကုသမှု 🐾
ခွဲစိတ်ခနှင့်ဆေးရုံတင်စရိတ် 70%off ဖြင့် ကုသိုလ်ဖြစ်ခွဲစိတ်ကုသပေးခြင်း
ခွေး၊ကြောင်လေးတွေရဲ့အသက်ကိုကယ်ကြတဲ့အခါ
ဆေးကုသစရိတ် မတတ်နိုင်လို့ဆိုပြီး မကုဘဲပစ်မထားပါနဲ့နော် ၊ ဆေးခန်းကိုခေါ်ခဲ့လို့ရပါတယ် ၊
ပွင့်ပွင့်လင်းလင်းပြောပြလို့ရပါတယ် ၊
ဆေးခန်းမှာ တချိူ့ caseတွေ Charges free ဖြင့်ကယ်ပေးခဲ့တာတွေရှိသလို ဆေးဖိုးလေးပဲလက်ခံပြီး ကုသပေးခဲ့တာတွေအများကြီးပါနော်
14-9-2025ရက်နေ့
——————————
ဆေးခန်းမှာ အလွန်ဆိုးရွားတဲ့ အသက်အန္တရာယ်ရှိသည့် အခြေအနေတစ်ခုနဲ့ ကြောင်လေးတစ်ကောင် ကို ဦးလေးတစ်ယောက် လက်ဆွဲခြင်းလေးထဲထည့်ပြီး စက်ဘီးလေးနဲ့ ရောက်လာခဲ့ပါတယ်။
😻ကြောင်လေးနာမည်က မိဝါတဲ့
မိဝါလေးဟာ ဗိုက်ပေါက်ပြီး abdominal contents တွေထွက်နေတဲ့အပြင် Diaphragm (ရင်ဝမ်းခြားကြွက်သား)ပြဲပြီး abdominal contents အချိူ့ဟာ အရှေ့ရင်ခေါင်းထဲကိုလည်းရောက်နေပါပြီ။
Diaphragmatic hernia ဖြစ်နေတဲ့အတွက် အသက်ရှုခက်တဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။
မိဝါလေး အရေးပေါ်အခြေအနေဖြစ်နေတဲ့အတွက် operation အမြန်ဆုံးဝင်ပြီး အသက်ကယ်ခဲ့ရပါတယ်။
ခွဲစိတ်ပြီးနောက် ဆေးခန်းမှာ ၃ရက်care လုပ်ပြီးနောက် လျင်မြန်စွာ သက်သာလာခဲ့ပါတယ်။
အခုတော့ မိဝါလေးက အစာတွေစား၊အသက်ရှူပုံမှန်ပြန်ဖြစ်လာပြီး ဆေးရုံကဆင်းရလို့ပိုင်ရှင်တွေပြန်ခေါ်သွားပါပြီရှင်🐱💖
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 334, Pan Pae Tan Street, Shweku Quarter
Pyay
Opening Hours
| Monday | 08:30 - 18:00 |
| Tuesday | 08:30 - 18:00 |
| Wednesday | 20:30 - 18:00 |
| Thursday | 08:30 - 18:00 |
| Friday | 08:30 - 18:00 |
| Saturday | 08:30 - 18:00 |
| Sunday | 08:30 - 18:00 |
21/10/2025