Ei Ei ABlover

Ei Ei ABlover

Share

08/02/2023

ပြတ် သား တတ် သွား တဲ့ မိန်း မ တစ် ယောက်

အရင်ကဆိုလေ … အဲ့ဒီမိန်းမက သိပ်အတာ ။ ခွင့်လွှတ်ပေးလိုက်ရင် တချိန်ကျ အမှားတွေသိလာမှာပါဆိုပြီး အဲ့ဒီ ဖြစ်မလာတော့တဲ့ နေ့တွေကို ထိုင်နေရတွက်နေတတ်တာလေ ။ နားလည်မှုမပေးရင် မပျော်ပဲနေမှာဆိုပြီး ကိုယ်အဆင်မပြေတဲ့အရာတွေကို သူအဆင်ပြေပါစေဆိုတဲ့အတွေးနဲ့ နားလည်မှုတွေပေးခဲ့တာ ။ ဘယ်သူ့ကိုမဆို သိပ်တွယ်တာတတ်ပြီး ဘယ်နေရာမှာမဆို ငါရှိနေမှ ဖြစ်မှာဆိုပြီး ကိုယ့်ကိုကိုယ်ကျမေ့ထားပြီး တစ်လောကလုံး သိပ်စိတ်ပူပေးတတ်တဲ့ မိန်းမပေါ့ ။ အဲ့ဒီမိန်းကလေးက ဘာကြောင့်ပြတ်သားတတ်သွားတာလဲလို့မေးရင် နာတတ်သွားလို့လို့ ဖြေရမှာပေါ့ ။

မျက်ရည်တွေကျနေရုံနဲ့ … ရှင့်ကို မချစ်ချင်တော့ဘူးဆိုပြီး ရေရွှတ်တတ်တဲ့ မိန်းကလေးမဟုတ်ဘူးလေ … နာကျင်စေခဲ့တဲ့ ရက်တွေမှာတောင် ရှင့်ကို ချစ်ပါတယ်ဆိုတဲ့စကားကိုပဲ ထပ်ခါထပ်ခါ ပြောနေမိတာ ။ ရှင်မှ မကြင်နာရင်ဆိုပြီး မတွေးရဲပဲ တစ်ချိန်လုံး နေခဲ့တာ ။ ဘယ်သူမှမလိုပါဘူးဆိုတဲ့အတွေးနဲ့ ကျွန်မသိပ်ချစ်တဲ့ ရှင့်တစ်ယောက်တည်းရဲ့ မျက်နှာကိုပဲ ကြည့်နေခဲ့မိတာ ။ ဒါပေမယ့် မေတ္တာတွေပေးပြီး ပြန်ရလာတဲ့ ဒဏ်ရာတွေက များလာတဲ့အခါ မနာချင်ပါပဲနဲ့ စိတ်တွေက နာတတ်သွားတယ် ထင်ပါတယ် ။

အရင်ကဆိုလေ … တစ်ခုခုဆို ကျွန်မက ရှင်အဆင်ပြေရဲ့လားဆိုတာလောက်ပဲ တွေးပူနေတတ်တာ … ကျွန်မကို အဆင်ပြေရဲ့လားဆိုပြီး မေးဖို့ မေ့နေတဲ့နေ့တွေမှာတောင် အလုပ်များနေတာဖြစ်မှာပါဆိုပြီး ကိုယ့်အတွေးနဲ့ ကိုယ် ရှင့်ကို ကာဗာပေးနေမိတာ ကျွန်မကိုယ်ကျွန်မ ညာနေမိတာလေ ။ ဖုန်းဆက်မလာရင် မျှော်ရတယ် ဒါပေမယ့် ရှင်က မျှော်မှ မမျှော်ခဲ့ဖူးပဲလေ အမြဲတစေကျွန်မက အသင့်ရှိနေခဲ့တာကိုး ညတွေ ရှင်က အိပ်မက်လှလှမက်နေတဲ့အချိန်မှာတောင် ဖုန်းတကြည့်ကြည့်နဲ့ ငုတ်တုတ်ထိုင်နေမိတာကိုး ။

ဒီနှစ်တွေမှာ ငါဘာတွေလုပ်နေမိလဲဆိုတာမတွေးမိခင်အထိတော့ ရှင့်ကို တစ်စိုက်မတ်မတ်ချစ်ခဲ့ပါတယ် ။ ဒါပေမယ့် နေ့တိုင်းရက်တိုင်း မျက်ရည်နဲ့ ဖြတ်သန်းလာရတဲ့အခါ ကျွန်မဘ၀ကို ကျွန်မမုန်းလာမိတယ် ကျွန်မကို ကျွန်မ ဘာလို့လဲဆိုပြီး စိတ်တွေကုန်လာတတ်တယ် ။ အဲ့ဒီနေ့တွေမှာ ရှင်သာရှိနေရင် ကျွန်မ တစ်ယောက်တည်းနေဖို့ ခက်ခဲနေဦးမှာ တစ်ခုခုဆို ကျွန်မ အစအဆုံးရှင့်ကို ပြောပြနေမိဦးမှာ ။ ကျွန်မ တကယ်ပဲ လမ်းတွေပျောက်နေတဲ့ရက်တွေမှာတောင် အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းလေးတစ်ခုတောင် ရမလာခဲ့ဘူး ။ ကျွန်မ မေတ္တာ ဘယ်လောက်ပဲပေးပေး ပြန်ရလာတဲ့ ဥပေက္ခာတွေက သိပ်ကို အထီးကျန်စရာကောင်းလွန်းတယ် ။ ငါ ဘယ်သူ့ကို ပြောပြရမလဲဆိုပြီး ငေးကြည့်မိတော့ တစ်လောကလုံးမှာ ရှင်တစ်ယောက်တည်း ရှိသလိုမျိုး ရူးမိုက်ခဲ့ခြင်းတွေကြောင့် ကျွန်မနား ဘယ်သူမှ ရှိမနေခဲ့တော့ဘူးလေ ။ အဲ့ဒီရက်တွေမှာ ကျွန်မသာ ကိုယ့်စိတ်နဲ့ ကိုယ်သာဆိုရင် ဘာဖြစ်သွားမလဲ တကယ် မသေချာဘူး ။

မျက်ရည်တွေကျရလို့ စိတ်ပျက်တတ်သွားတာမဟုတ်ဘူးနော် ရှင်ရဲ့ … ကျနေမိတဲ့မျက်ရည်တွေ အများကြီးကို နည်းနည်းလေးမှ ဂရုစိုက်မခံရတဲ့ရက်တွေမှာ ငါငိုနေလဲ ဘာထူးမှာလဲဆိုပြီး တွေးတတ်လာတာ ။ ငါပြောပြနေလဲ နားလည်ပေးတာမှ မဟုတ်တာဆိုတဲ့ အတွေးတွေဝင်လာတဲ့အခါ စကားတွေကျဲသွားခဲ့တာ ။ ထင်မှာပေါ့ … အရင်လိုဟုတ်မနေတော့ဘူးဆိုပြီး ထင်လိမ့်မယ် အရင်လိုမဟုတ်တော့အောင် ရှင်ကိုယ်တိုင်ပဲ သင်ပေးခဲ့တာပါ ။ အရင်လိုပဲ ရပ်နေရင်း အရင်အတိုင်းပဲ နာကျင်နေရတဲ့ဘ၀မှာ နေရမှာပေါ့ မဟုတ်ဘူးလား …

ချစ်ခြင်းမေတ္တာဆိုတာ တစ်ခါတစ်လေတော့ အပြန်အလှန်ရှိဖို့ သင့်ပါရဲ့ ။ ကိုယ်ကပဲချစ် ကိုယ်ကပဲ နားလည် ကိုယ်ကပဲ ရပ်စောင့်နေရင်း ကိုယ်ပဲ ကျန်ရစ်နေရမယ့်အဖြစ်တွေကို တွေးကြည့်တိုင်း စိတ်ကုန်နေခဲ့မိတာ ။ စိတ်ကုန်နေမိတဲ့အချိန်တောင် ချစ်တဲ့စိတ်ကလေးနဲ့ ရပ်စောင့်နေခဲ့သေးတယ်နော် ဒါပေမယ့် အဲ့ဒီရက်တွေမှာ ကျွန်မတစ်ယောက်တည်း ရှင်သန်ခဲ့ရတာလေ ။ တစ်ယောက်တည်း ရှင်သန်တတ်သွားတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ ဘာလို့ တခြားတစ်ယောက်ထပ်လိုတော့မှာလဲ ဘာလို့ ဒဏ်ရာတွေကို မျက်ရည်တွေန့ ရင်းပြီး ဝယ်နေတော့မှာလဲ အများကြီး ငိုပြီးသွားတဲ့အခါ မျက်ရည်တွေကြားက ပြုံးတတ်လာခဲ့ပြီဖြစ်သလို ကျွန်မလဲ ပြတ်သားတတ်လာပါပြီ ။

#ကျေးကို

18/01/2023

ဘယ်လောက်ထိပဲ အဆင်မပြေမပြေ
ခင်ဗျားအသံကြားရတာနဲ့ အလိုလိုပြုံးမိတဲ့သူပါ။

ကြမ်းတယ်ဆိုတဲ့ လောကဓံကြားမှာ
ခင်ဗျားအပြုံးတွေကြောင့် နေ့ရက်တိုင်းကို အဆင်ပြေပြေဖြတ်သန်းနိုင်ခဲ့တာပါ။

မနက်ဖြန်ဆိုတာ ဘာဖြစ်မယ်မှန်းမသိတဲ့လောကကြီးမှာ အနွေးထွေးဆုံးသော မေတ္တာတရားများကို ခင်ဗျားကိုပဲ ပေးပါရစေ။

အေးပါတယ်ဆိုတဲ့ ဆောင်း ရာသီမှာတောင် ခင်ဗျားအကြောင်းတွေးရုံနဲ့ အနွေးဓါတ်ပြည့်နေသူပါ။

တစ်ချို့သူတွေ အနိုင်ကျင့်တယ်လို့ ခံစားရတဲ့အခါ ခင်ဗျားကို အရင်ဆုံး အားကိုးတကြီးတိုင်ပြောချင်တာ။

ငွေကြေးဥစ္စာ မပြည့်စုံပေမဲ့
ခင်ဗျားသာ အနားမှာရှိရင် အရာရာပြည့်စုံပါပြီ။

#သဟာဆွေလှိုင်း

16/01/2023

ကျန်ခဲ့တာလား
ချန်ခဲ့တာလား
ကိုယ်တိုင်တောင် ဝေခွဲမရခင်လေးမှာပဲ
တဖြည်းဖြည်း ငါတို့ ဝေးသွားလိုက်ကြတာ
ကမ္ဘာခြားသွားသလိုပါပဲ

မြဲလှပြီထင်တဲ့ သံယောဇဉ်ကြိုး
နှစ်ဖက်လုံး ဆွဲထားလည်း တင်းလွန်းရင် ပြတ်တာပါပဲလေ

ဒါတင်ပဲ မဟုတ်ပါဘူး
တစ်ဖက်က မဆွဲဘဲ လွှတ်ချပြန်ရင်လည်း
ကျန်တစ်ဖက် အားနဲ့ဆွဲရင် ပက်လက်လန်ရတာပဲလေ…

ချည်ပြီး မြဲနေလည်း
တစ်ဖက်က
ချစ်လို့ ချည်တယ်ပဲ မြင်ရင်တော်တယ်
ချုပ်နှောင်တယ်ထင်ရင် ပိုခက်လိမ့်မယ်

ချစ်စက ရစ်နှောင်တာ ကြိုက်သလောက်
အချိန်ကြာလာတာနဲ့အမျှ
တွယ်တာတာကို အပြစ်ရှာလာတဲ့အခါ
ရစ်နှောင်ဖွဲ့တဲ့သူကိုပဲ အပြစ်မဆိုပါနဲ့

မင်းသာ အစက တွယ်ရစ်ခွင့် မပေးခဲ့ရင်
ငါလည်း
အချိန်ကြာလာတာနဲ့အမျှ
ခိုင်ခိုင်မြဲမြဲ
ခုလို ငြိတွယ်မှာ မဟုတ်ခဲ့ပါဘူးကွယ်….။

ဆြာချစ်
(၂၀၂၃ ဇန်နဝါရီ ၁၅)

15/01/2023

ကြာတော့သည်လည်း မောင့်စကား -ဂျူး

လောကမှာ ယောင်္ကျားတွေက အချစ်နဲ့ပတ်သတ်လာရင် ပုံစံနှစ်မျိုးရှိကြတယ်၊ တစ်ခုက ကိုယ်ချစ်နဲ့လူကို ပိုင်ဆိုင်ဖို့မတွန့်မဆုတ်ကြိုးစားတတ်တဲ့လူနဲ့ ကိုယ်က ချစ်ပေမဲ့လည်း ပိုင်ဆိုင်ဖို့မကြိုးစားတတ်လူဆိုပြီးတော့ပေါ့...။


နန္ဒ - သူက ပထမအမျိုးစားထဲကယောင်္ကျားတစ်ယောက် သူဘာလိုချင်လဲဆိုတာကို သူသိတယ် ပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ယောင်္ကျားတစ်ယောက် ပြောရရင် ကိုယ်လိုချင်တာကိုရအောင်ကြိုးစားတတ်တဲ့လူတယောက်..။

ဖြိုးကျော် - သူကကြတော့ ဒုတိယအမျိုးစားထဲကတယောက် သူက ဇော့်ကို ငယ်ငယ်လေးကတည်းက‌နေ ဘေးမှာနေပြီး ဇော်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးပြီး အရိပ်တကြည့်ကြည့်ချစ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ ဇော်ဟာ သူထက်သာတဲ့လူနဲ့ထိုက်တန်တယ်လို့အမြဲထင်မှတ်နေပြီး ဇော့်ကို ပိုင်ဆိုင်ဖို့မကြိုးစားတတ်တဲ့ ယောင်္ကျားတယောက်

‌တင်တင်ဇော် - သူမကိုယ်တိုင်က ဘာကိုလိုချင်မှန်းမသိ ဆုံးဖြတ်ချက်ကိုပြတ်သားစွာမချနိုင်ခဲ့တဲ့မိန်းက‌လေးအထူးသဖြင့် သူမကို ငယ်ငယ်လေးကတည်းက သံယောဇဉ်ကြီးစွာ ချစ်လာခဲ့တဲ့ဖြိုးကို မှတစ်သက်လုံး သူမနဲ့မထိုက်တန်ဘူးဆိုတဲ့အတွေးမျိုး၀င်အောင်သွားအောင် စကားကိုလက်လွတ်စပယ်ပြောထွက်ခဲ့တဲ့သူမ နောက်ဆုံးအချိန်ထိ သူမဟာ မှန်ကန်တဲ့ရွေးချယ်မှုတခုတောင်မလုပ်နိုင်ခဲ့တဲ့သူမ


ဒီစာအုပ်ကို ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော် ဖြိုးကျော်ကို ဇော်နဲ့မညားစေချင်ပါဘူး ဘာလို့လဲဆိုတော့ ဇော်က ဖြိုးနဲ့ မထိုက်တန်တာပါ
( ဖြိုးက ဇော်နဲ့မထိုက်တန်တာမဟုတ်ဘူးနော် )
သူမကို ဘေးမှာ‌ငယ်ငယ်လေးကတည်းကနေ အရိပ်တကြည့်ကြည့်ချစ်လာခဲ့တဲ့ လူကိုမှ " ငါက ငါထက်ပညာတော်တဲ့ လူကိုပဲရွေးချယ်မှာ " ဆိုတဲ့စကားနဲ့ တစ်သက်လုံး ဖြိုးကို သိမ်ငယ်စိတ်၀င်အောင်ပြောခဲ့တယ် အဲစကားကို ဇော်ကတချိန်မှာ ပြန်ပြီး ဖြိုးကိုရှင်းပြခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါပြီ အဲစကားက ဖြိုးရဲ့စိတ်ထဲမှာ အမြစ်တခုလိုတွယ်နေခဲ့ပြီလေ
ပြီးတော့ ကျွန်တော်စိတ်အချဉ်ပေါက်စရာဇာတ်ကောင်ဖြစ်တဲ့ နန္ဒ အဲဘဲက တော်တော်စိတ်ကြီး၀င်တဲ့ယောင်္ကျားတယောက်ဖြစ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိတဲ့ယောက်ျားတယောက်လို့ပြောရမယ်
သူလည်းဇော့်ကို ချစ်ပေမဲ့ ကျွန်တော်အမြင်ပြောရရင် ဖြိုးရဲ့အချစ်ကိုတော့မမှီဘူးလို့ပြောရမယ်
ဘာကြောင့်မမှီနိုင်တာလဲနဲ့ နောက်ဆုံး ဇော်ကရော ဘယ်သူ့ကိုရွေးချယ်ခဲ့လဲဆိုတာ ဒီစာအုပ်ကိုဖတ်ကြည့်ဖို့တိုက်လိုက်ပါတယ်။

ဒီစာအုပ်က ဂျူးရဲ့ စာအုပ်ဖြစ်တာကြောင့် ဒီစာအုပ်ထဲက စကားလုံးတချို့က ကျွန်တော်တို့အမျိုးသားထုကို နည်းနည်းလောက်ဖဲ့ထားတဲ့စကားလုံးတချို့ပါပေမဲ့ စာအုပ်က ၀ယ်ရတာနဲ့ ဖတ်ရတာတော်တော်တန်လွန်းတဲ့စာအုပ်တစ်အုပ်ပါလို့ ပြောပါရစေ
(စာအုပ်ကထူနေပေမဲ့လည်း ပျင်းစရာကောင်းတဲ့အမျိုးအစားထဲမှာ မပါပါဘူး )

ပြီးတော့ကျွန်တော်ဒီစာအုပ်ကိုဖတ်ပြီး ရလာတဲ့အသိတခုတော့ရှိပါတယ် အဲဒါက လောကမှာ ဇော့်လိုမိန်းကလေးတွေတော်တော်များများရှိပါလားလို့ ဘာလို့လဲဆိုတော့ သူတို့က ရွေးချယ်စရာခက်ခဲနေတဲ့အရာနှစ်ခုထဲက တစ်ခုကိုစိတ်ပျက်သားစွာမရွေးချယ်နိုင်ရုံသာမက လောဘကြီးစွာ နှစ်ခုလုံးလိုချင်နေကြတယ်လေ။

----
စာအုပ်ကောင်းတစ်အုပ်မို့ ကိုယ်တိုင်ဖတ်ကြည့်ဖို့ ညွှန်းပါရစေ ❤🌿

---
Review by-Tun Lin Khine
(ခွင့်ပြုချက်ယူပြီး)
--------

စာအုပ်တန်ဖိုး-5000ကျပ်
စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် မှာယူနိုင်ပါတယ်💌

ဆရာမဂျူး စာအုပ်အစုံကို ဒီမှာကြည့်မယ်❣👇
https://m.facebook.com/story.php?story_fbid=1195034347748953&id=229759750943089&mibextid=Nif5oz

#ဂျူး
#ကြာတော့သည်လည်းမောင့်စကား

Want your business to be the top-listed Computer & Electronics Service in Pyawbwe?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyawbwe