Thin Ya Nant
17/01/2021
💁♂️💧Toner သုံးသင့်တဲ့အကြောင်းအရင်းက ဘာ. များလဲ.......
💧အသားလေးက ကြည်နေတာပဲ🤩😍။
💧ချွေးပေါက်တောင်မတွေ့ရဘူးနော်ဆိုပြီး အားကျနေရသူလေးတွေရှိလား။
💁♂️ဒါဆိုရင်တော့ အသားအရေလေးကြည်ပြီး ချွေးပေါက်တောင်မမြင်ရလောက်အောင် ကြည်လင်ကျန်းမာတဲ့အသားအရေရစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်လေး တစ်ခုအကြောင်း ပြောပြပေးပါရစေလား….
💁♂️💧ချွေးပေါက်ကင်းပြီး ကြည်လင်တဲ့အသားအရေပိုင်ဆိုင်နိုင်စေဖို့ လိုက်နာသင့်တဲ့အချက်တစ်ခု
ချွေးပေါက်ကင်းပြီး ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် လိုက်နာသင့်တဲ့အချက်တစ်ခုရှိပါတယ်။
💁♂️ဒါကတော့ မျက်နှာအသားအရေကျန်းမာရေးအတွက် Toner သုံးဖို့ပါ။ တော်တော်များများက မျက်နှာသစ်တယ်ပြီးရင် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းတယ်။ ပြီးရင် ကြိုက်နှစ်သက်ရာ မိတ်ကပ်၊ ဒါမှမဟုတ် သနပ်ခါး လူးလိုက်ကြတာများပါတယ်။ ဒါက အလုပ်နည်းတယ်ဆိုပေမယ့် ရေရှည်မှာ အသားအရေကို ထိခိုက်လာစေနိုင်ပါတယ်။
💁♂️Toner ကအသားအရေအတွက် ဘာလုပ်ပေးလဲ….
တစ်နေ့တာမှာ အသားအရေကိုထိတွေ့မိနေတဲ့ ညစ်ညမ်းတဲ့အရာတွေက ဒု နဲ့ဒေးပါ။ ဒီညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေကို ထိခိုက်စေမယ်ဆိုတာကလည်း ပြောနေစရာမလိုအောင်ပါပဲ။ ဒီတော့ ကျန်းမာတဲ့အသားအရေရဖို့ ကိုယ်တိုင်ကသေချာလေးစောင့်ရှောက်ဖို့လိုပါမယ်။ ဒီတော့ မျက်နျာကို မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် Micellar water နဲ့သန့်စင်မယ်။ ပြီးရင် မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သန့်စင်မယ်။ ပြီးရင်တော့ ခြောက်သွေ့အောင်သုတ်ပေးပြီး Toner လေးသုံးပြီး မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာကျန်နေတဲ့ ဖုန်မှုန့်အကြွင်းအကျန်တွေကို ဖယ်ရှားလိုက်ရုံပါ။ ခုလောက်ဆိုရင်တော့ Toner လေးရဲ့ အသားအရေထိန်းသိမ်းမှုကဏ္ဍကို သိလောက်မယ်ထင်ပါတယ်။
💧💁♂️Toner သုံးသင့်တယ်လို့ ပြောရတဲ့အကြောင်းအရင်း
အသားအရေကို Toner သုံးပေးသင့်တဲ့လို့ပြောရတဲ့အချက်က တစ်ခုမကရှိပါတယ်။
ဒါတွေကတော့ Toner က
💁♂️😍ချွေးပေါက်တွေကို ကျဉ်းစေတယ်
ဂွမ်းစလေးမှာ Toner ကိုဆွတ်ပြီး မျက်နှာမှာ အသာအယာလေးပွတ်ပေးတာက အဆီပိုတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ ချွေးပေါက်ကျဉ်းသွားတဲ့အခါ ဝက်ခြံဖြစ်နိုင်ခြေနည်းသွားသလို မျက်နှာအဆီပြန်မှုလည်း သိသိသာသာ သက်သာလာမှာပါ။
💁♂️😍အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးနိုင်တယ်
အရေပြားမှာ သဘာဝအက်ဆစ်တစ်မျိုးရှိနေပါတယ်။ ပုံမှန်အားဖြင့်ကတော့ အရေပြားရဲ့ pH ပမာဏက ၅ ကနေ ၆ အတွင်းရှိမှ ပုံမှန်အခြေအနေဖြစ်မှာပါ။ မျက်နှာသစ်လိုက်တဲ့အခါ အရေပြားရဲ့ pH ပမာဏက ဟန်ချက်ပျက်သွားပါတယ်။ ဒါကို ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် အချိန်ကတော်တော်လေးယူရပါတယ်။ pH ပမာဏပုံမှန် မဖြစ်ခင်မှာ အရေပြားက ဘက်တီးရီးယားတွေကြောင့် ထိခိုက်နိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်မယ့်နည်းလမ်းက Toner အသုံးပြုတာပါပဲ။
💁♂️💧အသားအရေကို အလွှာတစ်ထပ်အနေနဲ့ ကာကွယ်ပေးတယ်
Toner ကချွေးပေါက်တွေကို ကျဉ်းစေပြီး ဆဲလ်တွေကို တင်းရင်းစေနိုင်တာကြောင့် အရေပြားအတွင်းပိုင်းကို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဝင်ရောက်တာမျိုးမရှိအောင် အကောင်းဆုံး ကာကွယ်ပေးပါတယ်။ ဒါတွေတင်မကဘဲ မျက်နှာသစ်တဲ့ရေမှာပါတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အညစ်အကြေးတွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။
အစိုဓာတ်ထိန်းပေးနိုင်တယ်
Toner အများစုက အရေပြားပေါ်က ဖုန်မှုန့်တွေကိုဖယ်ရှားပေးပြီး အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။
💁♂️💧အသားအရေကို လန်းဆန်းစေတယ်
မျက်နှာသစ်လိုက်တဲ့အခါ အဆီတွေ နဲ့ အညစ်အကြေးတွေပါသွားတာမှန်ပေမယ့် အသားအရေကို ကြည်လင်လန်းဆန်းသွားစေတာတော့မဟုတ်သေးပါဘူး။ ဒါကြောင့် အသားလေးက လန်းလန်းဆန်းဆန်းနဲ့ ကြည်ကြည်လင်လင်လေးလှချင်ရင်တော့ Toner သုံးဖို့လိုပါမယ်။
💁♂️😍အတွင်းပြန်ပေါက်တဲ့အမွှေးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်
Toner မှာ ပါတတ်တဲ့ အက်ဆစ်တွေက အရေပြားအတွင်းပြန်ပေါက်တဲ့အမွှေးတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။ မွှေးညှင်းပေါက်လေးတွေ သန့်စင်ကျန်းမာဖို့ဆိုရင် Toner သုံးတာက အဆင်ပြေစေမှာပါ။
အသားအရေလေးက ကျန်းမာပြီး ကြည်လင်လှပနေစေဖို့ဆိုရင် မျက်နှာသစ်ပြီးတိုင်း Toner လေးကို အသုံးပြုပေးတာက အထိရောက်ဆုံး အသားအရေထိန်းသိမ်းမှုတစ်ရပ်ပါ။😍🤩
ကဲ Tonerလေးကိုဘာကြောင့်သုံးသင့်လည်းဆိုတာကိုမျှဝေလိုက်ပြီမို့
မျက်နှာသစ်ပြီးတိုင်း Tonerသုံးဖို့ မမေ့ကြနဲနော်😉😘
Click here to claim your Sponsored Listing.
Telephone
Address
Pyawbwe
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |