Thu Kha Linn

Thu Kha Linn

Share

26/06/2023

ဘဝမှာ အမေရှိနေတာက
ထောက်တိုင်တစ်ခုဆိုတာထက် အများကြီးပိုတယ်။

ဘဝထဲမှာ အဆင်မပြေမှုသေးသေးလေးက အစ
ပင်ပန်းစရာတွေကြုံတိုင်း အမေ့ဆီရင်ဖွင့်တဲ့အခါ
အားဖြစ်ရတယ်။

relationship ကိစ္စတွေ၊ဘယ်သူနဲ့ဘယ်လိုဆက်ဆံရေးရှိနေကြောင်း ပြောပြလို့ရပြီး
တိုင်ပင်လို့ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုလည်းဟုတ်တယ်။

ပျော်လို့ ရင်ခွင်ထဲတိုးဝှေ့လည်းစိတ်မပျက်ဘဲချစ်နေပေးတာ အမေပဲ။
ငိုနေချိန်မှာလည်းဖက်ငိုပေးတာ အမေပဲ။

ဘာဖြစ်ဖြစ်လေ
အမေ့ဆီ အရင်ပြေးသွားပြီးပြောပြချင်မိတာပဲ
ဘာမှအများကြီးမလိုချင်သလို
ဘယ်သူမှကိုယ့်ကိုမပေါင်းသင်းပါစေ အမေရှိနေရင်
လွတ်လပ်ပြီး ကာကွယ်မှုအပြည့်ရတယ်။

ဒီဘဝထဲ ကျန်းကျန်းမာမာနဲ့
အတူရှင်သန်သွားချင်တာကတော့ ဒီသက်ရှိပါပဲ။

11/11/2022

ဝင်သက် ထွက်သက်ဟာ
မင်းဖြစ်သလို ရှင်သန်ရခြင်းရဲ့

အဓိပ္ပါယ်တွေ ပြည့်စုံဖို့ကိုလဲ မင်းကိုပဲ
ထပ်တလဲလဲ လိုအပ်ပါတယ်

သုခလင်း

11/04/2022

ဘာလို့ မြင်တွေ့မိသွားတာလဲ
ဘာလို့ ရင်းနှီးခဲ့ရသေးလဲ
ဘာကြောင့် ချစ်ခဲ့ကြတာလဲ

ဘာကြောင့် လိမ်ခဲ့တာလဲ

ဘာအကြောင်းပြချက်ကြောင့် မုန်းသွားခဲ့တာလဲ
ဘာအကြောင်းပြချက်နဲ့ မချစ်နိုင်တော့တာလဲ

ခုရော
ဘယ်ရောက်နေတာလဲ
ဘာလို့အဆက်သွယ် မလုပ်တော့တာလဲ

ငါ့မှာ မေးခွန်းတွေ အများကြီးထဲ
ဘာလို့ မင်းချန်ခဲ့သေးတာလဲ

ငါကရော ဘာဖြစ်လို့ မင်းကို
မမေ့နိုင်ခဲ့ ရတာလဲ ချစ်နေရသေးတာလဲ

-သုခလင်း

04/04/2022

တော်လောက်ပါပီ ပီးခဲ့တာတွေလဲ
ပြီးသွားပြီ ဆိုပေမယ့် သူ့ကိုလွမ်းနေသေးတာ

#သုခလင်း

Want your organization to be the top-listed Government Service in Pyawbwe?
Click here to claim your Sponsored Listing.

Category

Website

Address


Pyawbwe