Magnolianwe
25/08/2025
ကိုယ်ချစ်ရတဲ့သူဆီက အချစ်ခံဖို့
တောင်းဆိုရတာဟာ ဝမ်းနည်းစရာ အကောင်းဆုံးပဲဆိုတာ သိလာတယ်
ချစ်ခြင်းမေတ္တာဟာ တောင်းဆိုရတာ
မဟုတ်ဘူး လက်ခံရတာဆိုတဲ့ စကားကို နားလည်မိတဲ့အချိန်မှာ
လက်တစ်ဆုပ်စာ အကြင်နာနည်းနည်းကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း
ငိုချင်လာမိတော့တယ်
ဂရုမစိုက်လို့ ရန်ရှာတတ်တဲ့ နှုတ်ခမ်းက တိတ်ဆိတ်လာတယ် တန်ဖိုးထားပြီး မြတ်နိုးစွာ လက်ကလေးကို တွဲထားချင်ပေမယ့် ဆုပ်ကိုင်ရမှာ မရွံ့မရဲဖြစ်လာတယ်
အတူသွားမယ့်ခရီးတွေ အတူဖြ.တ်သန်းမယ့် Anniversary တွေကို စိတ်ကူးမယဉ်ရဲတော့ဘူး မကျေနပ်တာတွေကို အရင်လို နားပူနားဆာ
မလုပ်ရဲတော့ဘူး
အပြင်မှာ အဆင်မပြေမှုတွေ ကြုံလာရလည်း ရင်မဖွင့်ရဲတော့ဘူး ပူဆာရင် မုန့်စားရမှန်း
သိနေတဲ့ ကလေးတစ်ယောက်လို မျှော်လင့်ချ.က်တွေ ရင်ခုန်ပျော်ရွှင်မှုတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေလည်း မရှိတော့ပါ
အိမ်ကဲ့သို့ လုံခြုံခဲ့ဖူးတဲ့ ရင်ခွင်ထဲက
မိုးယိုသံတွေအောက်မှာ ဝမ်းနည်းအားငယ်ခြင်း မျက်ရည်အတိနဲ့ စိုရွှဲချမ်းတုန်နေခဲ့ပြီ....
17/12/2022
Magnolia Champaca ၏အသုံးဝင်ပုံ🌿
အပူပိုင်းနှင့်အပူလျော့ပိုင်း ဒေသတွေမှာ ပေါက်လေ့ရှိတဲ့ magnolia champacaကို တို့မြန်မာတွေက စံကားဝါ ဆိုပြီးခေါ်ကြပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်ပြီး၊ ပုပ္ပါးတောင်မှာတော့ စံကားဝါပန်းတွေကို တစ်နေရာထဲမှာ အများဆုံးတွေ့နိုင်ပါတယ်။
ကဆုန်၊နယုန်လတွေမှာ ပွင့်လေ့ရှိပြီး တော်သလင်းလလောက်မှာ အသီးသီးပါတယ်။အရောင်အဆင်းကတော့ လိမ္မော်ဝါရောင်နှင့် နို့နှစ်ရောင်ဆိုပြီးရှိတယ်။
မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံအများစုမှာတွေ့ရလေ့ရှိတဲ့
ဒီစံကားမျိုးစိတ်ရဲ့ ရနံ့ကို အိမ်ကမေမေက တော်တော်လေးကြိုက်ပါတယ်။
ပန်းပွင့်ချိန်ရာသီမှာ စံကားပန်းရနံ့သင်းသင်းလေးမွှေးနေတဲ့ ညနေခင်းတွေရဖို့ မေမေကမျှော်လင့်ပါသတဲ့။
မေ့မေ့ကို ချစ်တဲ့ အသက်ရှစ်ဆယ်ကျော် ဘိုးဘိုးက မေ့မေ့အတွက်ဆိုပြီး စံကားဝါအပင်ပေါက်လေးကို သူကိုယ်တိုင်ပျိုးပေးခဲ့တယ်။
ဒါကတော့ ကိုယ့်ရဲ့ချစ်စရာအမှတ်တရလေးပါ။💛
မေမေသိပ်သဘောကျတဲ့ စံကားဝါပန်းလေးရဲ့ အသုံးဝင်ပုံလေးတွေကို ရှာတွေ့လာလို့ ပြန်မျှဝေလိုက်ပါတယ်။သိပြီသားသူများလည်း ကျော်သွားလို့ရပါတယ်။...................................................................................
# # အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများအလိုအရ စံကားဝါသည် ဖန်ချိုသော အရသာရှိ၍ အေးသောဂုဏ်သတ္တိရှိ၏။ သုတ်ကို ပွားစေ၍ နှလုံးကို အကျိုးပြု၏။ သည်းခြေ၊ သလိပ်တို့ကို နိုင်၏။ သွေးအန် သွေးကျ၊ဆီးအောင့် ၊ နူနာ၊ အဆိပ်၊ ယားနာ၊ အနာပေါက်တို့ကို ပျောက်ကင်းစေ၏။
# # အသုံးပြုပုံ- အပွင့် -
အပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့်ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကိုရွှင်စေသည်။
အပွင့်ပြုတ်ရည်ကို သောက်သော် အစာအိမ်နာကျင်သောရောဂါ၊ လေရောဂါ၊ကျောက်ကပ်ရောဂါ၊ ညောင်းကျရောဂါများပျောက်၏။
အရွက် -
အရွက်နုစိမ်ရည်ကို စစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများစင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။
အရွက်ကို ရေညှစ်၍ ပျားရည်နှင့်ရောသောက်သော် ရင်ဘတ်အောင့်နာကိုပျောက်ကင်းစေ၏။ ဝမ်းတွင်းရှိ တုတ်ပိုး ၊ သန်ပိုးများကိုလည်း ကျဆင်းစေနိုင်၏။
အသီး -
အသီးကိုဖြစ်စေ ၊ အစေ့ကိုဖြစ်စေ ရေနှင့်သွေးလိမ်းသော် ပေါင်၌ အကျိတ်အဖုဖြစ်ခြင်း ပျောက်၏။
အသီးခွံ နှင့်ပင်စည်ခေါက်များကို နူနာရောဂါ ကုသရာတွင် ထည့်သွင်းအသုံးပြုသည်။
အခေါက် -
အခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်ကင်း၏။
အခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။
အမြစ် -
အမြစ်ခြောက်ကို ဖြစ်စေ ၊ အမြစ်အခေါက်ကို ဖြစ်စေ၊ ဒိန်ရည်နှင့် ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။
စံကားဝါပန်း
ကိုးကား
Dr Lotus Blackမှ လွန်ခဲ့သော ၁ နှစ် အကြာက နောက်ဆုံး တည်းဖြတ်ခဲ့သည်။
Click here to claim your Sponsored Listing.
Category
Website
Address
Pindaya