Pro Auto Service Pathein
Pro Auto Service Pathein
Share
ကား နည်းပညာ ဗဟုသုတ 10/04/2018
ဆက်တိုက်ပြောင်းလဲချိန်ညှိပေးသော ဂီယာ
(Continuously Variable Transmission)
♒♒♒♒♒
🔯CVT တွေကို စကူတာလူစီးယာဉ်ငယ်လေးတွေမှာ စတင်အသုံးပြုခဲ့ကြတာဖြစ်ပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့စနစ်တွေ ထက် ပိုမိုရိုးရှင်းသလို ပိုမိုချောမွေ့တဲ့ ဂီယာအပြောင်းအလဲကိုဖြစ်စေတာကြောင့်
မော်တော်ကားတွေရဲ့ ဂီယာစနစ်အ တွက်လည်း ဖန်တီးအသုံးချလာကြပါတယ်။
⛎ ဒီစနစ်မှာ အင်ဂျင်ဖက်က ပူလီဘီးတစ်ခုနဲ့ ဂီယာဖက်က ပူလီဘီးတစ်ခုကို ခါးပတ်ကြိုးနဲ့ ဆက်သွယ်ပေးထားပြီး ဂီယာအပြောင်းအလဲဖြစ်တဲ့အခါ အထူးပြုလုပ်ထားတဲ့ ပူလီဘီးရဲ့ ဗြက်အကျယ်ကို အတိုးအလျှော့လုပ်ပေးခြင်းအားဖြင့် အလုပ်လုပ်ပါတယ်။
♐ဒီစနစ်မှာ တိကျတဲ့ ဂီယာအချိုးဆိုတာ မရှိဘဲ အမြန်နှုန်းကို လို အပ်သလို ချောချောမွေ့မွေ့ ပြောင်းလဲပေးနိုင်တာကြောင့် ကားပါကင်ကနေ ဖြည်းညင်းစွာထွက်တာမျိုးကစပြီး ဟိုင်းဝေး လမ်းမှာ မိုင်ကုန်မောင်းတာမျိုးအထိ အဆင်ပြေပြေ အသုံးပြုနိုင်စေတယ်။
♓ ဒီစနစ်ကိုလည်း ဆီမီးအော်တိုဂီယာစနစ်အသွင် အသုံးပြုနိုင်ပြီး ကားထုတ်လုပ်သူတွေက Manual Mode အတွက် Paddle တွေနဲ့ ဂီယာအချိုးတွေကို တုပထည့်သွင်းပေး ထားတာမျိုးတွေလည်း ရှိပါတယ်။
♋CVT ဂီယာတွေက တည်ဆောက်ပုံရိုးရှင်းပြီး ထုတ်လုပ်မှုစရိတ်လည်း သက်သာတာ ကြောင့် နောက်ပိုင်းမှာ ခေတ်စားလာလောက်ပေမယ့် ဂီယာအုံအတွင်းမှာ ထည့်သွင်းအသုံးပြုရတဲ့ ခါးပတ်အတွက် ပိုမို ကောင်းမွန်တဲ့ နည်းပညာတွေကို သုတေသနလုပ်နေဆဲပဲ ရှိပါသေးတယ်။
♌ ဒါ့အပြင် CVT စနစ်က စွမ်းဆောင်ရည်မြင့် ပြိုင် ကားတွေမှာ ထည့်သွင်းအသုံးချရလောက်အောင် ပြည့်စုံမှုမရှိသေးပါဘူး။
☆ ☆ဈေးကွက်ထဲမှာ CVT ဂီယာသုံးထားတဲ့ကားတွေ အများကြီးရှိနေပြီဖြစ်ပြီး အနီးစပ်ဆုံးအနေနဲ့
📌 Nissan Juke,
📌 Nissan X-Trail စတာတွေကို ရှာဖွေကြည့်နိုင်တယ်။
¤¤¤ ဒီနည်းပ ညာကို နောက်ပိုင်းထုတ် လျှပ်စစ်ကားတွေမှာ အသုံးပြုလောက်မယ်လို့လည်း ခန့်မှန်းရပါတယ်။
♉CVT
Continuously Variable Transmission ဆိုတာ ကားသေးတွေမှာတပ်ဆင်ထားတဲ့ (အထူးသဖြင့် 1.3L ကားတွေ) ဂီယာဘောက်စ်အမျိုးအစားဖြစ်ပါတယ်။ ဆီစားနှုန်းသက်သာပြီး Emissions ထုတ်လွှတ်မှုနည်းစေတဲ့ ဂီယာဘောက်စ်ဖြစ်တယ်။
♈ စတီးပြား၊ ပူလီ၊ CVT ဆီ စတာတွေကို သုံးထားပါတယ်။ မိုးရေဝင်ရင်ပျက်စီးတတ်တဲ့ ဒီဂီယာဘောက်စ် ကောင်းကောင်းအလုပ်မလုပ်တော့ရင်
📜၁။ ဘယ်အစိတ်အပိုင်းကပျက်စီးတာလဲဆိုတာသိဖို့လိုပါတယ် - ဆင်ဆာတွေနဲ့ Transmission ECU တွေကိုသုံးထားတာကြောင့် တိတိကျကျသိအောင် စစ်ဆေးစက်နဲ့ စစ်ဖို့လိုတယ်။
📜၂။ CVT ဂီယာဘောက်စ်က ပျက်နိုင်ခြေအရမ်းနဲပါတယ်။ အပျက်များတာက ဒီဂီယာစနစ်ကိုထိန်းချုပ်ထားတဲ့စနစ်ပါ။ ဆင်ဆာတွေ၊ ကြိုးတွေ၊ ဝါယာကော်နက်တာတွေ အပျက်များပါတယ်။ ဒါတွေကို အရင်စစ်ဆေးပြီးမှ ဂီယာဘောက်စ်အတွင်းပိုင်းကို သံသယဝင်ပါ။
📜၃။ ဂီယာဘောက်စ်ကို အတတ်နိုင်ဆုံးမခွဲကြည့်ပါနဲ့။ အထဲကအစိတ်အပိုင်းတွေကို လဲလှယ်ဖို့ အပိုပစ္စည်းရှိမရှိမသေချာလို့ပါ။
🔧 ပြန်ပြီးထွင်ထည့်လို့တော့ရပေမဲ့ ဖြစ်နိုင်ရင် အလုံးလိုက်လဲတာကပိုကောင်းပါတယ်။
🚘🚘🚘🚘🚘
ကားချစ်သူ
Credit》》
MV-TECH
♒♒♒♒♒
📌 Nissan Juke,
♉CVT
🚘🚘🚘🚘🚘
ကားချစ်သူ
Credit》》
MV-TECH
Photos from Pro Auto Service Pathein's post 02/02/2018
(5.2.2018) မှ (9.2.2018)ထိ
Mitsubishi Car များအခမဲ့စစ်​​ဆေး​ပေးမယ့်​အစီစဉ်​​လေးပါ
မိတ်​​ဆွေတို့ရဲ့ Misubishi Car များအခမဲ့စစ်​​ဆေးခြင်​တယ်​ဆိုရင်
အထက်​ပါ​နေ့ရက်​များအတွင်း (Pro Auto Service - မြက်​တို၊ပုသိမ်​မြို့) လာ​ရောက်​ပြသနိုင်​​ကြောင်းအသိ​ပေးအပ်​ပါသည်​။
Ph 094510678
အခြေခံ သိထားသင့်တဲ့ ကား ပြဿနာ ဖြေရှင်းနည်း 03/11/2015
အခြေခံ သိထားသင့်တဲ့ ကား ပြဿနာ ဖြေရှင်းနည်း မီးခိုး အထွက် လွန်နေရင် သေချာပါတယ်။ ဆီယိုနေပါပြီ။ ဒီမှာ မီးခိုး အရောင်ကို ထပ်ခွဲရပါ အုံးမယ်။ မီးခိုး အမည်းရောင် ဆိုရင် အင်ဂျင်ဆီယိုနေခြင်း ဖြစ်ပါတယ်။ မီးခိုး အဖြူ ဘက် နည်းနည်း လိုက်ရင် ရေယိုနေခြင်း ဖြစ်ပါ တယ်။ ရေယို ဆိုတာ အင်ဂျင်အအေးခံဖို့အတွက် ပေးထားတဲ့ ရေလမ်းကြောင်းကနေ ပေါက်ထွက်ပြီး ဆလင်ဒါထဲ ဝင်ရေ…
အင်ဂျင်ဝိုင်သတိ - Motors.com.mm 03/11/2015
အင်ဂျင်ဝိုင်သတိ - Motors.com.mm ကားအင်ဂျင်စက်တစ်လုံးမှာ Motor Oil လို့ခေါ်တဲ့ အင်ဂျင်ဝိုင်ချော စီဟာ အင်ဂျင်ချောမွေ့စွာ လည်ပတ် နိုင်ရေးအတွက် အရေးကြီးပါတယ်။ လည်ပတ်လှုပ်ရှားနေတဲ့ အင်ဂျင်တစ် လုံးမှာ အတွင်းအစိတ်အပိုင်းတွေ ပွန်း စားမသွားဘဲ တာရှည်အသုံးခံဖို့၊ အင် ဂျင်အတွင်းပိုင်းကအပူတွေ ပြင်ပကို စွန့်ပစ်ပြီး အေးသွားစေဖို့၊ အင်ဂျင်အတွင်းပို…
Want your business to be the top-listed Autos & Automotive Service in Pathein?
Click here to claim your Sponsored Listing.
Website
Address
No-10, Pathein-Monywar Road, Myet To
Pathein
Opening Hours
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00