May's Pandora Box

May's Pandora Box

Share

13/08/2021

Curvy လက်ကျန်ဖြတ် အထူး Promotion 😍
Instock ရသေးတဲ့ ဆိုဒ်လေးတွေကတော့
Wt 6 hooks (အသားရောင်) -36000
Size - XXS,XS,S, M, L

Wt 6 hooks (အနက်ရောင်) - 35000
Size - XS, S, M, L

Wt 25 bones - 36000
Size - XS ,S

Arm Shaper - 16000
Size - XXS, XS, S, L

Panty - 18000
Size - S, M, L

Beauty Solution
Lotion - 6500
Shower gel - 5500

Stock ရှိသလောက်ပဲရမှာမို့ မြန်မြန်လေးမှာပေးပါနော်

20/11/2020

ဆံပင် စောစောဖြူတာ ဘာကြောင့်လဲ 👩‍🦳👨‍🦳
-------------------------------------------

ဆံပင်ဖြူနဲ့ ပက်သက်ပြီး ပြောစရာ အကြောင်းအရာများ များစွာ ရှိကြပါတယ်။ အချို့ကလည်း ပညာရှိခြင်း၏ သင်္ကေတ၊ အချို့ကလည်း လူကြီးများ မစားမှီစားဦးစားဖျား စားလို့၊ အချို့ဘုရင်များ လက်ထက်တော် ကြတော့လည်း ဆံပင်ဖြူမြင်တာနဲ့ ရဟန်းဝတ် တောထွက် စသဖြင့် စသဖြင့်ပေါ့လေ။ အချို့ကလည်း ဆံပင်ဖြူမှာ ကြောက်ကြ၊ အချို့ကလည်း ဆံပင်ဖြူလေး ရှိတာကို ဝံ့ကြွားကြ၊ လူအမျိုးမျိုး၊ စိတ် အထွေထွေပေါ့။

ဆံပင်နဲ့ ပတ်သက်လို့ ပုံမှန်ဖြစ်လေ့ရှိတာကို ၅၀-၅၀ လို့ မှတ်ထားလို့ရပါတယ်။ အဲဒါ ဘာအဓိပ္ပာယ်လည်း ဆိုတော့ အသက် ၅၀ မှာ ဆံပင်အားလုံးရဲ့ ထက်ဝက်ဖြူတာက လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ရှိပါတယ်တဲ့။ ဆိုလိုတာကတော့ သင်အသက် ၅၀ မှာ သင့်ဆံပင် အချို့တဝက် စဖြူနေပြီဆိုရင်တော့ အဲဒါပုံမှန်ပါပဲ။ ဒါပေမယ့် အဲထက်စောပြီး ဆံပင်ဖြူနိုင်လား ဆိုရင်တော့ ဖြူနိုင်ပါတယ်။ အဲလို ဆံပင်ဖြူစေနိုင်တဲ့ အကြောင်းရင်းတွေကို ဒေါက်တာလင်းက ပြောပြပါဦးမယ်။

၁။ ဘာကြောင့်လည်း မသိရပေမယ့် လူမျိုးပေါ် မူတည်ပါတယ်တဲ့။ 👩‍🦰
အစောဆုံး ဖြူတာကတော့ မွေးရာပါ ဆံပင်နီတဲ့သူတွေပါ။ ပီးရင်တော့ လူဖြူတွေမှာ ဆံပင်ဖြူလွယ်ပါတယ်။ အဲလောက်မှာတော့ အာရှတိုက်သားတွေပါ။ ဆံပင်ဖြူ အနှေးဆုံးကတော့ အာဖရိကန်-အမေရိကန်တွေပါတဲ့။

၂။ စိတ်ဖီစီးမှုတွေဟာလည်း ဆံပင်ဖြူစေတဲ့ တရားခံတွေပါတဲ့။ 🙃
အဲလိုပြောပေမယ့် တစ်ည စိတ်ဖီစီးရုံနဲ့ တစ်ခေါင်းလုံး ဖြူသွားတယ်ဆိုတာကတော့ တရုတ်ကားထဲမှာပဲ မြင်ဖူးတာပါ။ အဓိကပြဿနာကတော့ စိတ်ဖိစီးလာတဲ့အခါ ဆံပင်ကျွတ်လာတာပါ။ ဒါပေမယ့် စိတ်ဖီးစီးမှု့ကြောင့် ကျွတ်တဲ့ ဆံပင်တွေ နေရာမှာ ပြန်ပေါက်လာတဲ့ ဆံပင်တွေဟာ နဂိုမူလ ဆံပင်နဲ့ မတူတော့ဘဲ ပျက်စီးလွယ်ခြင်း၊ အရောင်မတူတော့ခြင်း တွေ ဖြစ်လာပြီး ဆံပင်စောပြီး ဖြူစေပါတယ်။ အဲဒိတော့ မတ်မတ်တို့ အနေနဲ့ စိတ်ညစ်လို့ ဆိုပြီး ဆံပင်ညှပ်ပစ်တာမျိုးတွေ၊ မကောင်းကျောင်းပို့ သီလရှင်ဝတ်တာမျိုးတွေ သတိထားပါ။ တော်ကြာ ပြန်ပေါက်လာရင် ပြောင်းဖူးမွေးနဲ့ ညားတတ်ပါတယ်။

၃။ ဆေးလိပ်သောက်ခြင်းဟာ ဆံပင်နဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ 🚬
ထိုနည်းတူ ဗီတာမင် ဘီ၁၂ လို အာဟာရ ဓာတ်တွေ နည်းပါးခြင်းကလည်း ဆံပင်ဖြူခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မို့ အရေပြား ဆရာဝန်များကတော့ ဗီတာမင်များ၊ အန်တီအောက်ဆီဒန့်များနှင့် အခြား အာဟာရဓာတ်များကို စုံလင်အောင် စားသုံးပေးခြင်းဖြင့် ဆံပင်ဖြူခြင်းကို ကာကွယ်ရုံမျှမက နှလုံးရောဂါနှင့် ကင်ဆာရောဂါ စတာတွေလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ ဆံပင်ကိုက သူဘာသာ ဖြူချင်လို့ကို Scrub လုပ်တာပါတဲ့။ 🤣
ဘာနဲ့လုပ်လဲဆိုတော့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဒ်နဲ့ပါ။ ဘယ်ကရလဲဆိုတော့ ဆံပင်အောက်ခြေက ဆံပင်အမြစ်လို့ ခေါ်ကြတဲ့ အိတ်ကလေးကနေ ထုတ်တာပါတဲ့။

၅။ ဆံပင်တွေမှာ ဆံသားဖြစ်တဲ့ ဆဲလ်တွေရယ် အရောင်တင်ပေးတဲ့ ဆဲလ်တွေရယ်ဆိုပြီး ၂ ပိုင်း ရှိပါတယ်တဲ့။ ✌️
အဲ ၂ ပိုင်းစလုံးဟာ အသက်ကြီးလာလေ အားနည်းလာလေ ဆိုပေမယ့် အရောင်တင်ပေးတဲ့ ဆဲလ်တွေက အားနည်းတာ ပိုမြန်လို့ မကြာမကြာ ဆံပင်ကို ပြုပြင်တာတွေ မလုပ်သင့်ပါဘူးတဲ့။

၆။ ဆံပင်ဖြူစောတာဟာ လိင်ပေါ်လည်း မူတည်ပါတယ်တဲ့။ 🤦‍♀️
ကျား၊ မ မရွေး ဖြစ်တတ်တယ် ဆိုပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆံပင်ဖြူတာ မြန်ပါတယ်တဲ့။

၇။ နောက်ဆုံး တစ်ခုကတော့ မျိုးဗီဇပါတဲ့။ (လွဲချစရာ ကုန်သွားရင်တော့ သူ့အလှည့်တော့ ထည့်ကြတာပဲ။) 🤣
ဆံပင်စောဖြူတာက မျိုးရိုးလိုက်တယ်ပါတယ်တဲ့။ အဲဒိတော့ ကိုယ်ဘယ်အရွယ်မှာ ဆံပင်စဖြူမလဲ၊ စောမလား နောက်ကျမလား သိချင်ရင် အဖေ၊ အမေ၊ အဖိုး၊ အဖွားကို ကြည့်ပေါ့။ ဟုတ်တယ်မလား။

ကဲ…….. အဲဒါဆိုရင်တော့ ဆံပင်လာလို့ စောစောဖြူသလဲရယ်၊ ဘယ်လိုကာကွယ်ရမလဲရယ် အကြမ်းဖျင်းလောက်တော့ သိသွားမယ် ထင်ပါတယ်နော်။

ဒေါက်တာလင်း
#ဒေါက်တာဇီဝက #ဆံပင်စောဖြူခြင်း

Photos from May's Pandora Box's post 17/07/2020

😍😍Super Chia နဲ့ Cele ကမ္ဘာ 😍😍

ဂျင်းတွေများတဲ့ ခေတ်ကြီးမှာ ခုမှရေပန်းစားလာတဲ့ ချီယာ ကိုဂျင်းလို့မြင်ရင်မှားပါလိမ့်မယ် ။
ချီယာစေ့စားသုံးခြင်းဓလေ့ဟာ ရှေးနှစ်ပေါင်းများစွာထဲက ရှိခဲ့တာဖြစ်ပြီး အမောခံနိုင် အင်အားတိုးဆေးအဖြစ်သုံးစွဲခဲ့တာပါ ။
ချီယာစားသုံးခြင်းဓလေ့ မြန်မာနိုင်ငံ နဲ့ ကမ္ဘာတဝှမ်းကိုပြန့်နှံ့ခဲ့တာကြာပါပီ ။ သိသူတွေ ဖော်စားခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့တာတော့ မကြာသေးပါဘူးနော်။

ဒီနေ့တော့ ဘယ် ကမ္ဘာကျော် cele တွေက ချီယာစေ့ကို diet အဖြစ် ဘယ်လို သုံးစွဲနေတဲ့ အကြောင်းလေးပြောပြပေးသွားပါမယ် 😍😍
ပုံတပုံချင်းဆီ ထောက်ပီး ဖတ်ပေးသွားနော် ။

**သတိ **

သွေးပေါင်ကျချိန်စားသုံးမိပါက မူးဝေခြင်းဖြစ်နိုင်ပါသည်။
အချိုတခုခုပြန်စားပေးပါ။
သွေးအားနည်းသူများ ဆရာဝန်နှင့်တိုင်ပင်ပီးမှ စားပါ ။

100% Pure & Organic Chia
250 g - 6000 ks
500 g - 11000 ks
လက်လီ လက်ကား ရနိုင်ပါပြီ ။

Want your business to be the top-listed Jewelery/watch Store in Pathein?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pathein