Aung Japan used
အခု အခြေအနေက Positive မဖြစ်ပါစေနဲ့ ဆုတောင်းရမယ့် အခြေအနေ မဟုတ်တော့ဘူး...
ကြိုက်တာဖြစ်..Oxygen မကျပါစေနဲ့ပဲ
ဆုတောင်းရမယ့် အခြေအနေ...ဖျားဖျား မဖျားဖျား၊ လက္ခဏာပြပြ မပြပြ...လူတိုင်း ကိုယ့်ကိုကိုယ် Positive လို့ပဲ သဘောထားပြီး ...
ကာကွယ်မှု အပြည့်နဲ့ နေထိုင် ...
စားသောက်ကြရတော့မှာပါ...
"Why me?"ဆိုပြီး စိတ်ဓာတ်ကျ
စိတ်ညစ်မနေတော့ပဲ...
"Try me"ဆိုပြီး အကြောတင်းတင်းနဲ့ Virusကို ရင်ဆိုင် တိုက်ထုတ် ကြရမယ့် အချိန်ပါ.... အားလုံးအတူတူ တိုက်ထုတ်ကြရအောင်နော်
ကိုဗစ်လူနာ နဲ့ အိမ်မှာ ဘယ်လိုနေမလဲ။
ကိုဗစ် လူနာကို ခုက အိမ်မှာထား ပြီး ပြုစုရတဲ့အနေအထား ဖြစ်လာပြီ။
ဒီတော့တခြား အိမ်သားတွေမကူးဖို့ဆို
⛔စပြီး နှာစေး ၊ ချောင်းဆိုး ၊ ဖျား တခုခု စတာနဲ့ Covid လို့မှတ်။
မိုးမိတာတွေ ဂျိုးမိတာတွေ လာမပြောနဲ့။
Covid ပဲ။ ခွဲနေ။
မေတ္တာဖြင့်
Dr.Myo Ko Ko
M.B.,B.S(Ygn)
Dip.Med.Sc(Family medicine)
🖤ဘယ်လောက်ခွဲနေရမလဲ..
နှစ်ပတ်။
ကြားထဲမှာ သက်သာသွားလို့တို့ ဘာတို့မလုပ်နဲ့။
သက်သာပြီး လေးငါးရက်နေရင်အနံ့ ပျောက်ရင်ပျောက် ၊ မပျောက်ရင် ဝမ်းလျှော ၊ ချောင်းဆိုး ၊ အောက်ဆီဂျင်ကျတွေ ဖြစ်လာရော။
အဲ့ကျ တအိမ်လုံးကူးပြီးပြီ။
ကိုဗစ်က မာယာ များတယ်။
ကိုယ့်ကြောင့် ကိုယ့်မိသားစု တွေ ထိခိုက်ခံနိုင်ရင်တော့ သဘောရှိပဲ။
😑အခန်းသီးသန့် ခွဲ နေရမယ်။
😑အခန်းထဲက အပြင်ထွက်ရင် Mask တပ်ကို
တပ်ရမယ်။
😑ထမင်းစားရင် အခန်းထဲမှာပဲ စားရမယ်။
စားပြီးသား ပန်းကန်တွေကို ကိုယ့်ဟာကို ဆေးရင်ဆေး၊ မဆေးရင် အခန်းထဲမှာ ဆပ်ပြာ ဇလုံထဲ
ထည့်ထား...ပြီးမှ....တခြားလူကို ...ဆေးခိုင်း။
😑ရေချိုးခန်းနဲ့အိမ်သာက အခန်းထဲရှိရင်ကောင်းတယ်။
မရှိရင် ရေချိုး ခန်းနဲ့ အိမ်သာ သွားရင် သတိထား။
အိမိသာသွားရင် Mask တပ်။
ရေချိုးရင်.....
**တံတွေး မထွေးရ**
**သလိပ်မဟပ်ထုတ်ရ**
😑တံတွေး ထွေးခြင်း သလိပ်ဟပ်ခြင်းကို အခန်းထဲ ရောက်မှ လုပ်။
ပြီးရင် သလိပ်တံထွေးကို အဖုံးပါတဲ့ ဗူးနဲ့ ထွေး
ပြန်ဖုံးထား။
ဖြစ်နိုင်ရင် အဲ့ သလိပ် တံထွေး တွေကို.... အိမ်သာအိုးထဲ ကိုယ်တိုင်သွန်ပြီး ပိုးသတ်ဆေး ဖြန်းပါ။
ရေများများ သုံးပါ။
အရမ်းအရေးကြီးပါတယ်။
တစ်နာရီ ခန့် ကြာမှ အခြားလူ ဝင်ပါ။
😑လူနာနေသော အခန်းကို တခြားလူဝင်လျင် Mask တပ်ပါ။
ပြီးလျင် လက်ဆေးပါ။
ဂရုစိုက်ပါ။
တတ်နိုင်သ၍ မဝင်ပါနဲ့
😎အားလုံးပြီးပြီ။ကောင်းပြီ။
၁၄ ရက်ပြည့်ပြီဆိုလျှင် အခန်းကို ပိုးသတ်သင့်ပါတယ်။
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရမဲ့အချိန် မို့
မဖြစ်အောင်နေပါ။
ဖြစ်လာလျင် မကူးအောင်နေပါ။
CRD original uploader
ကူးယူဖော်ပြခြင်းဖြစ်သည်
Nwayoo Maung
Click here to claim your Sponsored Listing.
Category
Website
Address
No3
Pathein
10181
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |