Success Light Chinese Language Center

Success Light Chinese Language Center

Share

26/02/2023

Sunday 26/2/2023

ဒီ တနင်္ဂနွေ လေ့လာကြမယ့် ဝေါဟာရ သုံးခု နဲ့ ဝါကျ သုံးကြောင်း ကတော့ 会 (huì) ဆိုတဲ့ စာလုံးနဲ့ ပတ်သက်ပါတယ်။会 (huì) ရဲ့ အဓိပ္ပါယ်တွေကတော့ တွေ့ဆုံသည်၊ အစည်းအဝေး၊ ပါတီပွဲ၊ စုဝေးခြင်း၊ အသင်းအဖွဲ့၊ အခွင့်အလမ်း၊ ဖြစ်ပွားသည်၊ သင့်သည်၊ နားလည်သည်၊ သိသည်၊ နိုင်သည်၊ တတ်ကျွမ်းသည်၊ ဖြစ်လိမ့်မည်၊ ငွေပေးချေသည်၊ ခဏတာ စတာတွေပဲ ဖြစ်ပါတယ်။ အောက်မှာ သက်ဆိုင်ရာ ဝေါဟာရ တချို့ကို လေ့လာ ကြည့်ကြရအောင်ပါ။.

1. 会议 (huìyì) အစည်းအဝေး။ ကောင်စီ။ လွှတ်တော်။

此次会议的主题是年度财务预算。

Cǐ cì huìyì de zhǔtí shì niándù cáiwù yùsuàn.

The theme of this meeting is the annual financial budget.

ဒီအခေါက် အစည်းအဝေးရဲ့ အဓိက ခေါင်းစဉ်ကတော့ နှစ်စဉ်ဘဏ္ဍာရေးဘတ်ဂျက်ပါ။

此 (cǐ) ဒီ။ ဤ။

次 (cì) (အခါ၊ အခေါက်၊ အကြိမ်) အတွက် မျိုးပြ စကားလုံး။

主题 (zhǔtí) အဓိက ခေါင်းစဉ်။ အဓိက အကြောင်းအရာ။

年度 (niándù) နှစ်စဉ်။

财务 (cáiwù) ဘဏ္ဍာရေး။ ငွေကြေးဆိုင်ရာ။

预算 (yùsuàn) ဘတ်ဂျတ်။ လျာထားငွေ။

2. 会员 (huìyuán) အဖွဲ့ဝင်။ အသင်းဝင်။

本届音乐会给钻石级会员免费入场的优惠。

Běn jiè yīnyuè huì gěi zuànshí jí huìyuán miǎnfèi rù chǎng de yōuhuì.

This concert will give free admission to diamond members.

ဒီတစ်ခေါက် ဂီတဖျော်ဖြေပွဲမှာ Diamond Member တွေကို ဝင်ကြေး အခမဲ့ပေးမှာ ဖြစ်ပါတယ်။

本 (Běn) ဒီ။ ဤ။

届 (jiè) (အခါ၊ အခေါက်၊ အကြိမ်) အတွက် မျိုးပြ စကားလုံး။

音乐会 (yīnyuèhuì) ဂီတ ဖျော်ဖြေပွဲ။

给 (gěi) ပေးသည်။

钻石 (zuànshí) စိန်။

级 (jí) အဆင့်။

免费 (miǎnfèi) အခမဲ့။

入场 (rù chǎng) ပွဲသို့ဝင်ရောက် (ကြည့်ရှုနားဆင်) သည်။

优惠 (yōuhuì) အထူးအခွင့်အရေး။ လျော့ဈေး။

3. 会堂 (huìtáng) ခန်းမ။ အစည်းအဝေးခန်းမ။

他们的结婚典礼在五星级酒店的会堂里举行。

Tāmen de jiéhūn diǎnlǐ zài wǔ xīng jí jiǔdiàn de huìtáng lǐ jǔxíng.

Their wedding ceremony was held in the hall of a five-star hotel.

သူတို့ရဲ့ မင်္ဂလာပွဲကို ကြယ်ငါးပွင့်ဟိုတယ်ရဲ့ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

他们 (Tāmen) သူတို့။

结婚 (jiéhūn) မင်္ဂလာဆောင်သည်။

典礼 (diǎnlǐ) အခမ်းအနား။ ပွဲ။

在 (zài) …၌။ ...တွင်။

五星级 (wǔ xīng jí) ကြယ်ငါးပွင့်အဆင့်ရှိသော။

酒店 (jiǔdiàn) ဟိုတယ်။ ဝိုင်၊ အရက် ရောင်းသောဆိုင်။

里 (lǐ) …ထဲမှာ။ ...အထဲ။

举行 (jǔxíng) ကျင်းပသည်။



တရုတ်စာလေ့လာရင်း အတတ်ပညာ၊ အသိပညာ တိုးပွားကြပါစေ။


ဦးမောင် (陈老师)



#ဝေါဟာရပဒေသာ #周日三词三句
#会议 #会员 #会堂

15/01/2023

Sunday 15/1/2023

ဒီ တနင်္ဂနွေ လေ့လာကြမယ့် ဝေါဟာရ သုံးခု နဲ့ ဝါကျ သုံးကြောင်း ကတော့ 和 (hé) ဆိုတဲ့ စာလုံးနဲ့ ပတ်သက်ပါတယ်။ 和 (hé) ရဲ့ အဓိပ္ပါယ်ကတော့ ညင်သာသော၊ သိမ်မွေ့သော၊ ကြင်နာသော၊ သဟဇာတဖြစ်သော၊ ငြိမ်းချမ်းသော စတာတွေ ဖြစ်ပါတယ်။ အားကစားမှာတော့ သရေကျတယ်လို့ အဓိပ္ပါယ်ရပြီး၊ သင်္ချာမှာတော့ ပေါင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ စကားဆက်အနေနဲ့ “နှင့်၊ နဲ့”၊ “အတူတကွ” လို့ အဓိပ္ပါယ်ရပါသေးတယ်။ အောက်မှာ သက်ဆိုင်ရာ ဝေါဟာရ တချို့ကို လေ့လာ ကြည့်ကြရအောင်ပါ။.

1. 和平 (hépíng) ငြိမ်းချမ်းရေး။

《战争与和平》是俄国作家列夫·托尔斯泰的一部长篇小说。

“Zhànzhēng yǔ hépíng” shì éguó zuòjiā liè fū · tuō ěr sī tài de yī bù chángpiān xiǎoshuō.

"War and Peace" is a novel by Russian writer Leo Tolstoy.

"စစ်နှင့် ငြိမ်းချမ်းရေး" သည် ရုရှားစာရေးဆရာ လီယိုတော်စတွိုင်း၏ ဝတ္ထုဖြစ်သည်။

战争 (Zhànzhēng) စစ်။ စစ်ပွဲ။ စစ်မက်။

与 (yǔ) နှင့်၊ နဲ့။

是 (shì) ဖြစ်သည်။

俄国 (éguó) ရုရှားနိုင်ငံ။

作家 (zuòjiā) စာရေးဆရာ။

列夫·托尔斯泰 (liè fū · tuō ěr sī tài) လီယိုတော်စတွိုင်း

一部 (yī bù) တစ်ပုဒ်။(ရုပ်ရှင်၊ စာပေ စသည်အတွက်) မျိုးပြ စကားလုံး။

长篇 (chángpiān) (စာပေရေးသားမှု) ရှည်သော။

小说 (xiǎoshuō)ဝတ္ထု။

2. 和尚 (héshàng) ဗုဒ္ဓဘာသာ ဘုန်းကြီး။

这位老和尚将化缘而来的财物用来救济穷人。

Zhè wèi lǎo héshàng jiāng huàyuán ér lái de cáiwù yòng lái jiùjì qióngrén.

The old monk used the wealth from alms to help the poor.

ဒီဘုန်းဘုန်းကြီးက ဆွမ်းခံရတဲ့ ပစ္စည်းတွေကို ဆင်းရဲသားတွေကို ကူညီရာမှာ အသုံးပြုတယ်။

这 (Zhè) ဒီ၊ ဤ။

位 (wèi) (လူပုဂ္ဂိုလ်အတွက်) မျိုးပြ စကားလုံး။

老 (lǎo) အိုမင်းသော။

将 (jiāng) …ကို။

化缘 (huàyuán) ဆွမ်းခံသည်။ အလှူခံသည်။

而 (ér) ကြိယာနှစ်ခုကို ဆက်စပ်ပေးသော ဝေါဟာရ။

来 (lái) လာသည်။ (ဒီနေရာမှာ “ရလာ”သည်။)

财物 (cáiwù) ငွေကြေး။ ဘဏ္ဍာရေး။ ငွေကြေးနှင့်ပစ္စည်းများ။

用来 (yòng lái) …အတွက် အသုံးပြုသည်။

救济 (jiùjì) ကယ်ဆယ်ရေး ပစ္စည်းများ (ရိက္ခာ၊ ပစ္စည်းများ...စသည်) ကို ပေးသည်။

穷人 (qióngrén) ဆင်းရဲသူ/သားများ။

3. 和谐 (héxié) လိုက်လျောညီထွေဖြစ်သော။ သဟဇာတဖြစ်သော။

讲文明懂礼貌,共建和谐社会。

Jiǎng wénmíng dǒng lǐmào, gòng jiàn héxié shèhuì.

Be civilized and polite, and build a harmonious society together.

သိက္ခာမြင့်မားသော ယဉ်ကျေးလိမ္မာသော သဟဇာတရှိသော လူ့အဖွဲ့အစည်းကို အတူတကွ တည်ဆောက်ပါ။

讲 (Jiǎng) ပြောသည်။ အလေးထားသည်။ အလေးပေးသည်။

文明 (wénmíng) ယဉ်ကျေးသိမ်မွေ့သော။ အကျင့်သိက္ခာမြင့်မားသော။ တိုးတက်သော။

懂 (dǒng) နားလည်သည်။

礼貌 (lǐmào) ယဉ်ကျေးသော။ အပြုအမူ၊ အပြောအဆို ယဉ်ကျေးသော။

共 (gòng) အတူတကွ။

建 (jiàn) တည်ဆောက်သည်။

社会 (shèhuì) လူမှုအသိုင်းအဝိုင်း။


တရုတ်စာလေ့လာရင်း အတတ်ပညာ၊ အသိပညာ တိုးပွားကြပါစေ။


ဦးမောင် (陈老师)



#ဝေါဟာရပဒေသာ #周日三词三句
#和平 #和尚 #和谐

Want your school to be the top-listed School/college in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Naypyidaw