Code Palace
15/07/2024
အားလုံးမင်္ဂလာပါဗျ။ Code Palace Pageကနေပြီးတော့ကြိုဆိုပါတယ်ဗျ။🙇🏻 ကျနော်တို့ post မတင်တာလဲကြာပြီဆိုတော့ဒီနေ့မှာ လူကြီးမင်းတို့အတွက် အသုံးပြုရလွယ် ပြီး အဆင်ပြေစေမဲ့ VPNတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဗျ။ အဲ့တာကတော့ Outline VPN ပဲဖြစ်ပါတယ်ဗျ။ Outline VPN ဟာဆိုရင် နာမည်ကြီး VPNတစ်ခု ဖြစ်ပြီး အသုံးပြုရလဲအရမ်းအဆင်ပြေပါတယ်ဗျ။ Laptop မှာရော Mobile ဖုန်းမှာပါ ချိတ်လို့ရတာမလို့ အရမ်းကိုအဆင်ပြေပါတယ်ဗျ။ လိုင်းလဲကောင်းသလို နာမည်ကြီးVPNဖြစ်တာကြောင့် secure မဖြစ်မှာကိုလဲ စိတ်ပူစရာမလိုပါဘူးဗျ။ 🤗 လူကြီးမင်းတို့အနေနဲ့ VPN ကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ကျနော်တို့ Code Palace Page မှာ Outline VPN keys တွေကို 100 GB (5000 MMK)ထဲဖြင့် ယုံကြည်စိတ်ချစွာ လာရောက်ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်ဗျ။🤗🫶🏻 ကျနော်တို့ Page လေးကိုလဲ Like & Follow လေးလုပ်ပေးခဲ့ပါအုန်းဗျ။ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ။☺️
16/05/2024
ChatGPT ထက်ပိုပြီး intelligence ရှိလာတဲ့ ChatGPT 4o 🧠
မင်္ဂလာပါဗျ။ Code Palace Page ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ 🙇🏻 ဒီနေ့မှာတော့ အားလုံးစိတ်ဝင်စားနေတဲ့ Open Aiရဲ့ new version ဖြစ်တဲ့ ChatGPT 4o အကြောင်း လိုတိုရှင်း ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။ 🙋🏻
Open Ai ရဲ့ New flagship version ဖြစ်တဲ့ ChatGPT 4o ကို မေလ၁၃ရက်နေ့ကစတင်အသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ ChatGPT 4o မှာဆိုရင် အရင် ChatGPT ထက် Text, audio နဲ့ vision ပိုင်းတွေမှာ သိသိသာသာ တိုးတက်လာပြီပဲဖြစ်ပါတယ်ဗျ။ ChatGPT 4o မှာပါ ရှိတဲ့ "o" ဟာ ဆိုရင် "omni" ဖြစ်ပြီး " a step toward much more natural human" ဆိုပြီး အဓိပ္ပာယ်ရပါတယ်ဗျ။ ChatGPT 4o မှာဆိုရင် မြန်မာစကားအပြင် တခြားဘာသာစကားများစွာ ပါဝင်လာပြီဖြစ်လို့ Language အခက်အခဲရှိသူတွေအတွက်အသုံးပြုရတာ ပိုလို့အဆင်ပြေစေမှာပဲဖြစ်ပါတယ်ဗျ။ 🤩 ဒါ့အပြင် Audio ပါရှိတာကြောင့် အသံနဲ့မေးမြန်းတာတွေကိုပါလုပ်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်ဗျ။ မေးမြန်းတဲ့အခါမှာလဲ Response Time မြန်မြန်နဲ့ တကယ့် လူတစ်ယောက် စကားပြောနေသလို ပြန်ဖြေပေးမှာပဲဖြစ်ပါတယ်ဗျ။ 😁 Vision ပိုင်းမှာဆိုရင်လဲ ဓာတ်ပုံ ပြပြီး မေးမြန်းလို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ ဆိုတော့ ChatGPT 4o ဟာဆိုရင် တော်တော်လေး တိုးတက်လာပြီလို့ဆိုရပါမယ်။ ဒါ့အပြင် ChatGPT 4o ကို Paid usersတွေမဟုတ်တဲ့ Free users တွေပါအသုံးပြုလို့ရတယ်ဆိုတော့ ပိုတောင်အဆင်ပြေပါတယ်ဗျ။ အခုလောလောဆယ်တော့ free ကို limited နဲ့သာအသုံးပြုလို့ရအုန်းမယ်လို့လဲဆိုထားပါတယ်ဗျ။ လူကြီးမင်းတို့ အနေနဲ့ စမ်းသုံးချင်ရင်တော့ Copilot ဆိုတဲ့ Microsoft ကထုတ်ထားတဲ့ chatbot မှာ မြန်မာလိုသွားရောက် စမ်းကြည့်လို့ရပါတယ်ဗျ။
iOS: https://apps.apple.com/us/app/microsoft-copilot/id6472538445
Android: https://play.google.com/store/apps/details?id=com.microsoft.copilot
Aiတွေတိုးတက်လာတဲ့ခေတ်ကြီးမှာ ခေတ်နောက်ကျမကျန်ရအောင် လူကြီးမင်းတို့အနေနဲ့အချိန်ရရင် ChatGPT 4o ကိုသွားရောက် စမ်းသပ်ကြည့်သင့်ပါတယ် ဗျ။ မြန်မာလို စာရိုက်မေးလို့ရတဲ့အပြင် အသံနဲ့ပါမေးမြန်းလို့ရတော့ပိုလို့တောင်အဆင်ပြေစေမှာပဲဖြစ်ပါတယ်ဗျ။ 🤗
အချိန်ပေးပြီးဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။ တခြား သိချင်တဲ့ Technology နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့လို့ရပါတယ်ဗျ။🙇🏻 နောက်နေ့တွေမှာလဲ တခြား IT & Technology အကြောင်းအရာတွေ တင်ဆက်ပေးမှာမလို့ကျနော်တို့ Code Palace Pageလေးကို like & follow လုပ်ထားဖို့မမေ့ပါနဲ့အုန်းနော် 😁 အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ 🙇🏻
02/05/2024
Surfshark VPN ကိုဝယ်ယူပြီးတာနဲ့ ဘာ Featuresတွေထပ်ရရှိမလဲ?
Surfshark VPN ဟာဆိုရင်ဖြင့် လူကြီးမင်းတို့အတွက် အသုံးပြုရလွယ်ကူပြီး Featuresစုံစုံလင်လင် ပါရှိတဲ့ VPN ပဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ပြောပြပေးချင်တဲ့ Feature ကတော့ Clean Web Feature ပဲဖြစ်ပါတယ်။ ဒီ Feature ဟာဆိုရင်ဖြင့် Ads တွေမတက် တဲ့အပြင် cyber attacksတွေ ဖြစ်တဲ့ Phishing လုပ်ခြင်းနဲ့ Malware တွေမှလဲ ကာကွယ်ပေးပါတယ်။ ဒါကြောင့် လူကြီးမင်းတို့အနေဖြင့် စိတ်ချမ်းမြေ့စွာနဲ့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။🤩 နောက် Feature တစ်ခုကတော့ Unlimited devicesပဲဖြစ်ပါတယ်။ ဒီ Feature ဟာဆိုရင် လူကြီးမင်းတို့အနေနဲ့ Surfshark VPNကို devices များစွာနဲ့စိတ်ကြိုက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။😉 Android, IOS, Window နဲ့ Mac အပြင် တစ်ခြား platforms တွေမှာပါ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။🤩
နောက် Feature တစ်ခုကတော့ Bypasserလို့ခေါ်တဲ့ feature ပဲဖြစ်ပါတယ်။ ဒီ feature မှာဆိုရင်ဖြင့် လူကြီးမင်းတို့ ရဲ့ Data တွေကိုအပြည့်အဝ လုံခြုံအောင်လုပ်ပေးတဲ့အပြင် မတူညီတဲ့ IP address နှစ်ခုကိုပါ တစ်ပြိုင်ထဲအသုံးပြုလို့ရမှာပဲ ဖြစ်ပါတယ်။ 🤩🤩 ဒါကြောင့် Mobile banking တွေအတွက်လဲ အသုံးပြုရအဆင်ပြေမှာပဲ ဖြစ်ပါတယ်။ တခြား ပါဝင်တဲ့ Features တွေကတော့-
✅ Strict no-logs policy
✅ Kill Switch
✅ Private DNS & leak protection
✅ Camouflage Mode
✅ Browse privately
✅ No Borders Mode
✅ Change your IP
✅ Encryption
✅ Secure Protocols
တို့ပဲဖြစ်ပါတယ်။ 🤩 ဒီ Features တွေဟာဆိုရင်ဖြင့် လူကြီးမင်းတို့အတွက် အမှန်တကယ်အသုံးဝင်မဲ့ Features တွေပဲဖြစ်ပါတယ်ဗျ။ လူကညီးမင်းတို့အနေဖြင့် Features စုံစုံလင်လင်ပါရှိတဲ့ Surfshark VPNရဲ့ Features တွေကို စိတ်ဝင်စားလို့ အသုံးပြုလိုပါက All Features Package ကို တစ်နှစ် 15000ကျပ် ထဲဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ဗျ🤩 လူကြီးမင်းတို့စိတ်ဝင်စားပါက ကျွန်တော်တို့ဆီဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Naypyidaw