M2O Real Estate

M2O Real Estate

Share

05/02/2025

ပွဲစား နဲ့ အကျိုးဆောင် ​ကွာခြားချက်

ပွဲစားသည်
ပွဲစားခ ရသလောက်ယူမယ်

အကျိုးဆောင်သည်
အကျိုးဆောင်ခ သတ်မှတ်နှုန်းထားယူမယ်
( ဂျပိုးကို လိပ်ဖြစ်အောင်မပြောတက်တော့
အကျိုးဆောင်တွေက လုပ်ငန်းမအောင်မြင်ဘူး)

လုပ်ငန်းရှင်တစ်ဦးပြောတဲ့စကားကို အခုထိစိတ်ထဲစွဲတယ်။

" မင်းဘာသာမင်း ဘာလက်မှတ်၊ အသိအမှတ်ပြုတွေနဲ့ အကျိုးဆောင်လုပ်နေပါစေ
ဘယ်နှစ်ကွက်ရောင်းထွက်လဲ " ဆိုတဲ့ စကားက

ဂျပိုးကို လိပ်ဖြစ်အောင်မပြောတက်တဲ့
အကျိုးဆောင် ကိုယ့်မှာ ပြန်ပြောစရာ စကားမရှိဘူး

အဲ့တော့ Customer ပဲ အဓိက အထိနာတဲ့
ဇာတ်လမ်းတွေဆက်တိုက်ဖြစ်လာခဲ့တယ်။

29/05/2023

မိတ်ဆွေတစ်ဦးက အကူအညီတောင်းလို့ စာချုပ်နဲ့ ငွေသိန်းတစ်ရာကို နှစ်ကျပ်တိုးနဲ့ ချေးပေးခဲ့ပါတယ် ။ သူ့အိမ်ရဲ့ ဂရမ်မူရင်းကိုလည်း အာမခံအဖြစ် ပေးထားခဲ့ပါတယ် ။ နှစ်လလောက်ပဲ အတိုးပေးပြီး နောက်ပိုင်း အဆက်အသွယ်မလုပ်တော့ပါ ။ လိမ်လည်မှုနဲ့ တရားစွဲလို့ရမလား ။ ပြန်မဆပ်တော့ဘူးဆိုရင် အိမ်ကိုသိမ်းလို့ရ ပါသလား ။
=================================

ချေးစဉ်တုန်းက စာချုပ်ချုပ်တဲ့နေရာက အရေးကြီးပါတယ်။ ဥပမာ- ငွေချေးတဲ့ကိစ္စဆိုရင် ငွေချေးတာကို ချုပ် ထားမယ် ၊ ဂရန်အပ်ထားတာ မပါဘူး။ ဂရန်ကို သီးသန့် အပ်ထားတယ်ဆိုပါတော့။ ငွေပြန်မပေးရင် ချေးငွေရ လိုမှုနဲ့ တောင်းရမှာပါ။ အိမ်ကို အပိုင်သိမ်းလို့မရပါဘူး။ တကယ်လို့ ငွေပြန်မပေးနိုင်တဲ့အချိန် အိမ်လိုချင်တယ်ဆိုရင် စာချုပ်မှာ တစ်ခါတည်း ထည့်ချုပ်ရမယ်။

ဘယ်လိုထည့်ချုပ်ရမလဲ ဆိုတော့ သူက ဂရန်ကို အာမခံအနေ နဲ့ပေးထားတယ်၊ ငွေကို ပြန်မပေးနိုင်ဘူးဆိုရင် ငွေထုတ်ချေးပေးတဲ့သူက ဒီမြေကြီးနဲ့ ပက်သက်ပြီး ပိုင် ဆိုင်ခွင့် ကို တောင်းဆိုပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ထည့်ထားပေးရပါမယ်။ အဲဒါဆိုရင် သူငွေပြန်မပေးနိုင်ရင် တရားစွဲ တဲ့အခါမှာ ချေးငွေရလိုမှု၊ မပေးနိုင်ရင် မြေကြီးပါ စာချုပ်ပါအတိုင်း လက်ရောက်ပေးအပ်စေလိုမှု၊ ပိုင်ဆိုင်ခွင့်ကို အတည်ဖြစ်စေအောင် ဥပဒေ ပုဒ်မ ၁၂ အရ တရားစွဲ တောင်းဆိုလို့ ရပါတယ်။ ဒါကြောင့် သူက စာချုပ် စချုပ်ကတည်းက အဲဒီအချက်တွေကို ပြည့်ပြည့်စုံစုံ ထည့်ချုပ်ထားမယ်ဆိုရင် ဒီအခွင့်အရေးကိုတောင်းဆိုနိုင်ပါတယ် ဆိုတာဖြေကြားပေးချင်ပါတယ်။

#လိမ်လည်မှု #ငွေချေးစာချုပ်

Want your business to be the top-listed Realtor/realty Service in Namsang?
Click here to claim your Sponsored Listing.

Telephone

Website

Address


N/125, YaZaHtarNay Street, 5 Quarter, Namsamg
Namsang
2525

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00