MT Cosmetic

MT Cosmetic

Share

17/07/2022

📣📣📣Makii Sakura Toner လေး အကြောင်းပြောပြပေးမယ်နော်

‼️ပူရှိန်းလေးပါလို့ခံစားချက်တစ်မျိုးလေးနဲ့‼️sakura ပန်းလေးနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့်

💯 အဆီပြန်တာကို ထိန်းညှိပေးတယ်
💯အမည်းစက်တွေကို သက်သာပျောက်ကင်းစေတယ်
💯 အရေပြားထဲရှိတဲ့ အညစ်အကြေးတွေကို ထိထိရောက်ရောက်သန့်ရှင်းပေးတယ်
💯 အရေးအကြောင်းတွေကို လျော့ချပေးတယ်
💯 ပျက်စီးနေတဲ့ အသားအရေ ကိုပြန်လည် ပြုပြင်ပေးတယ်
💯 ချွေးပေါက်ကျဥ်းစေတယ်

07/07/2022

"ဝက်ခြံနဲ့အဆီဖုတွေ လျော့ချပေးပြီးနောက်ထပ်ဝက်ခြံအသစ်များ ထပ်မထွက်စေဖို့ I'AURA ရဲ့ Aloe VERA Cleansing မျက်နှာသစ်ကိုသုံးကြပါစို့"😘😘

22/06/2022

လှချင်ရင် မပျင်းပါနဲ့

လှချင်ရင် မပျင်းနဲ့ခုခေတ် ကာလကြီးမှာက ကျား/မ မရွေး လှပချင်ကြတာပါပဲ။ မိန်းကလေးမှ လှလို့ရတာမဟုတ် ပါဘူးနော်။

မိတ်ကပ် တစ်ပိဿာလောက်လိမ်းထားတဲ့ အထောက်အပံ့တွေ ပါတဲ့အလှကိုလည်း မဆိုလိုပါဘူး။

သဘာဝကျကျ ကြည်လင်ရှင်းသန့်နေ တဲ့မျက်နှာနဲ့ စိုပြည်ဝင်းပနေတဲ့အသားအရေမျိုး ပိုင်ဆိုင်ထားမယ်ဆို

ယောင်္ကျား မိန်းမဘယ်သူဖြစ်ဖြစ် ကျက်သရေ ရှိစွာတင့်တယ်နေ မှာပဲနော် ။လက်ဘက်ကောင်းစားချင်ရင်

ပလောင်တောင် တက်နှေးရတယ် ဆိုတဲ့စကားပုံ လိုပဲလေ။ခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့က မရနိုင်ပါဘူး။

အလှအပရေးရာမှာ အချိန်တစ်ခု ကတော့ပေးကိုပေး ရပါတယ်။ရှုပ်တယ်။ ငွေဘယ်လောက် ကုန်ကုန် ခုလှချင်နေ ပြီဆိုတဲ့

သူတွေကတော့ Plastic surgery တွေလုပ်၊Botox တွေထိုး၊ Fillers တွေထိုးနဲ့ ပြေးလုပ်ကြ တာပေါ့လေ။

ဒါတွေကလည်း အတိုင်းအတာ တစ်ခုအထိတော့ အချိန်ကုန်တာပါပဲ။ အသားလည်း နာတာပေါ့လေ အလှစစ်စစ်ကို

တကယ်ကြီး ကိုပိုင်ဆိုင်ချင်တယ် ဆိုတဲ့သူတွေကို နည်းလမ်းလေးတွေပြောပြချင်ပါတယ်။

နေ့တိုင်းပုံမှန်လုပ် ကိုလုပ်ရမှာဖြစ်ပြီးကြာရှည် လုပ်ဖို့ကတော့ ဇွဲရှိဖို့လိုပါမယ်။

ပျင်းတယ်၊ ဖြတ်လမ်းပဲ ကြိုက်တယ်ဆိုတဲ့ သူတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူးနော်။ရတယ်။ လုပ်မယ်။ ချ။

စိတ်ဓါတ်ခိုင်မာတယ်။ငွေကုန်ကြေးကျ လည်းသက်သာမယ်၊ သဘာဝအလှ စစ်စစ်ကိုပဲ သဘောကျ တယ်ဆိုသူများ

၁- ဆံပင်များ စည်းနှောင်လိုက်ပါ။

မျက်နှာသေချာစင်ကြယ်အောင်သစ်ပါ။ဘာမှမလိမ်းခြယ် ထားတဲ့မျက်နှာလေးကို သဘာဝအလင်းရောင်အောက်မှာ

ရိုးရိုး ကင်မရာနဲ့ပဲ Selfie ဆွဲလိုက် ပါတော့နော်

၂- တစ်နေ့ ရေ ၂လီတာသောက်ပါ။ ချွေးထွက်များရင် ပိုသောက်ပါ။ ဓါတ်ဆားသောက်ပေးပါ

၃- မနက်၊ နေ့လည်၊ ည တစ်နပ်မှမ လွတ်အောင် သေချာစားပါ။အသီးအနှံ အသားငါး စုံအောင်စားပါ

ထမင်းစားပြီး အသီးတစ် လုံးစားပါ။ အဆီ၊ ဆီကြော်၊ အငန် ရှောင်ပါ

၄- တစ်ညကို ၇နာရီအိပ်ပါ။ Facebook ပွတ်ပြီးအချိန် မကုန်ပါနဲ့ ရည်းစားကို ရစ် မနေပါနဲ့။ ဘာမှလျှောက်တွေးပြီး

လမ်းတွေပျောက် မနေပါနဲ့။ အဲဒီ့အစား သီချင်းအေးအေးလေးဖွင့်ပြီး အိပ်လိုက်ပါ

၅- စိတ်ချမ်း သာအောင်နေပါ။ စိတ်ညစ် စရာတွေ ခဏခေါက် ထားပါ။ပျော်အောင်နေပါ။

လူတိုင်းလူတိုင်းဟာ သူ့ဒုက္ခနဲ့ သူပါ။ကိုယ်တစ်ယောက် ထဲပြဿနာတက်နေ တာမဟုတ်ပါဘူး

၆- တစ်နေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ အထွေအထူး မလုပ်တတ်ရင် ဒိုက်ထိုး၊ ထိုင်ထပဲလုပ်ပါ

၇- နေရောင်ထဲ ထွက်ရင် ကာကွယ်သွားပါ။ Sunblock လိမ်းပါ။ ထီးဆောင်းပါ။ လက်ရှည်ဝတ်ပါ

၈- တစ်ပတ် ၂ကြိမ် Scrub လုပ်ပါ။ ဈေးကြီးပေးပြီး မဝယ်ချင်ရင် ကော်ဖီကြမ်းမှုန့်၊ ပျားရည်၊ သံလွင်ဆီရောပြီး

ဆားနည်းနည်း၊ သကြားနည်းနည်းထည့် ကိုယ့်ဘာသာ scrub လုပ်ပြီးသုံးပါ။ သံလွင်ဆီအစား အုန်းဆီလည်း ရပါတယ်

၉- ညအိပ်ယာဝင်ခါနီးတိုင်း Skincare ပုံမှန်လိမ်းပါ။ ဈေးသက်သာချင်ရင် သံလွင်ဆီလိမ်းပေးပါ။သံလွင်ဆီက ခေါင်းအစခြေအဆုံးလိမ်းလို့ရပါတယ်

၁၀- တစ်ပတ် ၂ကြိမ် Scrub လုပ်ပြီးတိုင်း ပေါင်းတင်ပေးပါ

သဘာဝပစ္စည်းတွေ နဲ့ပေါင်းတင်နည်းတွေကို မာယာပေ့ချ်မှာ တင်ပေးထားတာတွေ အများကြီးရှိပါတယ်။

ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

၁၁- တစ်လအကြာမှာ Selfie ပြန်ဆွဲပါ။ ပထမဆုံး Selfie ပုံနဲ့ယှဉ်ကြည့်ပါ

၁၂- တစ်နှစ်အကြာမှာ Selfie ထပ်ဆွဲပါ။ အရင် ၂ပုံနဲ့ ယှဉ်ကြည့်လိုက်ပါ

အဆင့် ၁၂ ခုကို ဇွဲကောင်းကောင်းနဲ့လုပ်ပြီးသွားပြီဆိုရင်တော့ မိတ်ကပ်မလိမ်းထားလည်း

စိုပြေဝင်းပပြီးသဘာဝအတိုင်း Glow နေတဲ့မျက်နှာကို

အထာကျကျမော့ထားပြီး သဘာဝအလှဆိုတာ ငပျင်းတွေအတွက်မဟုတ်ဘူး လို့ ခပ်ချေချေနဲ့ပြောနိုင် ပါပြီနော်

Credit to original writer

Photos from MT Cosmetic's post 15/06/2022

ဒီနေ့တော့ I'AURA ရဲ့နာမည်အကြီးဆုံး Product ကိုထုတ်တဲ့စက်ရုံကိုခေါ်လာတယ်

#7နှစ်ထိရောင်းအားကောင်းခဲ့တယ် ‼️‼️
ပြီးတော့မြန်မာနိုင်ငံရဲ့နာမည်ကြီး influencer ဖြစ်တဲ့ နေဆန်း ကိုလည်းခေါ်ခဲ့ပါတယ် 🇲🇲🇲🇲 followers 7 သန်းရှိတဲ့သူ ‼️
တစ်လကို stock 150,000ဗူး နဲ့ Video လာရိုက်တာပါ 🎥
( တစ်ချို့ဗူးတွေကထုတ်လုပ်တဲ့အဆင့်မှာရှိနေတုန်းပါရှင့် )
မြန်မာနိုင်ငံက‌လူတွေမြင်စေချင်လို့ပါ ‼️
ပြီးတော့ I'AURA ရဲ့အရည်သွေးကိုမြင်စေချင်လို့ မြန်မာ Leader ကိုခေါ်ခဲ့ပါတယ် ‼️
#အရည်အသွေးပေါ်ယုံကြည်ဖို့အတွက်
အခုဆိုရင် I'AURA က မြန်မာအတွက် အကုန်လုံးလုပ်ပေးတယ် အ‌ကောင်းဆုံး support လုပ်ပေးတယ်
#ကိုယ်စားလှယ် / Leader နဲ့ Customers တွေအတွက် ‼️
Ann လုပ်ခဲ့တဲ့ marketing တွေအကုန်လုံးက Ann ကိုယ်တိုင်စဉ်းစားတယ် ကိုယ်တိုင်လုပ်တယ် မြန်မာနိုင်ငံကလူတွေနဲ့ကိုက်ညီအောင်လုပ်တယ်ဘ
ဘာဖြစ်လို့လဲဆိုတော့ Role Model မရှိဘူး ပြီးတော့ ဈေူကွက်အကြောင်းအချက်အလက်တွေလည်းမရှိလို့ပါ
အကုန်လုံးကကိုယ်တိုင်တွေးပြီးကိုယ်တိုင်စမ်းလုပ်ခဲ့တာအရာတွေချည်းပဲ ‼️
Marketing အတွက်ငွေတွေအများကြီးသုံးခဲ့တယ် ဒါပေမယ့်နဲနဲမှမနှမြောဘူး ဘာဖြစ်လို့လဲဆိုတော့ ....
ဒီအရာကို လုပ်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ရင်အကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်ပြီးသားမို့လို့ပါ ‼️
တကယ်လို့ I'AURA ကိုအားပေးတဲ့ Customers မရှိရင် ပြီးတော့အတူတူလက်တွဲမယ့် အရည်အချင်းရှိတဲ့မြန်မာ Leader တွေမရှိခဲ့ရင် ဒီအရာတွေကဖြစ်လာမှာမဟုတ်ပါဘူး
#အခွင့်အရေးဆိုတာ #ကြိုးစားတဲ့သူတဲ့လက်ထဲရောက်ရမယ် ‼️
#အာ့တာမှတန်ဖိုးရှိတာပြီးစွမ်းအားတွေရှိမှာပါ
🇲🇲

07/06/2022

မင်မင်ရဲ့ I'AURA Product‌s လေးကို မြို့တွင်းဆို deli free ပို့ပေးပါတယ်နော် အခုမှ အလုပ်ခန့်ထားတဲ့ deli မောင်လေးပါ😆

Want your business to be the top-listed Beauty Salon in Myittha?
Click here to claim your Sponsored Listing.

Telephone

Website

Address


13 Street
Myittha