Kachinwaves

Kachinwaves

Share

04/06/2026

ဆီထည့်နေစဉ် အပူလွန်ကဲပြီး ကားမီးလောင်မှု မြစ်ကြီးနားမှာဖြစ်ပွါး

By Yu San. 4 June 2026

မြစ်ကြီးနား၊ တပ်ကုန်းရပ်ကွက်က ဧရာဝဏ်ဆီဆိုင်ရှေ့မှာ ဒီကနေ့မွန်းလွဲပိုင်းက အိမ်စီးကားတစ်စီး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

တပ်ကုန်းရပ်ကွက်၊ သားအဖ ၃ ဦး ရုပ်ထုအနီးက ဧရာဝဏ်ဆီဆိုင်မှာ ကားမီးလောင်ကျွမ်းခဲ့တာကို ဒေသခံတချို့ လူမှုကွန်ရက်ပေါ်တင်ခဲ့ကြထားတာကို တွေ့ရပါတယ်။

ဆီထည့်နေတဲ့ကား အပူလွန်ကဲလာပြီး မီးစလောင်လာတယ်လို့ သိရပါတယ်။

"engine မီးစပွင့်တော့၊ ဝန်ထမ်းတွေ ကြောက်လန့်မနေဘဲ မီးစပွါးနေတဲ့ကားကို fire extinguisher (မီးသတ်ဆေးဘူး) တွေနဲ့ ဝိုင်းပြီး မီးငြိမ်းနေကြတာ။ လမ်းဘက်ဝိုင်းတွန်းထုတ်ပြီး မီးသတ်ကားပါဝိုင်းကူတော့ ဆီဆိုင်အန္တရာယ်လွတ်သွားလို့သာ။ မဟုတ်ရင် ဘေးအိမ်အနီးနားတွေထိပါ အသက်အန္တရာယ်ရှိမှာ”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မီးလောင်နေတဲ့ကားကို ဓာတ်ဆီဆိုင်နဲ့ ဝေးရာတွန်းထုတ်ပြီး ဆီဆိုင်ဝန်ထမ်းတွေနဲ့ မီးသတ်ဌာနက ဝိုင်းဝန်းပြီး အချိန်မီမီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုနည်းပါးခဲ့ကြောင်း သိရပါတယ်။

04/06/2026

အိန္ဒိယ - မြန်မာ - ထိုင်း ကုန်သွယ်မှုလမ်းကြောင်းအတွက် နယ်စပ်ဂိတ်တွေ ဖွင့်လှစ်နိုင်ဖို့ ရှင်းလင်းနေတယ်လို့ မင်းအောင်လှိုင်ပြော

4 June 2026

စစ်အာဏာရှင်ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်း DD India နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးကနေ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

#နယ်စပ်ကုန်သွယ်မှု #အိန္ဒိယ #ထိုင်း #မြန်မာ #လုံခြုံရေး #နယ်မြေရှင်းလင်း #မင်းအောင်လှိုင် #ကောက်နုတ်စကား

https://t.me/Kachinwaves/3046

https://x.com/i/status/2062441717610213463

https://youtube.com/shorts/XrHctsvGdj4?si=5srUst212uxDLuT7

Want your business to be the top-listed Media Company in Myitkyina?
Click here to claim your Sponsored Listing.

Address


Myitkyina, Kachin State
Myitkyina

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00