WATER

WATER

Share

28/09/2022

Heavy Water
# Credit to Original Uploader

Heavy water ဆိုတာ တိုက်ရိုက်ဘာသာပြန်ကြည့်ရင်တော့ လေးလံသောရေ လို့ ပြောရမယ်။ အဲ့တော့ Heavy water ဆိုတာဘာလဲ?

ပုံမှန် water (ရေ) ဆိုတာ Hydrogen molecule ၂ ခု Oxygen molecule ၁ ခု ပါဝင်တယ်။ Heavy water မှာတော့ Hydrogen molecule၂ ခုအစား Deuterium လို့ခေါ်တဲ့ Hydrogen Isotope, တနည်းအားဖြင့် heavy hydrogen isotope ပါဝင်နေပါတယ်။

ဒီနေရာမှာ Hydrogen Isotope ဆိုတာ အတိုပြောရရင် ရိုးရိုး Hydrogen နဲ့ protons အရေအတွက်ချင်းတူပြီး neutrons အရေအတွက် ကွဲတဲ့ Hydrogen မူကွဲ ဒြပ်စင်တမျိုးပါ။ Hydrogen မှ မဟုတ်ပါဘူး၊ အခြား ဒြပ်စင်တွေမှာလဲ သက်ဆိုင်ရာ isotope တွေရှိပါတယ်။

Heavy water က ရိုးရိုးရေထက် ရေဆူမှတ် (boiling point) နဲ့ ရေခဲမှတ် (freezing point) ပိုမြင့်တယ်။ Deuterium က hydrogen ထက် neutron ၁ ခု ပိုပါတဲ့အတွက် အလေးချိန်ပိုများပါတယ်။ အလေးချိန်အရဆို ရိုးရိုးရေ 1 mole က 18 grams ရှိပြီး heavy water 1 mole က 20 grams ရှိပါတယ်။ Heavy water က သဘာဝ အတိုင်း ရံဖန်ရံခါတည်ရှိနေနိုင်သလို ပြုပြင်ထုတ်လုပ်လို့လဲရပါတယ်။

Heavy water ကို အဏုမြူစွမ်းအင် နယ်ပယ်နှင့် လေ့လာရေး နယ်ပယ်များမှာ အသုံးပြုကြလေ့ရှိပါတယ်။ အဏုမြူစွမ်းအင်နယ်ပယ်မှာဆိုရင် အဏုမြူ/နူကလီးယားဓာတ်ပေါင်းဖိုထဲရှိ reactor အတွင်း ပြည့်ဝ ယူရီနီယံ (enriched uranium) အစား သဘာဝ ယူရီနီယံ (natural or unenriched uranium) ကို အသုံးပြုနိုင်ရန် heavy water ကို neutron slower အဖြစ်အသုံးပြုတယ်လို့ ဖတ်ရပါတယ်။

လေ့လာရေးနယ်ပယ်တွေမှာတော့ ဆေးဝါးဖော်စပ်ရာမှာလဲ ဆေးအာနိသင်ပိုကောင်းစေဖို့ အသုံးပြုကြပါတယ်။ ရေအရင်းအမြစ် လေ့လာရေးကိစ္စများမှာလဲ မြေအောက်ရေ အနေအထား၊ စီးဆင်းမှု လမ်းကြောင်း၊ အမြန်နှုန်း စတာတွေကို ထောက်လှန်းတဲ့ ထောက်လှန်းရေးဓာတ်ပစ္စည်း tracer အဖြစ် အသုံးပြုပါတယ်။ ဆေးပညာနယ်ပယ်မှာလဲ ကင်ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၏ တည်နေရာ ရှာဖွေရန် radioisotopes များပြုလုပ်ရာတွင် heavy water ကို အသုံးပြုကြပါတယ်။ အဲ့လိုပဲ အခြားလုပ်ငန်းများမှာလဲ ပုံစံမျိုးစုံနဲ့ heavy water အသုံးပြုကြပါတယ်။

Heavy Water ကို သောက်လို့ရလား လို့မေးရင် ရတယ်လို့ ဖြေရပါမယ်။ ထမင်းစားဇွန်း ၅ ဇွန်းစာလောက် (~75 ml) လောက်ထိ အန္တရာယ်မရှိပဲ သောက်သုံးနိုင်ပါတယ်။ ဒါပင်မဲ့ သောက်လို့ရတယ်ဆိုတိုင်း သောက်ဖို့ မဟုတ်ပါဘူး။ Heavy water က သူနဲ့ ထိတွေ့တဲ့နေရာတွေက chemical reaction တွေကို နှေးစေနိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဖတ်ရပြီး မသောက်သုံးဖို့ အကြံပေးတာတွေကိုလဲ တွေ့ရပါတယ်။ စမ်းသပ်သောက်သုံးသူများပြောကြားချက်အရကတော့ Heavy water က အရောင်၊ အနံ့ အကုန် ရိုးရိုးရေနဲ့ တူညီပြီး အရသာကတော့ အနည်းငယ်ပိုချိုတယ်လို့ ပြောကြပါတယ်။

Heavy water အပြင် water with heavy oxygen, light water စသဖြင့်လဲ ရှိပါသေးတယ်။ အဲ့ဒါတွေကိုတော့ နောက်ဆောင်းပါးတွေမှာ ထပ်ပြောပြသွားပေးပါမယ်။

အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။

Dr. Sai Aung Thant Zin


Fb Page : https://www.facebook.com/WaterLabByDr.Sai
Telegram Channel : https://t.me/Waterlab_by_DrSai
Spotify Podcast : https://open.spotify.com/show/4lgq8eQsGas1t4nWDUYe8V?si=sBlXA_RATuiZAsfl9Hqasw

Want your organization to be the top-listed Non Profit Organization in Myitkyina?
Click here to claim your Sponsored Listing.

Telephone

Website

Address


Shwe Road 6
Myitkyina
0101