LPEC International Preschool

LPEC International Preschool

Share

Photos from LPEC International Preschool 's post 19/09/2025

Happy birthday 🎂🎂🎉🎉🎊🎊
သားသား မောင်ရှင်းသန့်ကို

💐💐💐မွေးနေ့လေးမှာ ပျော်ရွှင်ခဲ့ရသလို
ရှေ့ဆက်လျှောက်လှမ်းရမယ့်နေ့သစ်တိုင်းလဲသာယာပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်💐💐💐

💥💥ဖေဖေမေမေ တွေအားကိုးရတဲ့သားလိမ္မာလေးဖြစ်ပါစေ👩‍❤️‍💋‍👩👩‍❤️‍💋‍👩👩‍❤️‍💋‍👩
📝📝သင်ယူလွယ်သောသူဖြစ်ပါစေ🥰🥰🥰

🧑‍💻🧑‍💻နိုင်ငံအကျိုး ရပ်ရွာအကျိုးကိုလဲဆောင်ရွက်နိုင်သောသူဖြစ်ပါစေလို့❤️
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏

09/08/2025

Numbers Are Fun at LPEC International Preschool ✨

ဒီနေ့ LPEC ကလေးလေးတွေက 1️⃣ 2️⃣ 3️⃣ 4️⃣ 5️⃣ ကို ပျော်ရွှင်စွာလေ့လာကြပါတယ်။
အရေအတွက်တင်မက၊ အရောင်၊ ပုံသဏ္ဍာန်တွေနဲ့ပေါင်းစပ်သင်ကြားလို့ ပိုမိုမှတ်မိလွယ်တယ်။

💡 Activities of the Day
🔹 Count & Match – နံပါတ်နဲ့ပစ္စည်းကို တူညီအောင်ကိုက်ညီချပေးခြင်း
🔹 Number Art – နံပါတ်ပုံဆွဲခြင်း၊ အရောင်ဆေးခြယ်ခြင်း
🔹 Sing & Dance – “One Little Finger” လို Number Song တွေနဲ့ကစားခြင်း

LPEC မှာ သင်ယူမှုတိုင်းက Play + Learn = Fun ဖြစ်ပါတယ်ရှင့်🥰
Location မြစ်ကြီးနားမြို့၊အေးမြသာယာရပ်ကွက်
လမ်းသွယ်(၇) Blessing Hotelအနီး
☎️09-758666801

05/08/2025

📘📐 သင်္ချာအခြေခံပုံသဏ္ဍာန်များ (Basic Shapes) သင်ကြားမှုလေး 🟠🔺🔷

📚 ဒီနေ့ကျောင်းသား/ကျောင်းသူလေးတွေနဲ့အတူ
🔹 စက်ဝိုင်း (Circle)
🔹 စတုရန်း (Square)
🔹 ထောင့်မှန်ပြား (Rectangle)
🔹 တြိဂံ (Triangle)
စတဲ့ပုံသဏ္ဍာန်များကို
အပျော်တမ်းသင်ကြားခဲ့ပါတယ်။

👀 ပုံသဏ္ဍာန်တွေကို သီချင်း၊ ဂိမ်းနဲ့အတူ လေ့ကျင့်ခဲ့ကြပြီး
✂️✏️ လူရုပ်ပုံလေးပေါ်မှာ ပုံစံတူ shape ကလေးတေကို ကပ်လိုက်ခွာလိုက်လုပ်ရတာမို့
ကလေးတွေအတွက် စိတ်ဝင်တစား သင်ခန်းစာလေးဖြစ်ခဲ့ပါတယ်။ 🧠🎉
ဒါ့အပြင် ခုန်ပေါက်နေရတဲ့အတွက် gross mortor အတွက်လဲအကျိုးပြုစေတဲ့အပြင်
Concentration လဲကောင်းစေပါတယ်

ဖေဖေမေမေတို့အနေနဲ့သားသားမီးမီးတို့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကိုကြည့်ရှုနိုင်ရန် pageလေးကို
Likeလုပ်ထားပေးပါ‌ရှင့်



#သင်္ချာပုံသဏ္ဍန်

27/07/2025

👶👶ကလေးလေးတွေအရောင်သင်ကြားရာမှာ
Flash cards တွေပဲပြပီးသင်ကြားနေမှာလား

😟😟ဒီလိုဆိုရင်တော့ကလေးတွေတော့ပျင်းနေတော့မှာနော်

ပျော်ရွှင်စွာနဲ့ကစားရင်းသင်ယူနိုင်မယ်ဆိုရင်
ကလေးလေးတွေအနေနဲ့ပိုပီးမှတ်မိနိုင်ပါတယ်🥳🥳

😱😱ဒါ့ကြောင့်ကျွန်မတို့ကျောင်းမှာဆိုရင်သင်ကြားနည်း‌လေးတွေကို‌ကစားနည်းလေး‌တွေပေါင်းစပ်ပီး ခုလို activities လေးတွေသုံးပီးသင်ကြားပေးနေပါတယ်ရှင့်

ပြိုင်ပွဲလေးတေဖန်တီးပေးထားတာကြောင့်အနိုင်အရှုံးသဘောတရားကိုလဲနားလည်ပြီးအားကစားစိတ်ဓါတ်ကလေးတွေကိုစတင်ပီးမွေးမြူပေးရာရောက်ပါတယ်ရှင့်

international preschool
games activities for kids
motor skills

21/07/2025

ဝါဆိုသင်္ကန်းကပ်အမှတ်တရ
🌼 ဝါဆိုသင်္ကန်းကပ်အခမ်းအနားတွင် ကျောင်းသား/သူများအတူတကွပါဝင်ကပ်လှူခြင်းပြုလုပ်ခဲ့ကြပါတယ်
🧘 ဘာသာရေးနဲ့ယဉ်ကျေးမှုကိုလေးစားထိန်းသိမ်းပြီး သံဃာ့ဓမ္မကိုလည်းဂုဏ်ပြုတဲ့တန်ဖိုးရှိသောနေ့လေးဖြစ်ခဲ့ပါတယ်

💛 ကျောင်းသား၊‌‌ေကျာင်းသူလေးတွေ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ဘာသာရေးပွဲတော်မှာ ဝိုင်းဝန်းကပ်လှူကြတာ မြင်ရတာလဲစိတ်ကြည်နူးစရာတစ်ခုပါ

ပညာရေးနှင့်ယဉ်ကျေးမှု တစ်ပြေးညီတိုးတက်စေရန်အတွက် ကျောင်းအနေဖြင့်ကြိုးစားအားထုတ်သွားပါမယ်

26/05/2025

Games activity
They can learn colors, social, and problem solving skills.

Photos from LPEC International Preschool 's post 19/05/2025

မကြာခင်ကျောင်းတေပြန်ဖွင့်တော့မှာဆိုတော့

💕💕ဖေဖေမေမေတို့‌အနေနဲ့ မိမိရင်သွေးလေးသူများတန်းတူ ကျောင်းပျော်စေချင်ရင်
ကျောင်းအပေါ်မှာ ယုံကြည်ပေးပါ။ဇွဲရှိပေးပါ။ကျောင်းမှန်မှန်ပို့ပါ။

💕ကျောင်းသားသစ် တွေ ကျောင်းမပျော်ခင် ငိုမယ် ဂျီကျမယ် ပထမရက် မှာပျော်ပြီး နောက်ရက်ငိုမယ်..တစ်ပါတ်လောက်ငိုတယ်..ကျောင်းအဝင်ငိုတယ်..စသဖြင့်ရှိကြပါတယ်...

❤️တကယ်က‌ေကျာင်း‌ေရာက်ဖို့သာအဓိကပါနော်..မိဘကျောင်းပို့ရင် ကျောင်းရောက်မယ်..ဆရာမကနည်းမျိုးစုံ ချော့မယ် ပျော်အောင်ထားမယ်။ ကျောင်းတက်လိုက် ပျက်လိုက်ဆိုရင်တော့ ကလေးက ပျော်လာမှာမဟုတ်ပါဘူး။

❤️မူကြိုဆိုတာ..ငယ်သေးတယ်ထင်ရင်မထားပါနဲ့...ကျောင်းထားပြီးရင်လည်း ပြန်မနားပါနဲ့.. ကလေး‌‌၊မိဘနဲ့ဆရာ‌ေတွ၂ခါ အပင်ပန်းမခံကြပါနဲ့နော်။..

❤️တစ်ကြိမ်တည်းနဲ့ မိဘဇွဲရှိရင်..ကလေးဆိုတာ အချိန်တန်ရင် အဆင်ပြေလာပါတယ်။...မိဘက စိတ်မချဘူး သနားမိနေရင် တော့ သူများတန်းတူဖြစ်လာမှာမဟုတ်ပါဘူးနော်။

❤️မိဘ ကသားသမီးကို ချစ်တာ သနားတာဆိုတာသိပါတယ်။အချိန်တန်ရင် သူ့အသက်ရွယ်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရတဲ့အခါမိဘက ဇွဲရှိပေးရပါမယ်။

❤️မူကြိုလေး ၃ရက်လောက်တက်ပြီး ကလေးကငိုလို့နားလိုက်တယ်။မပို့တော့ဘူး
နဲနဲ ကြာတော့ နောက်တစ်ကျောင်းသွားအပ်တယ်..အရင်ကျောင်းကိုပြန်မလာဘူး..ကလေးက အသက်ရွယ်ကြီးလာတာနဲ့အမျှ နားလည်လာပါတယ်

❤️နားလည်တဲ့အရွယ်ဆိုတော့ ဘယ်ကျောင်းတက်တက်အဆင်ပြေတာ‌ေပါ့။နဲနဲ ငယ်တုန်း ၃ ရက်လောက်လာထားပြီး ကလေးမပျော်ဘူးဆိုပြီးနားပြီး နဲနဲ ကြီးတော့ တခြားကျောင်းထားတော့ အဆင်ပြေသွားတော့ အရင်ကျောင်းက ဂရုမစိုက်သလိုဖြစ်ပြန်ရော။

❤️တစ်ကျောင်းဆို တစ်ကျောင်း ယုံယုံကြည်ကြည့်ပို့ပါ။ကျောင်းတိုင်းသူနည်း့သူဟန် ကောင်းကြပါတယ်။မိဘက သာ မအပ်ခင်သေချာရွေးချယ်ဆုံးဖြတ်ပါ။

❤️ကလေးကကျောင်းတက်ချင်လို့ဆို ကျောင်းလာအပ် လက်တွေ့ငိုတော့ မိဘက သနား..ကလေးဆိုတာ.စိတ်ထဲရှိတာပြောတာ..လက်တွေ့ကိုသူတို့မကြိုက်ဘူးအစမှာ..ကလေးကတက်ချင်လည်း မိဘက မပို့ချင်သေးရင်မပို့ပါနဲ့။

❤️မိဘက မူကြိုပို့ရမယ့်အရွယ် လို့သတ်မှတ်ပြီး ကျောင်းလာအပ်ရင်လည်း ငိုလည်းပို့ပါ။ အချိန်တစ်ခုတော့ ေစာင့်ရမှာပေါ့ရှင့်။ကလေးပျော်ဖို့ ခုကျောင်းတက် ခုကျောင်းပျော်၊ ခုစာတွေပြန်ဆိုပြ ဖြစ်စေချင်လို့မရပါဘူးနော်။

❤️လာအပ်တိုင်းသေချာရှင်းပြလည်း..တကယ်လက်တွေကျရင် မိဘကိုယ်တိုင်က
ဇွဲ့လျော့လာတာပါ။ကျောင်းတက်မယ်ပြောရင် နှိုးရခက်လို့ ၊ဂျီကျလို့ ကျောင်း းကိုနည်းမျိုးစုံနဲ့ ပိုရတဲ့အခါ မိဘက လက်လျော့ချင်လာကြပြီး ပြန်နားသွားကြတာများပါတယ်။

♥️အဓိက က မိဘပါ ငယ်သေးတယ်ထင်ရင်မထားပါနဲ့ ။ကြီးမှထားပါ။

♥️ကျောင်းအပ်ပြီးရင်လည်း ကျောင်းပျော်တဲ့အထိ ဇွဲရှိပါလို့ပဲ မေတ္တာရပ်ခံအပ်ပါသည်။

20.5.2025မှစ၍ကျောင်းအပ်လက်ခံနေပါပီရှင့်

09-446669508

Photos from LPEC International Preschool 's post 06/03/2025

LPEC International Preschoolရဲ့Gradutionပွဲလေးအောင်မြင်စွာနဲ့ပီးသွားပါပီ😍😍😍

အခုလိုပွဲလေးဖြစ်မြောက်အောင်ငွေအားရောလူအားပါအားတက်သရောကူညီပံ့ပိုးပေးခဲ့ကြတဲ့ေကျာင်းသားမိဘများကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင့်
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဝါသနာပါရာအလုပ်ကိုလုပ်ခွင့်ပေးခဲ့တဲ့မိဘနှစ်ပါးကိုလဲကျေးဇူးတင်ပါတယ်🥰🥰🥰

ဝါသနာပါတဲ့အလုပ်မို့အရှုံးအမြတ်ပဓာနမထားပဲနောက်မဆုတ်တမ်းရှေ့ဆက်ဖို့အားပေးခဲ့တဲ့သူငယ်ချင်း Khaing Wai Soe ကိုလဲကျေးဇူတင်ပါတယ်😍😍😍

ကိုယ်လုပ်ချင်တဲ့ပုံစံအတိုင်းမညည်းမညူဖြည့်ဆည်းလုပ်ကိုင်ပေးခဲ့တဲ့ kyi moeကိုလဲကျေးဇူးတင်ပါတယ်😍😍😍

ဝိုင်းဝန်းကူညီပေးခဲ့သူအားလုံးကိုလဲကျေးဇူးတင်ပါတယ်ရှင့်🥰🥰🥰

19/07/2024
Photos from LPEC International Preschool 's post 26/06/2024

Fine motor skills activities

Photos from LPEC International Preschool 's post 10/06/2024

မင်္ဂလာပါ ဖေဖေမေမေတို့ရှင့်😊😊☺️

ဒီနေ့မှာမင်မင်က မိဘတိုင်း သိထားသင့်တဲ့

ဖေဖေမေမေတို့ရဲ့ ချစ်စရာရင်သွေးငယ်လေးများကို

အသက်ရွယ်လိုက်ဖွံ့ဖြိုးမူ ကို ကြည့်ပီး

ဘယ်လိုပံ့‌ပိုးပေးနိုင်မလဲဆိုတဲ့‌ အခြေခံ

သဘောတရားများ ကို မျှဝေပေးချင်ပါတယ်ရှင့်

👇👇👇

International Preschool #

Want your school to be the top-listed School/college in Myitkyina?
Click here to claim your Sponsored Listing.

Category

Website

Address


Myitkyina

Opening Hours

09:00 - 17:00