CYBER Computer Training Centre
24/03/2026
Printer မှာ စာရွက်ညပ်တဲ့ပြသနာကိုဘယ်လိုဖြေရှင်းမလဲ❔
ရုံးမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အရေးကြီးစာရွက်ထုတ်ခါမှ Printer ထဲမှာ စာရွက်က တဝက်တပျက်နဲ့ ငြိနေပြီဆိုရင် စိတ်မလောပါနဲ့ဦး။ အတင်းအားနဲ့ ဆွဲထုတ်လိုက်ရင် Printer ရဲ့ စက်အစိတ်အပိုင်းတွေ ချို့ယွင်းသွားနိုင်ပါတယ်။ အမှန်ကန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဖြေရှင်းနည်း (၅) ဆင့်ကို မျှဝေပေးလိုက်ပါတယ်။
၁။ Printer ကို အရင်ပိတ်ပါ (Power Off)
စာရွက်ညပ်တာကို မဖြေရှင်းခင် Printer ကို အရင်ပိတ်လိုက်ပါ။ ဒါမှ စက်ထဲက Roller တွေက လွတ်လွတ်လပ်လပ် ဖြစ်သွားမှာပါ။ တစ်ခါတလေ Printer ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရုံနဲ့တင် သူဘာသာသူ စာရွက်ကို အပြင်ကို တွန်းထုတ်ပေးတတ်ပါတယ်။
၂။ စာရွက်ထည့်တဲ့ လင်ဗန်း (Input Tray) ကို အရင်စစ်ပါ
စာရွက်က အောက်ခြေနားတင် ညပ်နေတာဆိုရင် စာရွက်ထည့်တဲ့ Tray ကို အပြင်ထုတ်လိုက်ပါ။ ပြီးရင် ညပ်နေတဲ့ စာရွက်ကို အသာအယာလေး ဆွဲထုတ်ကြည့်ပါ။ အဲဒီနားမှာတင် အဆင်ပြေသွားနိုင်ပါတယ်။
၃။ အရှေ့ဘက်က မဟုတ်ဘဲ "အနောက်ဘက် (သို့) အပေါ်ဘက်" ကနေ ဆွဲထုတ်ပါ
ဒါက အရေးကြီးဆုံးအချက်ပါ။ စာရွက်ထွက်လာတဲ့ အရှေ့ဘက် အပေါက်ကနေ အတင်းပြန်ဆွဲထုတ်ရင် Printer ရဲ့ Roller တွေ ပျက်စီးနိုင်ခြေ များပါတယ်။ Printer ရဲ့ အနောက်ဘက်က အဖုံး (Rear Cover) ကို ဖွင့်လို့ရရင် ဖွင့်ပါ။ အဲဒီကနေ စာရွက်ကို မြင်ရပြီဆိုရင် လက်နှစ်ဖက်နဲ့ စာရွက်ရဲ့ ဘေးနှစ်ဖက်ကို ကိုင်ပြီး စက်သွားတဲ့ လမ်းကြောင်းအတိုင်း (အရှေ့ဘက်ကို တွန်းထုတ်တဲ့ ပုံစံမျိုး) ဖြည်းဖြည်းချင်း ဆွဲထုတ်ပေးပါ။
၄။ စာရွက်စလေးတွေ ကျန်မကျန် သေချာစစ်ပါ
စာရွက်က ပြတ်ထွက်သွားပြီး အစလေးတွေ စက်ထဲမှာ ကျန်ခဲ့ရင် နောက်တစ်ခါ ထုတ်တဲ့အခါ အဲဒီအစက ပြန်ညပ်ပါလိမ့်မယ်။ ဒါကြောင့် ဖုန်းမီးအလင်းရောင်နဲ့ သေချာကြည့်ပြီး ကျန်နေတဲ့ စာရွက်စတွေကို ဇာဂနာ (သို့) လက်နဲ့ အသာလေး ပြန်နှိုက်ထုတ်ပေးပါ။
၅။ Roller တွေကို သန့်ရှင်းရေးလုပ်ပါ
စာရွက်ခဏခဏ ညပ်နေရတဲ့ အကြောင်းရင်းက Roller တွေမှာ ဖုန်တွေ၊ မင်တွေ ပေနေလို့ပါ။ စာရွက်ထုတ်ယူပြီးတဲ့အခါ ဂွမ်းစလေးကို ရေ (သို့) အရက်ပြန် အနည်းငယ်ဆွတ်ပြီး Roller တုံးလေးတွေကို သုတ်ပေးရင် နောက်တစ်ခါ စာရွက်ညပ်တာ သက်သာသွားပါလိမ့်မယ်။
💡 Extra Tip:
စာရွက်ညပ်တာ သက်သာချင်ရင် စာရွက်တွေကို Printer ထဲ မထည့်ခင် လက်နဲ့ အသာလေး ခါထုတ်ပေးပါ (စာရွက်တွေ တစ်ရွက်နဲ့ တစ်ရွက် ကပ်မနေအောင်လို့ပါ)။ ပြီးရင် စာရွက်အရွယ်အစား (A4, Letter) နဲ့ လိုက်ဖက်တဲ့ Guide လေးတွေကိုလည်း သေချာညှပ်ထားပေးဖို့ မမေ့ပါနဲ့ဦး။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyihtaungsu Road, Myemyint (330)/Street 11/12
Myitkyina
1988710
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |