Naushawng Development Institute

Naushawng Development Institute

Share

24/02/2026

📖 Hpaji hte seng ai Sawkgawn (Education Research) 2026 ning na shawkshawn laika mai shawk sai.

🔔Naushawng Development Institute proudly announces that the application for the Educational Research program is now open.

🤗 Shawkshawn laika hpe shawk wa na ni gaw;
To be eligible for this program, applicants must;
🔹Asak 18 hte lahta rai ra na.
(Be aged 18 and above)
🔹Sawkgawn laika ka ga ai wa rai ra na.
(Have solid experience in research)
🔹Hpaji masa lam sawkgawn hkaja hpe myit lawm ai wa rai ra na.
(Be strongly interested in education research & education issues)
🔹Sawkgawn hkaja ten, tatut galaw ai ten ni hta nhprai ai sha
shanglawm galaw lu ra na.
(Actively participate in training/ workshop activities)
🔹Wunkat yawng hpe atsawm shanglawm hkaja lu ai wa rai ra na.
(Give full-time until the completion of the training)
🔹Kachin State kaw nga ai wa rai ra na.
(Currently live in Kachin State)

⌛Deadline: 25 March 2026
👉Interview: 2nd Week of April
🔊Result Announcement: 4th Week of April

Matut mahkai:
📞09791375103/ 09772027315
📨 [email protected]
Matsing: Rung Ten laman matut mahkai la mai ai

📑 Application Form hpe Naushawng Rung/ Google Link kaw mai la sai

Google Link 👇
https://docs.google.com/document/d/1J54jn9gS5QMPQP8VmjDAz3QFLWTdy5h0/edit?usp=sharing&ouid=107786954256989261741&rtpof=true&sd=true

03/02/2026

Deadline Extended to Feb 22, 2026

လူငယ် စီးပွားဖွံ့ ဖြိုးတိုးတက်ရေး စွမ်းရည်မြှင့်သင်တန်း

"ဤသင်တန်းကို Naushawng Development Institute (NDI) မှ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ၊ ခေါင်းဆောင်မှုပိုင်းတွင် လူငယ်များခေါင်းဆောင်မှု စွမ်းရည်ပိုမို မြှင့်မားလာ စေနိုင်ရန်အတွက် ရည်ရွယ်၍ လူငယ် စီးပွားဖွံ့ ဖြိုးတိုးတက်ရေး စွမ်းရည်မြှင့်သင်တန်း ကို[ရက်ပေါင်း 11 ရက်ကြာ] ဖွင့်လှစ် ပို့ချပေးမည်ဖြစ်ပါသည်။

သင်တန်းဆိုင်ရာအချက်အလက်များ

***မည်သူများလျှောက်ထားနိုင်သနည်း***

✅အသက် (၁၈-၃၀) နှစ်ကြားလူငယ်များဖြစ်ရမည်။
✅ မူးယစ်ဆေးဝါးကင်းရှင်းသူ၊ အကျင့်စာရိတ္တနှင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
✅တက်တက်ကြွကြွပူးပေါင်း လုပ်ဆောင်တတ်သူဖြစ်ရမည်။
✅သင်တန်းရက် (11) ရက်အချိန်ပြည့် ပြီးမြောက်အောင် တက်ရောက်လေ့လာနိုင်သူဖြစ်ရမည်။
✅မိမိဒေသတွင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် စေရန်အလိုငှာ မိမိ၏ပင်ကိုယ် အရည်အသွေးမြှင့် တင်ရန် စိတ်အားထက် သန်သောသူ ဖြစ်ရမည်။
✅တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖူးသူ (သို့မဟုတ်) လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ရမည်။
✅အခြေခံပညာအထက်တန်း အဆင့်တတ်ရောက် ဖူးသူဖြစ်ရမည်။

ℹ️သင်တန်းကြေး အခမဲ့ ဖြစ်သည်။ သို့သော် Application fee အနေဖြင့် နှစ်သိန်းကျပ် ထည့်သွင်းရမည်။

🆓နယ်ဝေးမှ တတ်ရောက်သော သင်တန်းသူ/သားများ အတွက် တည်းခိုစရိတ်၊ အစားအသောက်၊ ခရီးသွားလာရေးစရိတ်များကို သင်တန်းမှထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

📅သင်တန်းကာလ - မတ်လ ၂ - ၁၃၊ ၂၀၂၆ (၁၁ ရက်)

🕒သင်တန်းချိန်- မနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီထိ ကြာမြင့်မည်ဖြစ်သည်။
📅သင်တန်းလျှောက်လွှာကို ၂၀၂၆ ခုနှစ်၊ ဖော်ဖဝါရီ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

📍သင်တန်းကို မြစ်ကြီးနားတွင် ဖွင့်လှစ်သင် ကြားသွားမည် ဖြစ်ပါသည်။

🔗သင်တန်းလျှောက်လွှာကို အောက်ပါ google link (https://forms.gle/psDm8HmLtwcw5rXt8 ) မှ တစ်ဆင့်သော်လည်းကောင်း Naushawng Development Institute ရုံးနှင့် Naushawng College တွင် လာရောက်လျှောက်ထားနိုင်ပါသည်။


သင်တန်းအကြောင်း အသေးစိတ်ဆက်သွယ်မေးမြန်းလိုလျှင်
☎️09 258048974, 09250715157 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။

📍ကနဦးရွေးချယ် ခံရသူများကိုသာ အင်တာဗျူး ခေါ်ယူစစ်ဆေးပါမည်။

Photos from Naushawng Development Institute's post 19/08/2025

📣 အင်တာဗျူးတွင် ပါဝင်ခွင့်ရရှိသူစရင်း ထုတ်ပြန်ခြင်း
“Hospitality & Hotel Management Training” ဟိုတယ်နှင့်စီမံခန့်ခွဲရေးသင်တန်း”

🗓️ နေ့ရက်- ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့
📍 နေရာ - နောင်ရှောင်ရုံး၊ စီတာပူ၊ မြစ်ကြီးနားမြို့
🕧 အချိန် - အောက်ဖေါ်ပြပါ အချိန်ဇယားအတိုင်း

** ဖုန်းဖြင့်မေးမြန်လာမည့် စရင်ဝင်များသည် အချိန်နှင့်တစ်ပြေညီ ဖုန်းအနားရှိနေပေးပါရန်
** အင်တာဗျူးရက်တွင်လာရောက်ခြင်းမရှိလျှင် ထပ်မံလက်ခံအင်တာဗျူးပေးခြင်း မရှိသောကြောင့်သတ်မှတ်ထားသောရက်နှင့်အချိန်တွင် လာရောက်ပါရန် လေးစာစွာဖြင့်အသိပေးအပ်ပါသည်။

☎️ဆယ်သွယ်ရမည့် ဖုန်းနံပါတ်
09440637218/ 09259152611
Viber No- 09259152611

Photos from Naushawng Development Institute's post 24/07/2025

Vocational Education Program "Hospitality & Hotel Management Training" ဟိုတယ်နှင့်စီမံခန့်ခွဲရေးသင်တန်းကို Naushawng Development Institute ရှိ Education Development Department မှ မကြာမှီမှာ စတင်ဖွင့်လှစ်တောမည့်ဖြစ်ကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

📑 သင်ကြား‌ပေးမည့် ဘာသာရပ်များ
* Introduction to Hospitality & Tourism
* Communication & Customer Service
* Complaint Handling & Handover Process
* Personal Grooming & Hygiene
* Front Office & Housekeeping
* Food & Beverage
* Promotion and Selling

🤔 ဘယ်သူသင်ပေးမှာလဲ
ဟိုတယ်နှင့်စီမံခန့်ခွဲရေးနယ်ပယ်မှာ လက်မှတ်ရထားတဲ့ အတွေ့အကြုံရှိဝါရင့်ဆရာမဖြစ်တဲ့ ဆရာမပန်းအိမွန်နှင့် ဆရာ/မများက သင်ကြားပို့ချပေးမှာဖြစ်ပါတယ်

📝 ဘယ်သူတွေလျှောက်ထားနိုင်ပါသလဲ
အသက်မွေးဝမ်းကြောင်းပညာရပ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက် ၁၈ နှစ် မှ ၃၅ နှစ် လူငယ်လူရွယ်တိုင်းလျှောက်ထားနိုင်သည်။ ပညာအရည်အချင်း အနည်းဆုံး နဝမတန်း (Grade 9) နှင့်အထက် ရှိထားသူဖြစ်ရမည်။

👉 သင်တန်းပို့ချမည့်ရက်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် မှ၂၀ရက်နေ့ထိ

👉 အလုပ်သင် လက်တွေ့လေ့ကျင်မူ
စက်တင်ဘာလ၊ ၂၂ ရက်မှ အောက်တိုဘာလ ၁၃ရက်ထိ

🎯 လျှောက်လွှာတင်နောက်ဆုံးရက်(Deadline)
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ထိ

အခမဲ့သင်တန်းဖြစ်ပြီး လူဦးရေအကန့်အသတ်ရှိဒါမို့ မြန်မြန်လေးလျှောက်ကြပါစို့ 🤗

သင်တန်းလျှောက်လွှာပုံစံ ရယူရန်
နောင်ရှောင်ရုံးချုပ် (သို့) Google Link မှလည်းကောင်းရယူနိုင်ပါပြီ 👇
https://drive.google.com/drive/folders/15xYHi5_wT7Zhj9MQezh2nf30Af-vT_69

Want your university to be the top-listed University in Myitkyina?
Click here to claim your Sponsored Listing.

Address


NR-234, Nyein Chan Yae Road And Ngwi Pyaw Street Corner, ShatapruStreet
Myitkyina